Category: News

  • ဆက်လက် မိုက်မဲကြမည့် အကြမ်းဖက်သမား ၄ ဦး

    ဆက်လက် မိုက်မဲကြမည့် အကြမ်းဖက်သမား ၄ ဦး

    အကြမ်းဖက် စစ်ကောင်စီက ပြည်သူမလိုလားသော ရွေးကောက်ပွဲကို အတင်းအဓမ္မ ကျင်းပခဲ့ပြီးနောက် မတ်လ ၁၆ ရက်နှင့် မတ်လ ၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို ခေါ်ယူ ကျင်းပခဲ့သည်။

    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှာ ကြံ့ဖွံ့ပါတီ USDP ဥက္ကဋ္ဌ ခင်ရီ ဖြစ်လာပြီး စစ်ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းမှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။

    အာဏာသိမ်းပြီးနောက် ပြည်သူများကို နေ့စဉ် အကြမ်းဖက်မှု ကျူးလွန်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပြီး စစ်အရာရှိဟောင်း Jeng Phang နော်တောင်မှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။

    ၎င်းတို့ ၄ ဦးစလုံးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ထဲက ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည်။

    ခင်ရီ မှာ အကြမ်းဖက် စစ်ကောင်စီ ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယာဉ်ပြိုင်ခဲ့ပြီး မောင်မောင်အုန်းမှာ တပ်ကုန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

    အောင်လင်းဒွေးမှာ စစ်ဗိုလ်ချုပ်ကြီးမှ အငြိမ်းစားယူပြီးနောက် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တွင် အရေးပါသော ရာထူးများကို ရယူ တာဝန်ထမ်းဆောင်နေရင်း အချိုးကျကိုယ်စားပြုစနစ် PR အရ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြံ့ဖွံ့အမတ်အဖြစ် ရွေးချယ် ခံခဲ့ရသည်။

    အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ Jeng Phang နော်တောင်မှာလည်း ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယာဉ်ပြိုင်ခဲ့သူဖြစ်သည်။

    ၎င်းတို့ ၄ ဦးစလုံးမှာ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို ထောက်ခံခြင်း၊ ပူးပေါင်းခြင်းနှင့် ပြည်သူများအပေါ် စစ်ကောင်စီ ကျူးလွန်နေသော အကြမ်းဖက် လုပ်ရပ်များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်သူများဖြစ်ကြသည်။

    အကြမ်းဖက်သမားများဖြစ်ကြသည့် ခင်ရီ၊ မောင်မောင်အုန်း၊ အောင်လင်းဒွေးနှင့် Jeng Phang နော်တောင်တို့မှာ ပြည်သူမလိုလားသော လွှတ်တော်ဥက္ကဋ္ဌ ရာထူးများကို ရယူကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်၍ ကျူးလွန်ကြမည်ဖြစ်သည်။

    အကြမ်းဖက်မှုများကို ဦးဆောင်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ဖြစ်ရေးအတွက်လည်း ၎င်းတို့ ၄ ဦးစလုံးမှာ ထောက်ခံရွေးချယ်ပေးရမည့်သူများ ဖြစ်လာပြီး မင်းအောင်လှိုင်မှာ သမ္မတ ဖြစ်ရေးအတွက် နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ရေပန်းစားနေသည်။

    မင်းအောင်လှိုင်မှာလည်း သမ္မတ ဖြစ်ရေးအတွက် ရည်ညွှန်းသည့်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာစစ်တပ် စစ်ဘက်ဆိုင်ရာ အကြီးအကဲများအားလုံးကို ခေါ်ယူကာ တပ်ချုပ်ရာထူး ၁၅ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သလို တပ်ချုပ်မှ အနားယူမည့် အမှာစကားမျိုးကိုလည်း ပြောကြားခဲ့သည်။

  • ကွတ်ခိုင်ကို စစ်တပ်ထံ MNDAA ပြန်လွှဲပေးမည်ကို ဒေသခံပြည်သူတွေစိုးရိမ်နေ

    ကွတ်ခိုင်ကို စစ်တပ်ထံ MNDAA ပြန်လွှဲပေးမည်ကို ဒေသခံပြည်သူတွေစိုးရိမ်နေ

    လားရှိုးလို ကွတ်ခိုင်ကို စစ်တပ်ထံ MNDAA ပြန်လွှဲပေးမည်ကို ဒေသခံပြည်သူတွေစိုးရိမ်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို ထိန်းချုပ်လိုက်တဲ့ MNDAA အနေနဲ့ လားရှိူမြို့တုန်းကလို အာဏာသိမ်းစစ်ထံမြို့ကိုပြန်မအပ်ဘဲ ဒေသခံပြည်သူတွေကိုငဲ့ညှာဖို့ မြို့ခံတွေကတောင်းဆိုပါတယ်။

    ၁၀၂၇ စစ်ဆင်​ရေးပထမလှိုင်းမှာ TNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့က TNLA တပ်စခန်း​တွေကို MNDAA ကမတ်လ ၁၄ရက်မနက်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

    မတ်လ၁၇ရက်မနက်မှာတော့ TNLA က ကွတ်ခိုင်မြို့ကို လက်လွတ်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ နှစ်ဘက် အပစ်ရပ်ဖို့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

    လက်ရှိမှာမြို့ကိုထိန်းချုပ်ထားတဲ့ MNDAA အနေနဲ့ စစ်ကောင်စီထံကို ပြန်လွှဲပေးမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။

    “လားရှိုးလိုမျိုး အများ မမျှော်လင့်ထားသလိုစကစဆီ ပြန်ထိုးအပ်မှာပဲ စိုးရိမ်တာ။ စကစ က ဒီမြို့လေးက ပြည်သူတချို့ကိုအငြိုးအတေးထားတာတွေရှိတယ်။ လူကို ဖမ်းဆီးလို့မရရင် ပိုင်ဆိုင်မှုကို ချိတ်ပိတ်လိုက်တာတို့၊ မိသားစု၀င်တွေကို ဒုက္ခပေးတာမျိုးတွေလုပ်လာမှာ”လို့မြို့ခံတစ်ဦးကပြောပါတယ်။

    တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကွတ်ခ်ိုင်မြို့ကို ‌၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

    TNLA ရော MNDAA ကပါ ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားတတည်ဆောက်ခဲ့ကြပါတယ်။

    ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖက်ကာကစစ်တပ်ဗျူဟာနဲ့တပ်ရင်း​တွေကို​တော့ KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ ။

    ၂၀၂၆ ဖေဖော်ဝါရီလဆန်းမှာတော့ TNLA က ကွတ်ခိုင်မြို့မှာ MNDAA တပ်ဆင်ထားတဲ့ CCTV ​တွေကိုဖယ်ရှားခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ တင်းမာမှုပိုမိုဆိုးရွားလာပြီး မတ်လ ၁၄ ရက်နေ့မှာတော့ MNDAA တပ်တွေကို TNLA စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး မြို့ကိုပါထိန်းချုပ်ထားတာဖြစ်ပါတယ်။

    “အရင်က MNDAA၊ TNLA အပြင် KIA လည်း ရှိတယ်။ ဘယ်အဖွဲ့ကမှ ပြည်သူ လူထုကိုဒုက္ခမပေးဘူး။ စစ်ကောင်စီထပ်ပြန်ဝင်လာရင်တော့ မြို့ခံတွေ ဂျွမ်းထိုးမှောက်ခုံဖြစ်ကုန်မှာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ လားရှိုးမြို့ကိုရောက်ရှိနေတဲ့ ကွတ်ခိုင်မြို့ခံတစ်ဦးကလည်း ” စကစ ပြန်၀င်လာရင်တော့ မလွယ်ဘူး။ ကွတ်ခိုင်ကို မဟာမိတ်တွေထိန်းထားတဲ့အချိန်မှာမြို့မဈေး ကိုဗုံကြဲတယ်၊ မဆိုင်တဲ့ပြည်သူတွေရှိရာကို ပစ်ခတ်တယ်။ စကစ ကို ပြည်သူတွေကမရိုသေစကား မစင်ထက်ကို ရွံသွားကြတာ။ဒါ့ကြောင့် ကွတ်ခိုင်ကို စကစ ဆီ ပြန်ထိုးမအပ်ဖို့ပဲပြောချင်တယ်” လို့ ဆိုပါတယ်။

