Category: News

  • ဧရာဝတီမှနေ၍ ဂွအထိတက်သိမ်းမည်ဟု ကြွေးကြော်ကာ စစ်ကြောင်းထိုးနေသည့် ဒုတပ်ရင်းမှူးကိုယ့်မိုင်းကိုယ် ပြန်နင်းမိပြီးသေဆုံး

    ‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်အချို့ စစ်ကော်မရှင်က ထောင်ထားသည့်မိုင်းကို ပြန်နင်းမိပြီး ဒုတပ်ရင်မှူး သေဆုံးသွားကြောင်း သိရသည်။ ‎ ‎ပြီးခဲ့သည့် ဩဂုတ်နောက်ဆုံးအပတ်တွင် ခလရ ၃၆ ကျုံပျော်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်လေးဦးတို့ မိုင်းနင်းမိပြီး ဒုတပ်ရင်းမှူး သေဆုံးကာ ကျန်တပ်ဖွဲ့ဝင် လေဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ “ဒုတပ်ရင်းမှူးလုပ်သူက ခြေဖနောင့်ကနေ ပြတ်ထွက်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်ပြောတယ်။ ဂွအထိတက်မှာလို့ ကြုံးဝါးထားတယ်လို့သိထားရတယ်ဗျ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ‎ ‎သဲဖြူကျေးရွာနှင့် ကျားခေါင်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသည့် ဗိုလ်မှူးသက်နိုင်ထွန်းမှာ မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာကို အချိန်မီကုသနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုတပ်ရင်းမှူးကို…

  • တနိုင်းတွင် ပျောက်ဆုံးနေသည့် ဆယ်တန်းကျောင်းသားကို သေဆုံးလျက်ပြန်တွေ့

    ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်မှာ ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ ဆယ်တန်းကျောင်းသားကို သေဆုံးလျက် ပြန်လည်တွေ့ရှိရတယ်လို့ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်က သူငယ်ချင်းတွေ နဲ့အတူ ဘောလုံးကန်ဖို့ ထွက်သွားခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ ကျောင်းသားကို စက်တင်ဘာ ၂ ရက် မနက်က တနိုင်းမြို့ တနိုင်းချောင်း၊ တံတားအနီး စက်လှေတွေရဲ့အောက်မှာ သေဆုံးနေတာကို တွေ့ရှိတာလို့ ဆိုပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့ ကူညီပေးသူ တယောက်က “ဒဏ်ရာ လုံးဝမတွေ့ရှိဘဲ သေဆုံးနေတဲ့ အလောင်းကိုတွေ့ရှိတာ။ ဒီနေ့ မနက်ပိုင်းကတွေ့တာပါ။ တာဝန်ရှိသူတွေဘက်တော့ ရေနစ် သေဆုံးတာလို့ ကနဦး ကောက်ချက်ချထားတယ်။ သားပျောက်လို့ မိဘတွေက သက်ဆိုင်ရာမှာ လူပျောက် ကြေညာခဲ့သေးတယ်” လို့ ပြောပါတယ်။…

  • မုဒုံတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ပျူစောထီး မောင်မျိုး ပစ်ခတ်ခံရပြီး သေဆုံး

    မုဒုံတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ပျူစောထီး မောင်မျိုး ပစ်ခတ်ခံရပြီး သေဆုံး

    မွန်ပြည်နယ် ၊ မုဒုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မောင်မျိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မုဒုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၁ ရက် ည ၇ နာရီ ၁၀ မိနစ်က မုဒုံမြို့နယ်၊ လမ္မကြီး -မော်လမြိုင် -သံဖြူ ဇရပ်လမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ ပျူစောထီး မောင်မျိုးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော ပျူစောထီး မောင်မျိုးသည် အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက် ခံ စရဖ တပ်ထံ မမှန်သတင်းပေးခြင်း၊ စရဖ တပ်ဖွဲ့မှ စေခိုင်းမှုများကို လုပ်ကိုင်ပေးခြင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်ရာတွင် ပူး ပေါင်းပါဝင်ပေးခြင်းတို့ လုပ် ဆောင်လျက်ရှိသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ် ကြောင်း…

  • ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ G-3 ကျောင်းသား လက်နက်ကြီး ဗုံးစထိမှန်ဒဏ်ရာရ

    ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ G-3 ကျောင်းသား လက်နက်ကြီး ဗုံးစထိမှန်ဒဏ်ရာရ

    ဝေါမှာ ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ G-3 ကျောင်းသား လက်နက်ကြီး ဗုံးစထိမှန်ဒဏ်ရာရ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ G-3(တတိယတန်း)ကျောင်းသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒဏ်ရာရသူမှာ သူရဲသမိန်အထကကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၉ နှစ်အရွယ် G-3 ကျောင်းသား မောင်ထူးမြတ်လင်း ဖြစ်ပြီး ကျောင်းကနေ နေအိမ်ကိုပြန်လာချိန် စက်တင်ဘာ ၁ ရက် မနေ့မွန်းတည့် ၁၂ နာရီခန့်မှာ အမှတ် ၅ ရပ်ကွက်လမ်းပေါ် ကိုကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဗုံးစထိမှန်ခဲ့တာလို့ ဆိုပါတယ်။ ” ကလေးတွေ(ထမင်းစား)ကျောင်းလွှတ်တဲ့အချိန်ကျတာ။ ကလေးက ၃ တန်းကလေး။ ကျတာက လမ်းကို။ အစမှန်သွားတာ။ ဆေးဆရာအိမ်ဘေးနားကျတာ။ ကလေးကလည်းအဲ့နားကအဖြတ်ထိတာ”လို့ သူရဲသမိန် ဒေသခံတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးအစထိမှန်တာကြောင့်…

  • မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှား

    မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှား

    မန္တလေးစည်ပင်နယ်နမိတ်အတွင်းရှိ ကျုးကျော်များကို ဖယ်ရှားရာတွင်နံရံကပ်ဆိုင်၊ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်းများပါဝင်မည် မန္တလေးမြို့တော်ကို သန့်ရှင်းသာယာလှပသော ခေတ်မှီမြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် စည်ပင်ယာယာရေးကော်မတီ နယ်နိမိတ်အတွင်း အဓိကလမ်းမကြီးများ၊ လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများပေါ်တွင် ကျုးကျော်ဆောက်လုပ်ထားရှိမှုများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ယမန်နေ့ စက်တင်ဘာ(၁) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ နေရာများတွင် ကျုးကျော်စုပုံတည်ခင်း ပစ္စည်းထားရှိခြင်း၊ ကျုးကျော်ဆောက်လုပ်ထားရှိခြင်း၊ ကျုးကျော်ရောင်းချခြင်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၁၀၆(စ) အရလည်း အများပြည်သူဆိုင်ရာလမ်း၊ ပလက်ဖောင်းများတွင် ကုန်ပစ္စည်းများထားခြင်း၊ အဆောက်အုံများဆောက်လုပ်ခြင်းနှင့် ပစ္စည်းများရောင်းချခြင်း၊ ခင်းကျင်းခြင်းများမပြုလုပ်ရန် တားမြစ်ချက်ကိုလိုက်နာရန်လည်းအသိပေးထားသည်။ ထို့ပြင် ပုဒ်မ ၁၀၉(စ) အရ မည်သူမျှ ကော်မတီခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း နံရံကပ်ဆိုင်ဖွင့်လှစ်ရောင်းချခြင်း၊ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ရန်လည်း…