Category: News

  • အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    စလင်းမြို့ အထက – ၁ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့် စစ်အုပ်စုက အမှုဖွင့်မပေးဘဲ ကျူးလွန်ခံရတဲ့ ကျောင်းသူကိုပါ ယာယီကျောင်းထုတ် အရေးယူ၊ ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေလို့ ရပ်ကွက်က ရဲခေါ်ပြီး ဆေးရုံပို့ရတာ ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်ခံရတာ မှန်ပေမယ့် စစ်အုပ်စုက မိသားစုကို ခြိမ်းခြောက်ကာ ငွေနဲ့ အမှုကျေအေးခိုင်းလို့ အမှုမှန် မပေါ်မှာ မြို့ခံတွေ စိုးရိမ် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ စစ်အုပ်စုက ဖွင့်ထားတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း – အထက ၁ ကျောင်းက Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က…

  • ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားပါ အနုပညာရှင်များကို ပြည်သူများရှုတ်ချဝေဖန်

    ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားပါ အနုပညာရှင်များကို ပြည်သူများရှုတ်ချဝေဖန်

    စစ်အုပ်စု၏ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားပါ အနုပညာရှင်များကို ပြည်သူများရှုတ်ချဝေဖန်၊ Boycott လှုပ်ရှားမှုအရှိန်မြှင့် စစ်အုပ်စု၏​ရွေး​ကောက်ပွဲဝါဒဖြန့်ဇာတ်ကားတွင်ပါဝင်သရုပ်​ဆောင်ထားသည့် အနုပညာရှင်များကို ​ပြည်သူများ​က ဝေဖန်မှုအရှိန်မြင့်တက်လာသည်။ ဝေဖန်မှုများနှင့်အတူ အဆိုပါအနုပညာရှင်များကို အားမ​ပေးရန်၊ ၎င်းတို့​ကြော်ငြာသည့်ထုတ်ကုန် များပါမကျန် Boycott (သပိတ်​မှောက်ခြင်း) လုပ်ရန် တိုက်တွန်း​လျက်ရှိသည်။ “ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး ဂရုမစိုက်ဘဲ ပြည်သူ​တွေရဲ့မျက်ခွက်ကို ဖြတ်ကန်လိုက်သလိုပဲ။ ပြည်တွင်းမှာ​နေလို့ဖြည့်​တွေးပြီး အရင်ကအား​ပေး​သေးတယ်၊ အခုက​လွန်လွန်းအားကြီးတယ် ။​အေးချမ်း​မောင်ကိုဆို အရမ်းသ​ဘောကျလို့ Follow လုပ်ထားတာ။အခု​တော့ Follow ဖြုတ်ပြီ။သူတို့ကိုဆဲတာထက် ကိုယ့်ဘက်ကသူတို့ဇာတ်ကားသွားမကြည့်ဖို့နဲ့ Unfollow/Unlike ဖြုတ်ပြီး Boycott ​သေချာလုပ်ကြပါလို့​ပြောချင်တယ်”ဟု လူငယ်အမျိုးသမီးတဦးက ပြောသည်။ ရခိုင်ပြည်နယ််၊ စစ်​တွေမြို့ခံတဦးက “​နေတိုးကို ကမ်းလှမ်းလာလို့ ​နေတိုးကစဉ်းစားရမယ်၊ ငါလုပ်​ပေးရမလား မလုပ်​ပေးရဘူးဆိုတာ၊ ခြူး​လေးဆိုလည်း ငါရခိုင်လူမျိုးအ​နေနဲ့ ဒါကို ရိုက်သင့်လားမရိုက်သင့်လားဆုံးဖြတ်ရမယ်။ အခုလိုအ​ပြောဆိုခံရင် ဆင်​ခြင်​တွေ​ပေးဦးမယ်။ ကျွန်​တော်တို့က​တော့ မ​ကောင်းဆိုးဝါး(စစ်​ကော်မရှင်)ကို​ထောက်ခံရင်…

  • ရေးမြို့တွင် စစ်တပ်၊ DKBA နှင့် ပျူစောထီး ပူးပေါင်းဂိတ်စခန်းကို ရေးဘီလူး တိုက်ခိုက်

    ရေးမြို့တွင် စစ်တပ်၊ DKBA နှင့် ပျူစောထီး ပူးပေါင်းဂိတ်စခန်းကို ရေးဘီလူး တိုက်ခိုက်