    ဒါ့အပြင် MNDAAအနေနဲ့ စစ်ကောင်စီနဲ့မဆက်ဆံဘဲ မြန်မာတနိုင်ငံလုံးရဲ့ တော်လှန်ရေးဘက်က မားမားမတ်မတ် ရပ်တည်ပေးပြီး ပြည်သူ့ဘက်ကို ငဲ့ညှာပါလို့ ၎င်းက တောင်းဆိုပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးမှာ MNDAAက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။

    တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။

    TNLAက သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

    ​နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့​တွေကိုစစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ပြီးပြန်ထိန်းချုပ်ခဲ့ပါတယ်။

    မိုးကုတ် နဲ့ မိုးမိတ်မြို့တွေကို​တော့ တရုတ်ကြားဝင်မှုနဲ့ စစ်တပ်နဲ့ TNLA တို့​ဆွေး​နွေးပြီး TNLA ကပြန်လွှဲ​​ပေးခဲ့သလို နှစ်ဘက်ယာယီ အပစ်ရပ်ထားပါတယ်။

    စစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့တဲ့မြို့တွေကဒေသခံတွေထဲက ​တော်လှန်​ရေးကိုကူညီသူ​တွေကိုစစ်တပ်က အညှိုးထားပြီး ဖမ်းဆီးတာ၊ နေအိမ်တွေကိုချိတ်ပိတ်တာပြုလုပ်နေပါတယ်။

    ဒါကြောင့် ကွတ်ခိုင်မြို့ခံတွေကလည်း စိုးရိမ်နေတာဖြစ်ပါတယ်။

    TNLA တိုက်ပွဲဖြစ်ပွားနေစဉ်မှာပဲ MNDAAက စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ လားရှိုးမြို့ ဆင်နှစ်​ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။

    TNLAကို တိုက်ခိုက်တာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကုန်သွယ်ရေးလမ်းကို စစ်ကောင်စီနဲ့MNDAAပူးတွဲထိန်းချုပ်နိုင်ဖို့အတွက် တရုတ်အစိုးရက ခိုင်းတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုနေကြပြီး MNDAAရဲ့ လုပ်ရပ်ကို ပြည်သူတွေကဝေဖန်မှု​တွေရှိ​​နေပါတယ်။

    ကွတ်ခိုင်မြို့ကိုMNDAA ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းမှာလည်း ကုန်သွယ်ရေးလမ်းကြောင်းကိုချက်ချင်းပြန်ဖွင့်ခဲ့ပါတယ်။

    လက်ရှိမှာလည်း TNLA နဲ့ MNDAAထိပ်ပိုင်းတာဝန်ရှိသူတွေ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေပေမယ့် မြေပြင်မှာစစ်ရေးအခြေအနေစိတ်မချရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

    MNDAAအနေနဲ့ မဟာမိတ်အချင်းချင်း စစ်ရေးအာသာချက်ယူပြီး မတိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

    တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့မေတ္တာရပ်ခံထားပါတယ်။

    ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA နဲ့AA တို့၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုကနေ အချင်းချင်းကြား မဟာမိတ်ခိုင်မာမှု၊ အဖိနှိပ်ခံအချင်းချင်း သွေးစည်းညီညွတ်ကြမှုရှိခြင်းတို့အပေါ် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြရပြီး TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကိုတွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလကလည်း မတ်လ ၁၇ ရက်မှာတအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပြီး တော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှု ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြပါတယ်။

  • ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို

    ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို

    စစ်ကော်မရှင် ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို

    အမေရိကန်နိုင်ငံသား ခံယူထားသည့် အွန်လိုင်းဆယ်လီ သမီးဆိုး (ခေါ်) မသက်ကိုကို သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် စစ်ကော်မရှင်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရရာမှ ယခုအခါ ပြန်လည်လွတ်မြောက်လာပြီး အမေရိကန်ပြည် ထောင်စု၊ ဖလော်ရီဒါပြည်နယ်သို့ မိသားစုနှင့်အတူ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားမှုအရသိရသည်။

