Category: News

  • အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေး

    အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေး

    အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေးကို ကယ်ဆယ်နိုင်ခဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လကဘန်မြို့နယ်၊ ခလောင်ဆောင်တွန်းရပ်ကွက်မှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးငယ်တဦးကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၁ နာရီမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီကလေးငယ်ဟာ မွေးကင်းစမိန်းကလေးဖြစ်ပြီး အဆောက်အဦတခုရဲ့ တတိယထပ်ရှိ အိမ်သာရေဆွဲခွက်အတွင်း စွန့်ပစ်ခံထားရတာဖြစ်ပြီး သတင်းပေးပို့ချက်အရ လကဘန်ရဲတပ်ဖွဲ့မှ သွားရောက်စုံစမ်းစစ်ဆေး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးချက်တွေအရ ကလေးငယ်ဟာ အသက်ရှင်လျက်ရှိနေသေးတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ယူကာ ကလေးငယ် ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Ref: Matichon , Khaosod

  • ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွား

    ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွား

    ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး၊ အိမ်နီးချင်းများ၏ အကူအညီတောင်းခံမှုဖြင့် ရဲတပ်ဖွဲ့က တရားခံ ခင်ပွန်းဖြစ်သူအား ဖမ်းဆီးရမိ သတင်းအပြည့်အစုံ မဲဆောက်၊ ထိုင်း – စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်က မဲဆောက်မြို့အနီးရှိ မဲ့လမတ်-တာ့ကျေးရွာတွင် အိမ်ထောင်သည် မြန်မာလူမျိုးအမျိုးသားတစ်ဦးက ၎င်း၏ဇနီးဖြစ်သူ​ မြန်မာအမျိုးသမီးအား သဝန်တိုစိတ်ဖြင့် ရက်ရက်စက်စက် ဓားဖြင့်အချက် ၃၀ ထိုးသတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။ သေဆုံးသူ နှင်းအိဖြူ (၃၂ နှစ်) သည် ခင်ပွန်းဖြစ်သူ ခန့်ကျော်ထူး (၂၃ နှစ်) နှင့်အတူ သုံးခန်းတွဲအိမ်ခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်ကြပြီး၊ နှင်းအိဖြူသည် အနီးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သူဖြစ်သည်။ ဖြစ်ပွားသည့်နေ့က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် “ကယ်ကြပါ”…

  • KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့

    KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့

    KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့ စျေးကွက်တွင် ဒေါ်လာ ၁ သိန်းမှ ၁ သန်းအထိ စျေးရ အောက်တိုဘာလမှစတင်ပြီး မြန်မာစစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ နာမည်ဆိုးနှင့် ကမ္ဘာကျော်သော KK Park ကျားဖြန့်ဝင်းအား စီးနင်းဖောက်ခွဲဖျက်ဆီးနေရာ ထွက်ပြေးလွတ်မြောက်လာ သူများစွာရှိသလို ပြန်လည်ရှင်းလင်းပြောပြမှုများအရ ထိုဝင်းအတွင်းလူကိုယ်တွင်းအင်္ဂါများ ထုတ်ယူကာ မှောင်ခိုစျေးကွက်အတွင်းသို့ ရောင်းချရာတွင် ခွဲစိတ်ထုတ်ယူသည့် အထူးကုဆရာဝန်များ၊ ဆေးရုံအဆောင်များရှိခဲ့သည်ဟု သိရသည်။ ယင်းကျားဖြန့်ဝင်းအတွင်း အထင်ရှားဆုံးသော လူကိုယ်တွင်းအင်္ဂါ ထုတ်ယူရောင်းစားသည့် ကိစ္စများထဲ ဘီလာရုစ်သူ ဗဲရာကရက်ဗ်ဆိုဗာနှင့် ကင်ညာသူ ဂရေစ်မာတာတို့ကိစ္စများဖြစ်ခဲ့သည်။ အသက် ၂၆ နှစ်ရှိပြီဖြစ်သော ငယ်ရွယ်ချောမောသည့် ဘီလာရုစ်နိုင်ငံသူ အဆိုတော်မလေး ဗဲရာသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂…

  • ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဗုံးကြဲလုပ်ကြံဖို့ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေ ကြိမ်းဝါး

    ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဗုံးကြဲလုပ်ကြံဖို့ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေ ကြိမ်းဝါး

    ရခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့ အာရက္ခတပ်တော် (AA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိတဲ့နေရာတွေကို လေကြောင်းကနေဗုံးကြဲပြီး တပ်တခုလုံးကိုပါ အမြစ်ဖြတ်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက ကြိမ်းဝါးနေပါတယ်။ မြန်မာစစ်တပ် စစ်ရှုံးနေတဲ့အချိန်မျိုးတွေမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကြီးတွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်ဖို့ လူမှုကွန်ရက်မှာ ထွက်ပြောလေ့ရှိတဲ့ သူက ရှမ်းမြောက်မှာ အပစ်ရပ်ပေမယ့် ရခိုင်က ထိုးစစ်တွေ ဆက်ရှိနေချိန် တစ်တော့လူမှုစာမျက်နှာကနေ အခုလိုပြောဆိုလာတာပါ။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဟု ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ၊ အမတ်လောင်း ဘူးလက်လှဆွေ ကြွေးကြော် အာရက္ခတပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဖြစ်ကြောင်း…

  • မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲ

    မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲ

    ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ စကစတွေ AA လက်နက်ကြီးကြောင့် အစုလိုက် အပြုံလိုက် သေဆုံး ကျောက်ဖြူမြို့နယ်၊ မင်းပြင် မိုးလေဝသရေဒါစခန်းမှာ ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စကစတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။ AA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်လာပြီး သူတို့ သိမ်းပိုက်နိုင်ကြောင်း ဝါဒဖြန့်ဖို့အတွက် တန်းစီဓာတ်ပုံရိုက်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တယ်လို့ ရခိုင်ဒေသသတင်းမီဒီယာတွေနဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာလည်း မင်းပြင်ရွာရှိ မိုးလေဝသရေဒါစခန်း ရှေ့မှာ တန်းစီဓာတ်ပုံရိုက်နေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့တာ တွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သော်လည်း သေဆုံးထိခိုက်မှု အသေးစိတ်အခြေအနေတွေနဲ့ ဘယ်လိုမျိုး…