Category: News
-

လေးရက်အတွင်း မတ္တရာနယ် စစ်ရှောင်ပြည်သူ ၃၀ ခန့် သေဆုံး
လေကြောင်းတိုက်ခိုက်မှုကြောင့် လေးရက်အတွင်း မတ္တရာနယ် စစ်ရှောင်ပြည်သူ ၃၀ ခန့် သေဆုံး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လေးရက်အတွင်း ပြည်သူ ၃၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မြို့ရဲ့ မြောက်ဘက်က ကျေးရွာတွေကို အင်အား ၄,၀၀၀ ကျော်သုံးပြီး စစ်တပ်က ထိုးစစ်ဆင်နေတာမို့ ဒေသခံ သိန်းနဲ့ချီပြီး စဉ့်ကူးမြို့နယ်ဘက်ကို ထွက်ပြေးနေကြရတာလို့ သိရပါတယ်။ အဲဒီနောက် ဒီလနိုဝင်ဘာအတွင်းမှာ စစ်တပ်က ဆက်တိုက် စဉ့်ကူးမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူ သေဆုံးမှုတွေဆက်တိုက်ဖြစ်နေတာလို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့ မနက်အထိ စဉ့်ကူးမြို့နယ်အတွင်းကို လေကြောင်းတိုက်တယ်။ စစ်ရှောင်တွေက သေမယ့်နေ့ကို ထိုင် စောင့်နေရသလိုပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လူထုနွေဦးက ရရှိထားတဲ့ အချက်အလက်တွေအရ…
-

ကြံ့ခိုင်ရေးမဲဆွယ်ပွဲသို့ မဖြစ်မနေလာရန်ခေါ်သည့် အလုပ်အမှုဆောင်အမျိုးသမီး ဓားခုတ်ခံရ
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း စည်းရုံးရေးပွဲကို မဖြစ်မနေလာရမယ်လို့ ဖိအားပေးခဲ့တဲ့ ပါတီအလုပ်အမှုဆောင်အမျိုးသမီးတယောက် နိုဝင်ဘာ ၁၄ ရက်က ဓားနဲ့ခုတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရွှေကျင်မြို့နယ်၊ အနောက်တောင်ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး ကျေးရွာအလုပ်အမှုဆောင် အမျိုးသမီးက တအိမ်တယောက် မဖြစ်မနေလာရမယ်လို့ ဖိအားပေးခေါ်ခဲ့တာကြောင့် ကျေးရွာထဲက အမျိုးသားတယောက်က ဓားနဲ့လိုက်ခုတ်ခဲ့တာလို့မြိုခံတယောက်က ပြောပါတယ်။ “မနေ့က ရွှေကျင်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးဆင်းတယ်။ အလုပ်အမှုဆောင်အမျိုးသမီးက ရွာသားတွေကို မလာမနေရပုံစံမျိုးနဲ့ဖိအားပေးခေါ်တယ်။ ဒါကို မကျေနပ်တဲ့ ရွာသားတယောက်က ဓားနဲ့လိုက်ခုတ်တာ။ အဲဒီအမျိုးသမီးလည်း ဒဏ်ရာရသွားတယ်။ ဓားနဲ့ခုတ်တဲ့သူလည်း အဖမ်းခံလိုက်ရတယ်။ ရွှေကျင်မှာ ကြံ့ခိုင်ရေးကို ဘယ်သူမှလက်မခံတာ” လို့ ပြောပါတယ်။ ဒဏ်ရာရရသူဟာ ကြံ့ခိုင်ရေးပါတီရဲ့ အလုပ်အမှုဆောင် ဒေါ်အမာစိန်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေက ဖိတ်ခိုင်းလို့ အနောက်တောင်ကျေးရွာထဲမှာ စစ်သား၊…
-

ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး
AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်များ က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ယင်းနောက် AA က မင်းပြင်ရွာစခန်းမှ…
-

-

မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ)
KNU တပ်မဟာ ၄ မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ) ထိုင်း-မြန်မာနယ်စပ်ရှိ KNU တပ်မဟာ ၄ နယ်မြေမှ မောတောင်မြို့တိုက်ပွဲအတွင်းတွင် တော်လှန်ရေးပူး ပေါင်းတပ်များမှ စစ်ကောင်စီတပ်သား ၄၀ ကျော်ဖမ်းဆည်းရမိခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်သည်။ Video – Tin Lin Aung