    ၎င်းလွတ်မြောက်ရေးအတွက် အမေရိကန်သမ္မတ ထရမ့်၏ အထူးအမိန့်ဖြင့် ဝါရှင်တန်ဒီစီရှိ အစိုးရအဖွဲ့၊ ကောင်စစ်ဝန်ရုံးများနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတို့က တက်ကြွစွာ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သမီးဆိုးက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

    “အမေရိကန်အစိုးရအဖွဲ့တွေရဲ့ ကူညီမှုနဲ့ ဂရုစိုက်မှုတွေသာမရှိရင် ကျွန်မ အခုချိန်ထိ အသက်ရှင်နေမှာမဟုတ်ပါဘူး၊ သူတို့ဟာ ကျွန်မရဲ့ အသက်သခင်ကျေးဇူးရှင်တွေပါပဲ” ဟု ဆိုကာ အထူးကျေးဇူးတင်ရှိကြောင်း ရေးသားထားသည်။

    လက်ရှိတွင် မိသားစုနှင့်အတူ စိတ်ခွန်အားပြန်လည်ဖြည့်တင်းလျက်ရှိပြီး မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း ရက်စက်သည့် လူအချို့၏ အနိုင်ကျင့် (Bully) ခံခဲ့ရသည့် အတွေ့အကြုံများကိုလည်း ပရိသတ်များထံ ပြန်လည်ဝေမျှသွားမည်ဟု ဆိုသည်။

    ထို့အပြင် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် တရားမျှတမှုနှင့် ရပိုင်ခွင့်များ ရှိရမည်ဖြစ်ပြီး၊ မရရှိပါက တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    မသက်ကိုကို (ခ) သမီးဆိုးသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၁၂ ရက်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    ၎င်းအား စစ်ကော်မရှင်က အမေရိကန်တွင် နေထိုင်စဉ်အတွင်း ပြင်ဦးလွင်မြို့နယ်နေ ဒေါ်အေသင်ကိုနှင့် စစ်တပ်အရာရှိတစ်ဦးအကြောင်း Live လွှင့်ပြောဆိုမှုကြောင့် အောက်တိုဘာ ၅ ရက်တွင် ပြင်ဦးလွင်မြို့မရဲစခန်း၌ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။

    ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဝတ်စားဆင်ယင်မှုအား နှိုင်းယှဉ်ဝေဖန်ထားသည့် Post တင်မှု၊ စစ်တပ်အရာရှိများကို ဝေဖန်ပြောဆိုမှုတို့ကြောင့် အောက်တိုဘာ ၁၃ ရက်တွင် ပြင်ဦးလွင်မြို့မရဲစခန်း၌ပင် ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မံအမှုဖွင့်ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

  • အနာကို မီးသွေးနဲ့ အချိုမှုန့် ရောပြီး သိပ်သတဲ့လား ကလေးရယ်…

    အနာကို မီးသွေးနဲ့ အချိုမှုန့် ရောပြီး သိပ်သတဲ့လား ကလေးရယ်…

    လွန်ခဲ့တဲ့ နှစ်လလောက်က ရပ်ကွက်ထဲက ကလေးမလေးတစ်ယောက် ခွေးကိုက်ခံရတယ်တဲ့။

    သမီးလေး ခင်မေဇင်တဲ့၊ အသက်က ၉ နှစ်ပဲ ရှိသေးတာ။

    မိခင်မရှိရှာဘဲ အဖေနဲ့ အဒေါ်တွေနဲ့ နေထိုင်ရတဲ့ ကလေးမလေးပါ။

    ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတဲ့ ရောဂါလက္ခဏာတွေကို အဲ့ဒီအစ်မက သူ့အိမ်နားက ကလေးဆီမှာ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။

    ​ဒီဖြစ်ရပ်မှာ ရင်နာစရာအကောင်းဆုံးက သမီးလေးမှာ ၂ လဆိုတဲ့ အချိန်အတိုင်းအတာတစ်ခု အလုံအလောက် ရခဲ့ပါလျက်နဲ့ ဆုံးရှုံးလိုက်ရတာပါပဲ။

