Category: News

  • မလှိုင်တွင် ၁၃ နှစ်အရွယ် ကလေးငယ်ကို စစ်တပ်က မုဒိမ်းကျင့်ပြီး မိသားစုဝင်များနှင့်အတူ သတ်ဖြတ်

    မလှိုင်တွင် ၁၃ နှစ်အရွယ် ကလေးငယ်ကို စစ်တပ်က မုဒိမ်းကျင့်ပြီး မိသားစုဝင်များနှင့်အတူ သတ်ဖြတ်

    မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သလို မိသားစုဝင်တွေကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတယောက်က “အခု သတ်ဖြတ်ခံရသူတွေနေတဲ့ရွာက နွားထိုးကြီးမြို့နယ်အစပ် မလှိုင်မြို့နယ်အဆုံးမှာရှိတဲ့ အိမ်ကြီးတောရွာမှာပါ။ စစ်တပ်စစ်ကြောင်းက ၄၊ ၅ ရက်လောက်ဝင်ပြီး တပ်စွဲနေခဲ့တာဆိုတော့ ဘယ်နေ့က သတ်ဖြတ်သွားခဲ့တယ်ဆိုတာတော့ အတိအကျမသိရဘူးပေါ့နော်။ စစ်တပ်စစ်ကြောင်းက ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့မနက်အထိ တပ်စွဲသွားတာဆိုတော့ အသတ်ခံရတဲ့နေ့ကိုတော့ အတိအကျမသိနိုင်ဘူးဗျ” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၁၀၀ ကျော်နဲ့ စက်တင်ဘာ ၂၃ ရက်ကနေ အိမ်ကြီးတောကျေးရွာနဲ့ အနီးအနားကကျေးရွာတွေကို စစ်ကြောင်းထိုးတပ်စွဲပြီး ပြည်သူတွေကိုသတ်ဖြတ်ကာ စက်တင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းအထိ ၅ ရက်နီးပါးကြာ တပ်စွဲနေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ နွားထိုးကြီးမြို့ခံတယောက်က…

  • ရေကြည်က ရွာအချို့တွင် ထောက်ခံစာပါမှ ဈေးဝယ်ခွင့်ပေး

    ရေကြည်က ရွာအချို့တွင် ထောက်ခံစာပါမှ ဈေးဝယ်ခွင့်ပေး

    တိုက်ပွဲတွေရှိနေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဈေးဝယ်ဖို့အတွက် ထောက်ခံစာပါမှ သွားခွင့်ပေးပြီး ထောက်ခံစာတစောင်ကိုလည်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ် ၁၀,၀၀၀ တောင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရေကြည်မြို့နယ်၊ ညောင်မှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မင်းဇော်က စက်တင်ဘာလတတိယ အပတ်ကစတင်ပြီး ရွာသားတွေအနေနဲ့ ရေကြည်မြို့ပေါ်နဲ့ တခြားဒေသတွေကို သွားရောက်ပြီး ဘယ်ကုန်ပစ္စည်းမဆိုဝယ်ယူလိုရင် ဈေးဝယ်ထောက်ခံစာတရွက်ကို ကျပ် ၁၀,၀၀၀ ပေးမှ လုပ်ပေးတာဖြစ်ပြီး ထောက်ခံစာမလုပ်ဘဲ ဈေးဝယ်သွားခွင့်မပေးဘူးလို့ သိရပါတယ်။ ဒေသခံ တယောက်က “ထောက်ခံစာမပါဘဲ ဈေးသွားဝယ်လို့အဖမ်းခံရရင် တာဝန်မယူဘူးလို့ပြောတာ။ ထောက်ခံစာကျတော့ တရွက် ၁၀,၀၀၀ အထိကောက်တာ။ ရွာကနေ ရေကြည်ဘက်သွားသွား။ ငါးသိုင်းချောင်းဘက်သွားလုပ်ရတာ” လို့ ပြောပါတယ်။ ထောက်ခံစာမပါဘဲ ဈေးဝယ်ထွက်တဲ့သူတွေကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တွေက ရွာထိပ်စစ်ဆေးရေးဂိတ်ကနေ စောင့်ဖမ်းပြီး…

  • ဆေးရုံမှာ လချီတက်ရောက်ပြီး ဆေးကုသခံနေတဲ့ စစ်အရာရှိတွေ ဆေးရုံအမြန်ဆင်းဖို့ စစ်အုပ်စုက ဖိအားပေး

    စစ်ဆေးရုံတွေမှာ လချီတက်ရောက်ပြီး ဆေးကုသခံနေတဲ့ စစ်အုပ်စုလက်အောက်ခံ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ ဗိုလ်တွေကို ဆေးရုံကနေ အမြန်ဆုံးဆင်းဖို့ စစ်အုပ်စုရဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးကနေ ဖိအားပေးကာ ဆေးရုံဆင်းဖို့နဲ့ ဆေးရုံပြောင်းရွှေ့ခိုင်းတဲ့ လျှို့ဝှက်ညွှန်ကြားစာတစ်စောင်ကို CJ Platform က လက်ခံရရှိထားပါတယ်။ ဆေးရုံတွေမှာ တစ်လနဲ့အထက် တက်ရောက်ပြီး ဆေးကုသမှုခံယူနေတဲ့ စစ်အုပ်စုလက်အောက်ခံ အရာရှိ ၁၄၂ ဦးထိ ရှိနေပြီး၊ အချို့ဟာ ၁ နှစ်ကျော်ထိ ဆေးရုံတွေမှာ တက်ရောက်နေခဲ့တာဖြစ်ပါတယ်။ ဆေးရုံဆင်းဖို့ ဖိအားပေးခံရသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ယာယီ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၂၇ ဦး၊ ယာယီဗိုလ်မှူး ၄ ဦး၊ ဗိုလ်ကြီး ၈၅ ဦးနဲ့ ဗိုလ်အဆင့်တွေပါ ပါဝင်နေပါတယ်။…

  • နမ့်ဆန်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    နမ့်ဆန်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ယျာအောင်နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင်တို့ သေဆုံး (ရုပ်/သံ) ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ဆန်မြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ယျာအောင်နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင်တို့ သေဆုံးပြီး ကလေး ၆ ဦး အပါအဝင် ပြည်သူ ၉ ဦးထိမှန်ဒဏ်ရာရကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၈ မိနစ်အချိန် နမ့်ဆန်မြိုနယ်၊ ဇယ်တုန်ဟုန်းကျေးရွာသို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင်…

  • မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀  ပြည့်ပွဲသို့  ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ  ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့

    မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့

    မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း တက်ရောက်ခဲ့သည့် မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတွင် တက်ရောက်လာသော ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မြို့ခံတချို့ကို စစ်တပ်က လုံခြုံရေး အထူးတင်းကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သော ဆရာ၊ ဆရာမအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ယနေ့ အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်း မင်းအောင်လှိုင် တက်ရောက်မည့် မန္တလေးတက္ကသိုလ် ရာပြည့်အခမ်းအနားအတွက် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊…