Category: News
-

ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရသည့် သတင်းမဟုတ်မှန်ဟုဆို
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရဘူးဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်တဲ့အကြောင်း PPP တာဝန်ရှိသူနဲ့ နီးစပ်သူက ပြောပါတယ်။ “အဲဒီသတင်းတွေက ကောလာဟလတွေဖြစ်နေတာတဲ့။ ဒေါ်သက်သက်ခိုင်အတွက် ရန်ကုန် တိုင်းကော်မရှင်ရုံးမှာတောင် ကိုယ်စားလှယ်လောင်း ကတ်ပြားထုတ်ပြီးပါပြီလို့ ပြောတယ်။ အဲဒါ သတင်းအမှားပါတဲ့”လို့ အဲဒီ နီးစပ်သူက ပြောပါတယ်။ ဒေါ်သက်သက်ခိုင်အနေနဲ့ ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းတဲ့အတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်မရဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမှုကွန်ရက်မှာ ပျံ့နေခဲ့တာဖြစ်ပါတယ်။ PPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်ဟာ ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ တို့ပါဝင်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ FPTP (နိုင်သူအကုန်ယူ) စနစ်နဲ့ ဝင်ပြိုင်မယ်လို့…
-

ငွေသိန်းထောင်ချီ လာဘ်စားမှုဖြင့် ရပခတိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ဖမ်းဆီးစစ်ဆေး
ရပခတိုင်းမှူးဖြစ်တာ ရက် ၁၀၀ မပြည့်သေးတဲ့ ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ငွေကျပ်သိန်းပေါင်း ထောင်ချီ လာဘ်စားမှုနဲ့ အောက်တိုဘာ ၂၀ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး အဂတိပုဒ်မနဲ့ စစ်ဆေးနေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ဆီက သိရပါတယ်။ တရားမဝင်ကုန်စည်တွေကို ငွေကြေးသိန်းပေါင်းထောင်ချီရယူကာ လွှတ်ပေးခဲ့တဲ့ကိစ္စနဲ့ တိုင်ကြားခံရပြီးနောက် ကထစမှုး ၂ ဒုဗိုလ်ချုပ်ကြီး ဇော်မင်းလတ်နဲ့အဖွဲ့က ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၂၂ ရက်မှာ အဂတိပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေတာလို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။ “တရားမဝင်ကုန်စည်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အများကြီးပါတယ်။ ငွေမရလို့ ဖမ်းတဲ့သူတွေထဲမှာ အကြီးအကဲတွေနဲ့ ပိုင်တဲ့သူတွေပါလို့ အတိုင်ခံရတာ။ ဖမ်းတာကလည်း ကစထမှူးကိုယ်တိုင် ဆင်းဖမ်းတာ။ အခု အဂတိပုဒ်မနဲ့စစ်နေတယ်။ သူ့ နေရာကို တပ်မ ၈၈ က တပ်မမှူးကို ခန့်လိုက်တယ်။” ပြီးခဲ့တဲ့…
-

၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ဖြတ်ချခိုင်းတဲ့ ဘုန်းကြီး
၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ဖြတ်ချခိုင်းတဲ့ ဘုန်းကြီးကို လူဝတ်လဲကာ ပထမအကြိမ် ရုံးထုတ် ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ၅ တန်းကျောင်းသူ ကလေးငယ်တစ်ဦးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ကိုယ်ဝန် ၅ လ ရှိချိန်မှာ ဖြတ်ချခိုင်းခဲ့တဲ့ ဘုန်းကြီးကို လူဝတ်လဲကာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြောင်းမြမြို့၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်မှာ မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကလေးငယ်ကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူ ဘုန်းကြီးဟာ ကလေးငယ် ကိုယ်ဝန်ရှိလာချိန်တွင် တရားစခန်းပွဲများ သွားရောက်မည်ဟုဆိုကာ ကျေးရွာကနေ…
-

ညီမလေးအခြေအနေကြီးနဲ့ အဲ့လိုသဂြို-လ်မယ်လို့ မထင်ထားဘူး
ညီမလေးရယ် စိတ်ထဲမကောင်းဘူး ညီမလေးအခြေအနေကြီးနဲ့ အဲ့လိုသဂြို-လ်မယ်လို့ မထင်ထားဘူး အစထဲက အမတို့အသင်း ဆေးရုံသွားပို့ထဲက ပိုင်ရှင်မဲ့နဲ့လုပ်ရင်တောင် အဲ့ထက်သားနားဦးမယ် ညီမလေးရယ် နောက်ဆုံးခရီး မလှလိုက်တာနော် ဖြစ်စေချင်တာ…နောက်ဆုံးခရီးလေးကို ခမ်းခမ်းနားနားလေးနဲ့ ညီမလေးအတွက်ဆုတောင်းပေးပါတယ် ကောင်းရာမွန်ရာရောက်ရှိပါစေ နောက်ဘဝဒီလိုအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့
-

သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ
မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်ကာ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ ရန်ကုန်မြို့တွင် မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ်ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း…