    ခွေးရူးပြန်ရောဂါရဲ့ ပိုးပျိုးရက် (Incubation Period) က များသောအားဖြင့် ၁ လကနေ ၃ လအထိ ကြာတတ်ပါတယ်။

    (တချို့မှာ ပိုတို/ပိုရှည်နိုင်ပါတယ် – 1 week to 1 year (rare)) တကယ်လို့သာ အကိုက်ခံရပြီးချင်း ရက်ပိုင်းအတွင်းမှာတင် ကာကွယ်ဆေး (Vaccine) ကိုသာ စနစ်တကျ ထိုးခဲ့မယ်ဆိုရင် အခုလို အသက်ဆုံးရှုံးတဲ့အထိ ဖြစ်လာမှာ မဟုတ်ပါဘူး။

    ​နှ‌မြောစရာအချက်ကတော့ – ဆေးမြီးတိုနဲ့အချိန်ဖြုန်းမိခြင်းပါပဲ။

    ပြန်ကြားရတာက ကလေးမလေးရဲ့ ဒဏ်ရာကို မီးသွေးနဲ့အချိုမှုန့် ရောပြီးသိပ်တယ်တဲ့။ အရပ်ထဲက ဓလေ့တွေနဲ့ “မသိနားမလည်မှု” ကြောင့် ဆေးရုံပြရမယ့်အစား ဆေးမြီးတိုတွေနဲ့ ကုနေခဲ့လို့ အဖိုးတန်တဲ့ ၂ လတာ အချိန်တွေ ဆုံးရှုံးသွားခဲ့ရတာပါ။

    ​RIG (အဆိပ်ဖြေဆေး) ထိုးဖို့ အဆင်မပြေခဲ့ရင်တောင်မှ Vaccine ကိုသာ အချိန်မီ ထိုးခွင့်ရခဲ့ရင် သူ့ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိခဲ့တာပါ။ Vaccine က အစိုးရဆေးရုံကြီးတွေမှာ အလကားထိုးပေးပါတယ်။

    (ဥပမာ ရန်ကုန်ဆေးရုံကြီး၊ မဥက္ကလာဆေးရုံ၊ စံပြဆေးရုံ)

    ​အခုတော့… ၄၈ နာရီပဲ ခံတော့မယ့် အခြေအနေရောက်မှ သိရတော့ ကလေးက တစ်ကိုယ်လုံး ပိုးတွေပျံ့ပြီး ဝေဒနာခံစားသွားရရှာတယ်။

    အော်ဟစ်ပြီး၊ ပါးစပ်က အမြုပ်တွေထွက်ပြီး မြင်ရတာ တကယ်ကို စိတ်မကောင်းစရာပါရှင်။

    ဆေးရုံက ပြန်လာတဲ့လမ်းမှာလည်း ဘုရားစာတွေ ဆိုသွားရှာသေးတယ်တဲ့။ ဘယ်လို ဝဋ်ကြွေးတွေများ ပါလာခဲ့လဲကလေးရယ်။

    နောင်ဘဝဆက်တိုင်းမှာ ဒီလို ရောဂါမျိုး၊ ဒီလိုကံကြမ္မာမျိုးနဲ့ မဆုံပါစေနဲ့တော့လို့ပဲ ဆုတောင်းပေးမိပါတယ်ကွယ်။

    ​ဒီဖြစ်ရပ်က ကျွန်မတို့အားလုံးအတွက် သင်ခန်းစာပါ။ “အသိနောက်ကျခြင်း” ရဲ့ ရလဒ်ဟာ အသက်တစ်ချောင်းပါပဲ။

    သွေးထွက်အောင် အကိုက်ခံရရင် RIG (အဆိပ်ဖြေဆေး) မမေ့ပါနဲ့။

    RIG မရခဲ့ရင်‌တောင် ကာကွယ်ဆေး (Vaccine) ကိုတော့ မဖြစ်မနေရအောင် ထိုးကြပါ။ လူတိုင်း ဘေးကင်းကြပါစေ။

