Category: News
-

ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်
အောက်ပါရေးသားချက်များကို ဝတ္တုဟုမှတ်ယူလိုက မှတ်ယူနိုင်ပြီး၊ သတင်းဆောင်းပါးဟုမှတ်ယူလိုကမှတ်ယူနိုင်ပါသည်။ သတင်းရင်းမြစ်ကိုငဲ့ညှာရသဖြင့် နာမည်နှင့်တည်နေရာကို အတိအကျမဖော်ပြနိုင်ခြင်းကိုသည်းခံပေးပါရန်။ ဆရာရေ နေကောင်းရဲ့လား၊ ကျွန်တော်သတိတရစာရေးလိုက်ပါတယ်။ စာရိုက်ရတာလည်းမလွယ်ဘူးဆရာရဲ့ ၊ အုပ်စုခေါင်းဆောင်တွေလစ်တုန်း ရေးရတာ၊သူတို့အနားရောက်လာရင် ဆရာ့ကို ကျွန်တော် အစ်ကိုလို့ခေါ်မယ်နော်၊ အစ်ကိုက ဘာအလုပ်လုပ်တာလဲ ဆူရှီးလား၊ Uber taxi မောင်းတာလား၊ US ရောက်တာဘယ်လောက်ကြာပြီလဲ ဘာညာပေါ့၊ ညီမ အစ်ကို့ကိုအရမ်းခင်ပါတယ်ဘာညာပေါ့ဆရာရယ်။ကျွန်တော်တို့ဘဝကလည်း ယောက်ျားကမိန်းမယောင်ဆောင်နေရတာဆရာရယ်၊ဒါကိုဆရာလည်းသိပါတယ်၊သိလို့မှ ဟိုတစ်ခါ မြတ်နိုး ဆိုပြီးအယောင်ဆောင်ထားတဲ့ကောင်ကိုဆရာက ယောက်ျားလေးမှန်းသိနေတာပေါ့။အဲ့ဒိအဖွဲ့နဲ့ကျွန်တော်တို့ကမတူပါဘူး၊သပ်သပ်စီပါ။ ကျွန်တော်တို့က လူတစ်ယောက်ကို အနည်းဆုံး ဖေ့စ်ဘွတ် ၊အကောင့် ဆယ်ခုလောက်စီရှိတယ်ဆရာရဲ့၊ အင်းလေ အားလုံးမိန်းမနာမည်တွေနဲ့ချည်းပေါ့ ၊ တွေးမိတွေးရာနာမည်တွေလျှောက်မှည့်ရတာပဲဆရာရေ။တင်ထားတဲ့မိန်းကလေးဓာတ်ပုံတွေလား၊ US မှာရောက်နေတဲ့ Instagram ကမြန်မာမတွေဓာတ်ပုံကိုဒေါင်းလုပ်ဆွဲ ပြီးယူထားတာပဲဆရာရေ၊ အထူးသဖြင့် နိုင်ငံခြားမှာ နေတဲ့သူတွေရဲ့ပုံပေါ့ ၊ လှရမယ် ချောရမယ်၊ချမ်းသာ နေတဲ့ပုံပေါက်ရမယ်၊အဲ့လိုကောင်မလေးတွေပုံကို…
-

ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သားများထိခိုက်မှုရှိကြောင်း ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံး အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်တွင် စစ်သင်္ဘောများ ရောက်ရှိနားခိုနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို တိုက်ခိုက်မှုအတွင်း စစ်သင်္ဘော ၁ စီးကို ဗုံးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သင်္ဘော ၁ စီး၏…
-

မလေးရှားတွင် ပြန်ပေးဆွဲခံရသည်ဆိုသော ဒေါ်သူဇာမောင်တို့ မိသားစုကို ဖမ်းဆီးကြောင်း စစ်ကော်မရှင် ထုတ်ပြန်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ အမ်ပန်ရှိ နေအိမ်တွင် ပြန်ပေးဆွဲခံရပြီးပျောက်ဆုံးနေသည့် ဒေါ်သူဇာမောင်တို့ မိသာစုကို နှစ်နှစ်ကျော်ကြာတွင် အောက်တိုဘာလ (၁၇) ရက်နေ့တွင် ဖမ်းဆီးထားကြောင်း စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။ ဒေါ်သူဇာမောင်သည် မလေးရှားနိုင်ငံအခြေစိုက် Myanmar Muslim Refugee အဖွဲ့အစည်းကို တည်ထောင်သူဖြစ်သလို မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရဲ၊ စစ်သားနှင့် CDM ပြုလုပ်ပြီး မလေးရှားရောက်ရှိသူများကို လူမှုရေး၊ ကျန်းမာရေးအပြင် တရားဝင်နေထိုင်ခွင့် ဒုက္ခသည် (UN) ကတ် ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ပေးသူလည်းဖြစ်သည်။ ထို့အပြင် ဒေါ်သူဇာမောင်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးတချို့နှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး နွေဦးတော်လှန်ရေးတွင်လည်း ရန်ပုံရှာဖွေပေးခြင်းတို့ကြောင်း မြစ်သားမြို့နယ်တရားရုံးတွင် အကြမ်းဖက် ပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် ၂၀၂၃ ခုနှစ်တွင် တရားစွဲဆိုထားသည်။…
-

လောင်းလုံးမြို့၊ အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကိုဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့၊ အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင်လည်း လောင်းလုံးမြို့ပေါ်ရှိ အောင်သပြေ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို တိုက်ခိုက်မှုသည် ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများထဲမှ ၂ ဦးသည် ဒဏ်ရာ အခြေအနေ ပြင်းထန်ကာ သေဆုံးနိုင်ကြောင်း…
-
ဗုံးကြဲတိုက်ခိုက်မှုများ အလှည့်ရှိလာမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော် ပြော
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့ရွာများရှိ အရပ်သားများအား ပစ်မှတ်ထား၍ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများအတွက် အလှည့်ရှိလာမည်ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်မှတဆင့် ယနေ့ ပြောသည်။ ၎င်းက “မနက် နေ့ခင်း ညနေ ညသန်းခေါင် ဆက်တိုက် လေယာဉ် ဗုံးကြဲနေတာ၊ ကြဲတဲ့သူ၊ ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက် လက်ခုပ်တီးသူ အားလုံးကို ထုံး သေချာ တို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ” ဟု ပြောထားသည်။ စစ်တပ်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်တို့တွင် ယမန်နေ့ညပိုင်းကစတင်ကာ ယနေ့မွန်းလွဲပိုင်းအထိ ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် ကလေးငယ်အပါအဝင် အရပ်သား…