Category: News
-

ဟစ်တလာသည် လိင်တံသေးသည့် “နတ်ကွပ်” ဖြစ်နိုင်ဟု DNA ဆန်းစစ်ချက် ထွက်ပေါ်
နာဇီအာဏာရှင် ဟစ်တလာဟာ ဝှေးစေ့တလုံးတည်းရှိတဲ့ “နတ်ကွပ်” ဖြစ်နိုင်တဲ့အပြင် Micropenis လို့ခေါ်တဲ့ လိင်တံသေးငယ်တဲ့ ရောဂါလက္ခဏာပါ ရှိနိုင်တယ်လို့ DNA လေ့လာမှုတခုက ဖော်ပြပါတယ်။ ဆေးပညာအရ သူ့မှာ လိင်အင်္ဂါဖွံ့ဖြိုးမှုကို ဟန့်တားတဲ့ ကဲလ်မန်းဆင်ဒရုန်း (Kallmann syndrome) ဆိုတဲ့ ရှားပါးမျိုးဗီဇရောဂါ ရှိနေနိုင်ပြီး ဒီရောဂါရှိသူ ၁၀ ရာခိုင်နှုန်းဟာ လိင်တံသေးငယ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ၁၉၄၅ ခုနှစ်တုန်းက ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ မြေအောက်ဗုံးခိုကျင်းထဲက ဆိုဖာကနေ အမေရိကန်ဗိုလ်မှူးကြီးတယောက် ဖြတ်တောက်ယူထားတဲ့ သွေးပေနေတဲ့ အဝတ်စကနေ DNA ရယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉၂၃ ခုနှစ် ဆေးစစ်ချက်မှာလည်း ဟစ်တလာဟာ နတ်ကွပ် ဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။ သုတေသနကို ဦးဆောင်တဲ့…
-
ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ
MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ် လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံရေး ပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAAကလည်းသီပေါတံတားကိုပိတ်ပစ်တယ်။ MNDAAက ပိတ်တော့စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။ သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးလို့ ဒေသခံအချို့ကပြောပါတယ်။ တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA က…
-

နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်
စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားလို့ ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က နိုဝင်ဘာ ၁၂ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားခဲ့တာကြောင့် ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နိုဝင်ဘာလ ၁၄ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီကင်းစခန်းမှာ စစ်အုပ်စုတပ်တွေက နှစ်နှစ်ခန့် တပ်စွဲနေထိုင်နေပြီး နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပါတယ်။ ကင်းစခန်းမှာရှိနေတဲ့ စစ်အုပ်စုတွေဟာ စစ်ကြောင်းသုံးကြောင်းနဲ့ နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးထွက်ခွာသွားချိန်မှာ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PLA က ဆိုပါတယ်။ “ရမည်းသင်းမြို့နယ်မှ စစ်ကြောင်း တကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းမှ စစ်ကြောင်းတကြောင်း၊ အခြေပြုစခန်း နှစ်ခုမှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း…
-

မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
ထိုင်း- မြန််မာနယ်စပ်ကုန်သွယ်ရေးမြို့တမြို့ဖြစ်သည့် မောတောင်မြို့အား လေးရက်ခန့် တိုက်ခိုက်ပြီးနောက် မြို့ဧရိယာအားလုံးအား တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်များက ပြောသည်။ မောတောင်မြို့အား ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခြင်းဟု သိရသည်။ စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းတပ်အချို့ အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ခြင်းရှိပြီး ၂၀ ဦးထက်မနည်းမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသွားကြောင်း သိရသည်။ “သိမ်းနိုင်ပါပြီ။ အသေးစိတ်ကိုတော့ တော်လှန်ရေးပူးပေါင်းတပ်ကပဲ သတင်းထုတ်ပြန်ပါလိမ့်မယ်ဗျ” ဟု NUG တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက အတည်ပြုသည်။ “အခု အောက်ဘက် မြေပြင်မှာ တိုက်ခိုက်တာတော့ သိပ်မကြားရတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့တော့ ကြားတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ” ဟု မောတောင် သတင်းရင်းမြစ်ကလည်း အတည်ပြုပြောကြားသည်။ တိုက်ပွဲအတွင်း စစ်လက်နက်၊…
-

ဒီနေ့ဖြစ်သွားတာပါ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား
ဒီနေ့ဖြစ်သွားတာပါ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား ညီမ ကောင်လေး Foodpanda သွားပို့တာ ကမာရွတ်ရဲစခန်းက လိုင်းပေါ်ကမှာလို့ 85000 အရက် ဟိုရောက်တော့ အရက်ပုလင်းယူပြီး ပိုက်ဆံမရှင်းပေးပါဘူး တနေ့လုပ်မှ တနေ့စားရတဲ့ ပြည်သူ Foodpanda အလုပ်သမားလေးကို သူတို့မို့လို့ လုပ်ရက်တယ် သူ့ရဲ့ ဖုန်းနံပါတ်နဲ့ နာမည်လည်း သိပါတယ် ဖုန်းခေါ်ရင်လည်း စက်ပိတ်ပြစ်လိုက် ပြန်ချပြစ်လိုက်နဲ့ ဂိတ်ဝကို ဝင်တောင်းဖို့ပြောတော့ ဂိတ်စောင့် အသက်ကြီးကြီး ဦးလေးကြီးကလည်း ဇယားတွေ လာမရှုပ်နဲ့ပြောပါတယ် သူတို့အတွက် 85000က ဘာမှမဟုတ်ဘူးထင်နေတာ ညီမတို့မှာ တနေ့ စက်ဘီးနင်းမှ တနေ့ ထမင်းစားရတာပါ လုပ်ရက်လိုက်တာ အဲ့ဒါ ဘယ်လိုမှ ပြန်တောင်းလို့ မရနိုင်ဘူးလား အကြံပေးကြပါအုံးရှင် တကယ် 85000 က ညီမတို့အတွက် ဘဝကြီးပါ အရှက်တရားဆိုတာ နည်းနည်းမှ…