    ခွေးကိုက်ခံရရင် “ကာကွယ်ဆေး” တစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး

    ​ခွေးကိုက်ခံရတဲ့အခါ လူတော်တော်များများ သိထားတာက “ကာကွယ်ဆေးထိုးရမယ်” ဆိုတာ တစ်ခုတည်းပါ။

    တကယ်တော့ ခွေးရူးပြန်ရောဂါကို ကာကွယ်ဖို့ဆိုတာက ဆေး (၂) မျိုး ရှိပါတယ်။

    တစ်မျိုးက ကာကွယ်ဆေး (Vaccine) နဲ့ နောက်တစ်မျိုးက RIG လို့ခေါ်တဲ့ အဆိပ်ဖြေဆေးပါ။

    ​ဒီနှစ်မျိုးရဲ့ ကွာခြားချက်ကို အလွယ်ဆုံး ပြောပြရမယ်ဆိုရင်။

    ကာကွယ်ဆေး (Vaccine) ဆိုတာက ခန္ဓာကိုယ်ကို ကိုယ်ခံအား (Antibody) ထွက်လာအောင် လုပ်ခိုင်းတဲ့ ဆေးပါ။ သူက အလုပ်လုပ်ဖို့ အချိန်စောင့်ရပါတယ်။

    အဆိပ်ဖြေဆေး (RIG) ကတော့ အသင့်ရှိပြီးသား ကိုယ်ခံအားကို အပြင်ကနေ တိုက်ရိုက် ထည့်ပေးတာပါ။ ဗိုင်းရပ်စ်ပိုးက အင်အားမကြီးခင်မှာ ချက်ချင်းဝင်နှိမ်နင်းမယ့် “အသက်ကယ်ဆေး” ပေါ့။

    ​ဒါဆို ဘယ်အချိန်မှာ RIG (အဆိပ်ဖြေဆေး) ထိုးဖို့ လိုသလဲ?

    သွေးထွက်တဲ့အထိ အကိုက်ခံရရင်၊ ဒါမှမဟုတ် ဒဏ်ရာက နက်တယ်ဆိုရင် ဗိုင်းရပ်စ်ပိုးက သွေးကြောထဲ ရောက်ဖို့ အခွင့်အလမ်း အရမ်းများသွားပါပြီ။

    အဲ့ဒီအချိန်မှာ ကာကွယ်ဆေးက ကိုယ်ခံအားထုတ်ပေးမယ့်အချိန်ကို စောင့်နေလို့ မရတော့ဘူး။

    ကာကွယ်ဆေးရောအဆိပ်ဖြေဆေး RIG ပါ နှစ်မျိုးလုံး ထိုးရပါမယ်။ RIG ကို ထိုးတဲ့အခါမှာလည်း ဒဏ်ရာပတ်လည်မှာ တိုက်ရိုက် ထိုးထည့်ရတာ ဖြစ်ပါတယ်။ အများအားဖြင့်က RIG ကို Day 0 (first visit) မှာပဲ ideally ထိုး‌ပေးပါတယ်။

    ​ဆေးထိုးတဲ့ ရက်ချိန်းနဲ့ ပတ်သက်ရင်…

    ပထမဆုံး ၇ ရက်အတွင်း ထိုးရမယ့် ၃ လုံး (Day 0, 3, 7) ကတော့ အရေးအကြီးဆုံးပါပဲ။ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအား မြန်မြန်ထွက်လာဖို့ သူတို့က အဓိက အလုပ်လုပ်ပေးတာပါ။

    နောက်ဆုံးတစ်လုံးကိုတော့ ၁၄ ရက်နဲ့ ၂၈ ရက်ကြား ကြိုက်တဲ့ရက်မှာ ပိတ်ထိုးလိုက်ရုံပါပဲ။

    (၁၄ ရက်နေ့ ထိုးတာတော့ အကောင်းဆုံးပါပဲ) အရင်က ၅ လုံး ထိုးရတယ်ဆိုပေမယ့် အခုနောက်ဆုံး Update အရဆိုရင်တော့ ၄ လုံးထိုးလည်း လုံလောက်ပါတယ်။