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီ၊ ပျူစောထီးနဲ့ DKBA တပ် ပူးပေါင်း စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ နှင်းစုံကျေးရွာမှာ ဂိတ်ချ ဆက်ကြေးကောက်နေတဲ့ အဖွဲ့စုံထိုင်နေတဲ့ ဂိတ်ဖြစ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ “စစ်ကောင်စီ၊ DKBA နဲ့ ပျူစောထီးခေါင်းဆောင် သိန်းတန် ဦးဆောင်တဲ့အဖွဲ့ ဂိတ်ချ စစ်ဆေးရေးလုပ် ဆက်ကြေးကောက်နေတာ။ လျှပ်တပြက် ဝင်တိုက်ခိုက်ခဲ့တာ အထိနာသွားတယ်။” စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး လူနာတင်ကားတွေ ဆူညံနေကာ ထိခိုက်မှုတွေ ရှိနိုင်ပေမဲ့ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်နေတာကြောင့် ထိခိုက်မှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။ နှင်းစုံဂိတ်က စစ်သားတွေ၊ DKBA တပ်ဖွဲ့တွေနဲ့…

  • ၁၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဆောမြို့နယ် ဒေသခံများ ဆန္ဒပြတောင်းဆို

    ၁၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဆောမြို့နယ် ဒေသခံများ ဆန္ဒပြတောင်းဆို

    အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဆောမြို့နယ် ဒေသခံများ ဆန္ဒပြတောင်းဆို မကွေးတိုင်း၊ ဆောမြို့နယ်မှာ အသက် (၁၃)နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဒေသခံပြည်သူတွေက မနေ့က အောက်တိုဘာ ၂၆ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ရုပ်သံ – Ķť Ĺĩng Ņaĭng

  • ပေါ်တင်ကြီးတွေတော့ ဇွတ်မ မ ကြနဲ့ကွာ။

    ပေါ်တင်ကြီးတွေတော့ ဇွတ်မ မ ကြနဲ့ကွာ။

    ပြည်တွင်းကအနုပညာသမားများသို့ ပေးစာ မင်းတို့ကို ငါ တခွန်းပဲမေးချင်တာပါ။ ငါ့တို့ပြည်သူတွေရဲ့ ရွာတွေ စ-စ်တပ်ကမီးရှို့လို့ပြာကျသွားခဲ့တာတွေက မဟုတ်တာကို AI နဲ့လုပ်ပြီး ပြာမကျတာကို ပြာကျတယ် တိုက်ပွဲမဖြစ်တာကို တိုက်ပွဲဖြစ်တယ်လို့ ဟန်ဆောင်လိမ်လည်ပြောနေတာလို့ စ-စ်တ-ပ်ကပြောပြထားတဲ့အတိုင်း တကယ်ထင်နေကြတာလား။ လာခဲ့စမ်းပါကွာ ဖြူးတဝိုက် ညောင်လေးပင်တဝိုက် ပုဇွန်မြောင်းတဝိုက် မင်းတို့နဲ့နီးနီးလေးက ပြည်သူတွေဘဝတွေကို မျက်မြင်ဖြစ်အောင်လိုက်ပြချင်တယ်။ အမြန်လမ်းဟောင်းပေါ်အထိထွက်ကြိုပေးလို့ရတယ်။ မင်းတို့လာရမှာကြောက်နေရင် ငါ့မက်ဆင်ဂျာကနေ အခြေအနေလေးတွေမေးလို့ရပါတယ်။ အပိုစကားတွေ မပါ အရှိတရားတွေကို ဘက်မလိုက်စတမ်း ချစ်ခြင်းမုန်းခြင်းမပါ အမှန်အတိုင်း ကိုယ်ချင်းစာစိတ်နည်းနည်းလေးဝင်သွားအောင် ငါ ပြောပြချင်တယ်။ ကိုပေါက်နဲ့ဆက်သွယ်တာမိသွားလို့ “အဖမ်းခံရရင် ဘယ်လိုလုပ်မလဲတို့” “ငတ်နေရင်ဘယ်သူက လာကျွေးမှာလဲ နင်တို့ကျွေးထားမှာလားတ်ို့” “နီးရာဓား ကြောက်ရတယ်လေတို့” “နှစ်ဘက်လုံးကြောက်နေရတာတို့” “အနုပညာသမားကဘယ်အစိုးရဖြစ်ဖြစ်ပူးပေါင်းရမှာပဲတို့” ပြောကြအုံးမယ်။ ဘယ်သူအုပ်ချုပ်အုပ်ချုပ် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ အတွေးအခေါ်ခပ်ညံ့ညံ့တွေနဲ့ အနူတောမှာ လူချောလုပ်ကြအုံးမှာ။…