Category: News

  • အာဏာသိမ်း ဗိုလ်ချုပ်များ ဦးဆောင်သော USDP က မြန်မာပြည် ချမ်းသာကြွယ်ဝရေးကို ၅ နှစ်အတွင်း အပြီးလုပ်မည် ဟု ကတိပေး မဲဆွယ်နေ

    အာဏာသိမ်း ဗိုလ်ချုပ်များ ဦးဆောင်သော USDP က မြန်မာပြည် ချမ်းသာကြွယ်ဝရေးကို ၅ နှစ်အတွင်း အပြီးလုပ်မည် ဟု ကတိပေး မဲဆွယ်နေ ဧရာဝတီတိုင်းမ် အောက်တိုဘာ ၂၉ ရက် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ (USDP) သည် ၎င်းတို့၏ စစ်ဝတ်စုံချွတ် အရာရှိကြီးများ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်ချက်အပြည့်ဖြင့် “အစိုးရ သက်တမ်းတစ်ခု အတွင်းမှာ ပြည်တွင်းလိုအပ်ချက် အားလုံးကို ပြည့်မီအောင် ဆောင်ရွက်ပေးမည်” ဟု မဲဆွယ်စည်းရုံးရေး ဟောပြောချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။ အစိုးရသက်တမ်းတစ်ခု အတွင်းတွင် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ကာ ပို့ကုန်/သွင်းကုန် မူဝါဒများကိုပြန်လည်ဆန်းစစ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်ထွက်ရှိသော ထွက်ကုန်များကို ပြည်ပပို့ကုန်ခြင်း၊ ကုန်စည်ဈေးနှုန်းကျဆင်းစေခြင်းနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ပေါက်လာရန်…

  • ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းအား သပိတ်မှောက်မှုထိရောက်၊ အနုပညာရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ

    ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းအား သပိတ်မှောက်မှုထိရောက်၊ အနုပညာရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်နဲ့ သပိတ်မှောက်တာ ပြင်းထန် ထိရောက် သွားတဲ့အတွက် စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက အနုပညာရှင် အားလုံးကို​ မလာမ​နေရဆိုပြီး ဒီကနေ့ အရေးပေါ် အစည်းအဝေးခေါ်ထားတယ်လို့ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတယောက်က “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရန်ကုန်မှာ လုပ်မှာ၊ ပြန်ဝန်တက်မယ်လို့ သိရတယ်။ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများကို BC နဲ့ Social punishment ထိရောက်သွားလို့ ကြော်ငြာကုမ္ပဏီတွေက အဲဒီဇာတ်လမ်းက သရုပ်ဆောင်တွေကို မရိုက်တော့ဘူးဆိုလို့ အဲဒီကိစ္စနဲ့ အဲဒီမရိုက်တဲ့ ကုမ္ပဏီတွေကို ဆက်ရိုက်ဖို့ စစ်ကောင်စီ ဖိအားပေးဖို့နဲ့ တန်ပြန်အစီအစဉ်တွေ လုပ်မယ်လို့ အကြမ်းဖျင်းသိရတယ်” လို့…

  • ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

    ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

    ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ အား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့် အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင်…

  • TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ် မိုးကုတ်ဗျူဟာနဲ့ မိုးကုတ်အခြေပြု တော်လှန်ရေးတပ်တွေက ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် – TNLA က မြို့ကို အာဏာသိမ်း စစ်အုပ်စုလက်ထဲ ပြန်လည် ထိုးအပ်လိုက်ပေမယ့် ဒေသခံ တော်လှန်ရေးတပ်တွေက မြို့ကနေ မဆုတ်ဘဲ ဆက်လက် တိုက်ပွဲဝင်မယ်လို့ တော်လှန်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။ မိုးကုတ်မြို့ကနေ အခြေပြု ပေါက်ဖွားလာတဲ့ မိုးကုတ်ဗျူဟာ (ပြည်သူ့ကာကွယ်ရေးတပ်မတော်) အနေနဲ့ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်ပါမယ်လို့ ကတိသစ္စာပြုကြောင်း မိုးကုတ်ဗျူဟာက အောက်တိုဘာ ၂၉ရက် ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင်…

  • ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း

    ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း

    “ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း” ခွန်ထိုင်းတွေက ကြံ့ဖွတ်ရဲ့ မဲဆွယ်တဲ့သတင်းအောက်မှာ ပယ်ပယ်နယ်နယ်သမနေတာ ဓါတ်ဆီဆိုင်က ကောင်လေးတွေတဲ့၊တယောက်ဆို Full Tank တို့ 95 ဘယ်နှစ်လီတာတို့ပါ ရေးချပစ်တာ။ နိုင်ငံဖြတ်ကျော် ဂုဏ်သတင်းတွေကလည်း မွှေးသေးတာ။ သူခိုးတွေ သူခိုးတွေတဲ့။ ထိုင်းတွေတောင် သိတယ်။ မင်းအောင်လှိုင် အမျိုးတွေချည်းပဲ တယောက်တည်းပြိုင်ပြီး တယောက်တည်းနိုင်မှာမလားတဲ့။ အမေစုကိုတော့ ထိုင်းတွေကပါ ချစ်ကြတာနော်။ အမေစုကို ကြောက်လို့ ထောင်ထဲထည့်ထားတာမလားတဲ့။ အမေစုကို ရှုံးတော့ အာဏာသိမ်းတဲ့ သူတွေတဲ့။ အမေစုကို ပြောခွင့်ပေးလိုက် မင်းတို့တွေ မလွယ်ဘူးတဲ့။ ရေးတာ ရေးတာဆိုတာ ကိုယ်တွေတောင် တိတ်တိတ်လေး ပြန်ထွက်လာခဲ့ရတယ်။