    ​သတိပေးချင်တာက…

    ခွေးရူးပြန်ရောဂါဆိုတာ လက္ခဏာပြလာပြီဆိုရင် ၁၀၀ ရာခိုင်နှုန်း သေနိုင်တဲ့ ရောဂါပါ။ “မထိုးလည်း ရမလား” ဆိုတဲ့ အတွေးမျိုးကို ဖျောက်ပါ။

    ခွေးကိုက်ခံရရင် ဆပ်ပြာနဲ့ ၁၅ မိနစ်ကြာအောင် အရင်ဆေးပြီး ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း ပြေးပါ။

    ကုန်ကျစရိတ်အနေနဲ့ အစိုးရဆေးရုံကြီးတွေမှာ Vaccine ကို အခမဲ့ရနိုင်ပေမယ့် RIG ကတော့ ရှားပါးသလို ဈေးလည်းကြီးတတ်ပါတယ်။

    ဒါပေမဲ့ Category III (သွေးထွက်တဲ့ဒဏ်ရာ) ဆိုရင်တော့ မဖြစ်မနေအပြင်မှာ ရှာပြီးထိုးသင့်ပါတယ်။

    ​ဒီအကြောင်းအရာတွေကို ကျွန်မ အခုလို အားစိုက်ပြီး ရေးနေရတာဟာ Facebook က မိတ်ဆွေ အစ်မတစ်ယောက် မနေ့က ရေးထားတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်မှန်လေးတစ်ခုကို ဖတ်လိုက်ရလို့ပါ။

    ​လွန်ခဲ့တဲ့ နှစ်လလောက်က အဲ့အမရဲ့ရပ်ကွက်ထဲက ကလေးမလေးတစ်ယောက် ခွေးကိုက်ခံရတယ်တဲ့။ သမီးလေး ခင်မေဇင်တဲ့၊ အသက်က ၉ နှစ်ပဲ ရှိသေးတာ။

    မိခင်မရှိရှာဘဲ အဖေနဲ့ အဒေါ်တွေနဲ့ နေထိုင်ရတဲ့ ကလေးမလေးပါ။ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတဲ့ ရောဂါလက္ခဏာတွေကို အဲ့ဒီအစ်မက သူ့အိမ်နားက ကလေးဆီမှာ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။

    ​ဒီဖြစ်ရပ်မှာ ရင်နာစရာအကောင်းဆုံးက သမီးလေးမှာ ၂ လဆိုတဲ့ အချိန်အတိုင်းအတာတစ်ခု အလုံအလောက် ရခဲ့ပါလျက်နဲ့ ဆုံးရှုံးလိုက်ရတာပါပဲ။

    ခွေးရူးပြန်ရောဂါရဲ့ ပိုးပျိုးရက် (Incubation Period) က များသောအားဖြင့် ၁ လကနေ ၃ လအထိ ကြာတတ်ပါတယ်။

    (တချို့မှာ ပိုတို/ပိုရှည်နိုင်ပါတယ်)1 week to 1 year(rare)တကယ်လို့သာ အကိုက်ခံရပြီးချင်း ရက်ပိုင်းအတွင်းမှာတင် ကာကွယ်ဆေး (Vaccine) ကိုသာ စနစ်တကျ ထိုးခဲ့မယ်ဆိုရင် အခုလို အသက်ဆုံးရှုံးတဲ့အထိ ဖြစ်လာမှာ မဟုတ်ပါဘူး။

    ​နှ‌မြောစရာအချက်ကတော့ –

    ဆေးမြီးတိုနဲ့ အချိန်ဖြုန်းမိခြင်းပါ ပြန်ကြားရတာက ကလေးမလေးရဲ့ ဒါဏ်ရာကို မီးသွေးနဲ့အချိုမှုန့် ရောပြီးသိပ်တယ်တဲ့။

    အရပ်ထဲက ဓလေ့တွေနဲ့”မသိနားမလည်မှု” ကြောင့် ဆေးရုံပြရမယ့်အစား ဆေးမြီးတိုတွေနဲ့ ကုနေခဲ့လို့ အဖိုးတန်တဲ့ ၂ လတာ အချိန်တွေ ဆုံးရှုံးသွားခဲ့ရတာပါ။

