Category: News
-

ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ
ဧရာဝတီတိုင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းဝင်းအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ရာတွင် အထိုးခံရသူ ကျောင်းသားဟောင်းမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထိုးခံရနှင့်ရင်းနှီးသူထံမှ သိရသည်။ ဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ ကျောင်းသားဟောင်းသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။ ထိုးနှက်ခံရမှုကြောင့် ဦးနှောက်သွေးယိုမှု၊ နှာခေါင်းရိုးကျိုး၊ လည်ပင်းရိုးကျိုး စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ယနေ့အထိ သတိလစ်နေဆဲဖြစ်ကြောင်း သိရသည်။ “ကျွန်တော့်သူငယ်ချင်းက သူ့ကျောင်းဟောင်းက ကျောင်းမှာအမှတ်စာရင်းသွားထုတ်တယ်။ အဲဒီမှာ တတိယနှစ်ကျောင်း သားရဲ့ ရည်းစားဟောင်းအကြောင်းကို စလိုက်တယ်။ အဲ့ဒါကို စိတ်ဆိုးသွားပြီးတော့ တိုင်နဲ့ခေါင်း ညှပ်ကန်လိုက်တာ။ အသေ သတ်မယ်ဆိုပြီး အောက်ထပ်မှာ ဒုတ်သွားယူလိုက်တော့မှ လူတွေသိကုန်တယ်။ ပုသိမ်ဆေးရုံပို့ကတည်းက…
-

Murder at the Embassy
Murder at the Embassy (2025) ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးက ၁၉၃၄ ခုနှစ် အီဂျစ် ကိုင်ရိုမြိုကို အခြေတည်ရိုက်ကူးထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ကို ရောက်နေကြတဲ့ လူငါးယောက်ဟာ သံရုံးထဲက လူသတ်မှုအတွက် သံသယရှိသူတွေ ဖြစ်သွားခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ တစ်ခါမြင်ရင် ဘယ်တော့မှ မမေ့တော့တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ စုံထောက်မလေး မီရန်ဒါကလည်း အီဂျစ်ကို ရောက်နေခဲ့ရင်း ဒီအမှုကို ဖြေရှင်းဖို ကြိုးစားတဲ့အခါမှာတော့… ရှင်းလေ ရှုပ်လေဖြစ်လာတဲ့ အမှုနဲ့ တစ်စထက်တစ်စ ပိုမို ရှုပ်ထွေးလာတဲ့ နိုင်ငံရေး လှည့်ကွက်တွေအကြား စုံထောက်မလေး မီရန်ဒါ တစ်ယောက် အမှုကို ဘယ်လို ဖြေရှင်းသွားမလဲ… လူသတ် တရားခံအစစ်ကရော ဘယ်သူများလဲဆိုတာကို ဆက်လက် ကြည့်ရှုပေးကြဦး။
-

တောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ
ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ တရားခံ မောင်ခိုင် (ခ) ဇော်ခိုင် ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် တောင်ငူခရိုင် တရားရုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ (၁)အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” တရားခံကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ စွဲချက်နှစ်ခုတင်ခဲ့တော့ ၃၇၆ ပုဒ်မတခုကိုထဲကိုပဲ ပြစ်ဒဏ်တွေ ထပ်ထပ်ချလိုက်တာ လို့သိရတယ်။ အဲဒါကြောင့် ပုဒ်မက တခုတည်းနဲ့ ထောင်ဒဏ် နှစ်…
-

ရန်ကုန်တွင် ပါဝါအိတ်ဇောတပ် ယာဥ်များကို အရေးယူမည်
ပါဝါအိတ်ဇောတပ်တဲ့ ယာဥ်တွေနဲ့ တပ်ဆင်၊ ရောင်းချတဲ့ဆိုင်တွေကို ဒီဇင်ဘာလကစပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီရဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ကြေညာထားပါတယ်။ ရန်ကုန်တိုင်းအတွင်း အများပြည်သူသွားလာတဲ့ လမ်းများပေါ်မှာ ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကားနဲ့ မော်တော်ဆိုင်ကယ် မောင်းနှင်အသုံးပြုတဲ့သူကို တလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နောက်တကြိမ် ထပ်မံကျူးလွန်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပါဝါအိတ်ဇောရောင်းချတဲ့ ဆိုင်တွေ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးတဲ့ ဝပ်ရှော့တွေကိုလည်း သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေနဲ့ အရေးယူခံရမယ်လို့ ထည့်သွင်း အသိပေးထားပါတယ်။ အဲဒီလို ပါဝါအိတ်ဇောတပ်ယာဥ်တွေကို စစ်တပ်အရာရှိတွေ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့…
-

စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး
ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး လွတ်မြောက်နေသူ စီးပွားရေးသမား ရဲမင်းလွင်မှာ အေးနေဝင်း အပါအဝင် စစ်တပ်ဘက်တော်သားများနှင့်ရင်းနှီးသူဖြစ်ပြီး နွေဦးတော်လှန်ရေးကို ဝေဖန်ပုတ်ခတ်နေသူဖြစ် စစ်တပ်က ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိ၍ ဟုဆိုကာ ပို့ကုန်တင်ပို့သူ လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီးလိုက်ပြီး တချို့မှာ လွတ်မြောက်သွားကြောင်း စစ်တပ်က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။ ရန်ကုန်အခြေစိုက် Maha Nadi International Co.,Ltd. မှ ဒါရိုက်တာများဖြစ်သော ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့မှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့…