Category: News

  • ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ

    ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ

    မြောက်ဥက္ကလာတွင် စစ်တပ် ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ မှု အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၌ တရားမ၀င် ရွေးကောက်ပွဲအတွက် အစွမ်းကုန် ကူညီပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ရောက်ရှိနေချိန် ပြင်းအားမြင့် မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့ဖြင့်…

  • ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကအကျအဆုံးအထိအခိုက်များနေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကအကျအဆုံးအထိအခိုက်များနေ

    “ရက်ပေါင်း ၃၀ရက်(သို့မဟုတ်) ၄၅ရက်သင်တန်းပေးပြီး ရှေ့တန်းသို့ပို့နေသဖြင့် လူသစ်များကျဆုံးမှုများနေဟုဆို” ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြီး ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်မှုထမ်းများကို ရက်ပေါင်း ၃၀ ရက် (သို့မဟုတ်) ၄၅ ရက် သင်တန်းပေးပြီး ရှေ့တန်းသို့ ပို့နေသဖြင့် လူသစ်များ ပိုပြီးကျဆုံးမှုများနေသည်ဟု သတင်းရရှိသည်။ အထူးသတင်းတပ်ဖွဲ့- ပုသိမ်၏ နိုဝင်ဘာ ၁၈ ရက်နေ့ထုတ်ပြန်ချက်ထဲတွင် အနောက်တောင်တိုင်းစစ်ဌာချုပ် (နတခ) တွင် ဒဏ်ရာရတပ်သားအလွန်များပြားနေသဖြင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံသို့ပို့ဆောင်နေရသည်ဟု ရေးသားဖော်ပြထားသည်။ “ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီနှင့် AA မဟာမိတ်, PDF များ ထိတွေ့တိုက်ပွဲများ နေ့စဉ်အမျှဖြစ်ပေါ်နေပြီး နတခမှ ဒဏ်ရာရတပ်သား အလွန်များပြားနေကာ မဆရ(၄) ဆေးရုံတွင်…

  • အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး

    အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး

    မြန်မာနိုင်ငံက ကျရှုံးနိုင်ငံဖြစ်နေပြီး ကမ္ဘာ့ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကာ အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်၊ တရားမျှတလိမ့်မည်ဟု ဆိုခြင်းမှာ စိတ်ကူးယဉ်သာ ဖြစ်လိမ့်မည်ဟု ထောက်ပြ မြန်မာနိုင်ငံက ကျရှုံးနိုင်ငံတော်ဖြစ်နေပြီး ကမ္ဘာ့ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကာ မြန်မာအကြမ်းဖက် စစ်တပ်က အမေရိကန်နိုင်ငံသားများထံမှ ကျားဖြန့်လုပ်ငန်းများမှတစ်ဆင့် ဒေါ်လာဘီလီယံချီ ခိုးယူနေကြောင်း အမေရိကန် အောက်လွှတ်တော်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် လွှတ်တော်အမတ်များနှင့် ကော်မတီဥက္ကဋ္ဌများက ထုတ်ဖော်ပြောဆိုကြသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်အောက်လွှတ်တော်တွင် “No Exit Strategy: Burma’s Endless Crisis and America’s Limited Options” “ထွက်ပေါက်မရှိသော မဟာဗျူဟာ- မြန်မာနိုင်ငံ၏…

  • ဗန်းမော်တိုက်ပွဲမှာ မင်းကင်း PDF ဒု-တပ်ရင်းမှူးအပါ ၁၄ ဦးကျဆုံးခဲ့

    ဗန်းမော်တိုက်ပွဲမှာ မင်းကင်း PDF ဒု-တပ်ရင်းမှူးအပါ ၁၄ ဦးကျဆုံးခဲ့

    ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ ဒု−တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှ သိရသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် ဧပြီလတွင် စတင်ပါဝင်တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းအထိ ခြောက်လကျော် တိုက်ပွဲကာလအတွင်း အဆိုပါတပ်ရင်း၏ ဒု−တပ်ရင်းမှူး၊ တပ်စိတ်မှူး၊ တပ်စုမှူးအပါအဝင် ရဲဘော်များ သေဆုံးခဲ့ခြင်းဖြစ်သည်။ ဒုတပ်ရင်းမှူးနှင့် ရဲဘော်တစ်ဦးသည် အောက်တိုဘာလဆန်းပိုင်းတွင် ဗန်းမော်မြို့ထဲသို့ တပ်ဖွဲ့ဝင်များကို စစ်ဆေးရန်သွားချိန် စစ်ကော်မရှင်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တပ်မှသိရသည်။ အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်းမှူးသည် အားကစားနှင့် ကာယပညာဦးစီးဌာနမှ CDM ဝန်ထမ်း တစ်ဦးဖြစ်ပြီး…

  • ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

    ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

    ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား မကွေးတိုင်း ပခုက္ကူနည်းပညာတက္ကသိုလ်က တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ပခုက္ကူနည်းပညာတက္ကသိုလ် တာဝန်ခံကျောင်းအုပ်ကြီး ဒေါက်တာ မြမြမွှေး နဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် ၊ နည်းပညာတက္ကသိုလ် အမှုတွဲထိန်းဖြစ်သူ ဦးသန်းလွင် နဲ့ တူတော်စပ်သူ ကိုမင်းကိုချစ် ဆိုသူတို့ ဖြစ်ကြောင်း သိရပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲကို တက်ရောက်ပြီးနောက် ရေစကြိုမြို့ကို ကားနဲ့ပြန်လာစဥ် လမ်းမှာ လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ၊ ဖမ်းဆီးခံရပြီးကတည်းက အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ” သူတို့စီးသွားတဲ့…