    RIG (အဆိပ်ဖြေဆေး) ထိုးဖို့ အဆင်မပြေခဲ့ရင်တောင်မှ Vaccine ကိုသာ အချိန်မီ ထိုးခွင့်ရခဲ့ရင် သူ့ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိခဲ့တာပါ။

    Vaccine ကအစိုးရ ဆေးရုံကြီးတွေမှာအလကားထိုးပေးပါတယ်။(ဥပမာ ရန်ကုန်ဆေးရုံကြီး၊မဥက္ကလာဆေးရုံ၊စံပြဆေးရုံ)

    ​အခုတော့… ၄၈ နာရီပဲ ခံတော့မယ့် အခြေအနေရောက်မှသိရတော့ ကလေးက တကိုယ်လုံး ပိုးတွေပျံ့ပြီး ဝေဒနာခံစားသွားရရှာတယ်။

    အော်ဟစ်ပြီး၊ ပါးစပ်က အမြုပ်တွေထွက်ပြီး မြင်ရတာ တကယ်ကို စိတ်မကောင်းစရာပါရှင်။

    ဆေးရုံက ပြန်လာတဲ့လမ်းမှာလည်း ဘုရားစာတွေ ဆိုသွားရှာသေးတယ်တဲ့

    ဘယ်လို ဝဋ်ကြွေးတွေများ ပါလာခဲ့လဲခလေးရယ်။နောင်ဘဝဆက်တိုင်းမှာ ဒီလို ရောဂါမျိုး၊ ဒီလိုကံကြမ္မာမျိုးနဲ့ မဆုံပါစေနဲ့တော့လို့ပဲ ဆုတောင်းပေးမိပါတယ်ကွယ်။

    ဒီဖြစ်ရပ်က ကျွန်မတို့အားလုံးအတွက် သင်ခန်းစာပါ။

    “အသိနောက်ကျခြင်း” ရဲ့ ရလဒ်ဟာ အသက်တစ်ချောင်းပါပဲ။ သွေးထွက်အောင် အကိုက်ခံရရင် RIG (အဆိပ်ဖြေဆေး) မမေ့ပါနဲ့။

    RIG မရခဲ့ရင်‌တောင် ကာကွယ်ဆေး (Vaccine) ကိုတော့မဖြစ်မနေရ‌အောင်ထိုးကြပါ။

    လူတိုင်း ဘေးကင်းကြပါစေ။

    ​မိုးခါးအိမ်

  • ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ⚠️ ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ပူပြင်းသည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အဆမတန် မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် မနက်ဖြန် မတ်လ ၁၈ ရက်နေ့မှစတင်ကာ အချိန်ပိုင်းအလိုက် ဝန်အားမျှတခွဲဝေဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

    နွေရာသီဖြစ်သည့် မတ်လမှ ဇွန်လအထိ ကာလအတွင်း ဓာတ်အားကို စဉ်ဆက်မပြတ် မျှတစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုကဲ့သို့ အချို့နေရာများနှင့် အချိန်များကို ညှိနှိုင်းကာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးရခြင်းဖြစ်ကြောင်း သိရသည်။

    သိထားသင့်သည့် အချက်များ –

    အလှည့်ကျ မီးဖြတ်မည့်စနစ်: ဓာတ်အား ထုတ်လုပ်နိုင်မှုအပေါ် မူတည်ပြီး အချိန်ပိုင်းအလိုက် ခွဲဝေဖြန့်ဖြူးမည် ဖြစ်သည်။

    မီးမပြတ်မည့် နေရာများ: သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများမှ တိုက်ရိုက်လိုင်းဖြင့် ပေးထားသည့် ဓာတ်အားလိုင်းများကိုမူ ဝန်အားခွဲဝေခြင်း မပြုဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးမည် ဖြစ်သည်။

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အခြေအနေအရ ဝန်အားခွဲဝေဖြန့်ဖြူးရခြင်းအပေါ် နားလည်ပေးရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးကြပါရန် မေတ္တာရပ်ခံထားပါသည်။