Category: News

  • စစ်ကိုင်း မင်းကွန်းမှာ ပျူတွေ သုတ်သင်ခံရ

    စစ်ကိုင်း မင်းကွန်းမှာ ပျူတွေ သုတ်သင်ခံရ

    စစ်ကိုင်း မင်းကွန်းမှာ ပျူတွေ သုတ်သင်ခံရပြီးနောက် စစ်အုပ်စုက အိမ်ခြေရာချီ မီးရှို့ဖျက်ဆီး

    စစ်ကိုင်းမြို့နေ ပျူခေါင်းဆောင် သင်္ကန်းဝတ်ဘုန်းကြီးက ဦးဆောင်ကာ မီးရှို့ဟုဆို

    စစ်ကိုင်းမြို့က ပျူစောထီးအဖွဲ့ ခေါင်းဆောင် ရွှေကျားနဲ့ နောက်လိုက် ပျူတွေ စစ်ကိုင်း – မင်းကွန်းလမ်းမှာ သုတ်သင် ရှင်းလင်း ခံရပြီးနောက် မင်းကွန်းတိုက်နယ်၊ လက်ပံရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သုံးကြိမ်တိုင် စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

    “ရွှေကျားအဖွဲ့ ချေမှုန်းခံရတဲ့ ဖြစ်စဥ်နဲ့ပါ။ အိမ်ခြေ ၁၀၀ ကျော်ပါ မီးရှို့ဖျက်ဆီး ခံရပါတယ်” လို့ မင်းကွန်းဒေသ သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

    ရွှေကျားနဲ့ နောက်လိုက် အပေါင်းအပါတွေ သုတ်သင်ရှင်းလင်းခံရပြီးနောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးမှာ နေထိုင်တဲ့ သင်္ကန်းဝတ် ဝေပုလ္လ (လူနာမည် – ဆန်းသစ်) ဆိုသူက လက်ပံရွာကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းခဲ့တာ ဖြစ်တယ်လို့ မင်းကွန်းဒေသ သတင်းမှန် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

    ရွာမီးရှို့ဖျက်ဆီးခံရလို့ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ လက်ပံရွာက ဒေသခံပြည်သူတွေဟာ နီးစပ်ရာနေရာတွေမှာ ရှောင်တိမ်းနေထိုင်ကြရဆဲ ဖြစ်ပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ရွှေကျားနဲ့အဖွဲ့ရှင်းလင်းခံရပြီးနောက် မင်းကွန်းဒေသ၊ ဝါးချက်ရွာနဲ့ ပယ်ငါးဆယ်ရွာက ဒေသခံ ပြည်သူတွေကို စစ်အုပ်စုနဲ့ ပျူတွေက အကြောင်းမဲ့ ဖမ်းဆီးထားတာတွေ ရှိတယ်လို့ ပြောပါတယ်။

    “သတ်တာ မဟုတ်ဘဲ ဖမ်းဆီးတာတွေတော့ ရှိပါတယ်။ (ဖမ်းဆီးခံရတာ) များပါတယ်။ ပြန်လွတ်တာတွေ ရှိသလို မလွတ်တာတွေလည်း ရှိပါတယ်”

    ဒါ့အပြင် စစ်ကိုင်း – မင်းကွန်းလမ်း၊ မင်းကွန်းတိုက်နယ်၊ တလိုင်းဆင်ရွာအနီးမှာ စစ်အုပ်စုက အမည်မသိ အမျိုးသားနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ကာ အလောင်းတွေ စွန့်ပစ်ထားခဲ့ပြီး PDF နှစ်ဦးကို လက်လုပ်မိုင်း နှစ်လုံးနဲ့အတူ တွေ့ရှိလို့ ပစ်သတ်ခဲ့တာလို့ စစ်အုပ်စုက ဇန်နဝါရီလ ၁၈ ရက်မှာ သတင်းဖြန့်ပါတယ်။

    အဲ့ဒီ တလိုင်းဆင်ရွာအနီး တွေ့ရတဲ့ အလောင်းတွေဟာ နယ်ခံတွေ မဟုတ်ဘဲ ဘယ်သူဘယ်ဝါဆိုတာ မသိရဘဲ စစ်အုပ်စုက ဖမ်းခေါ်လာသူတွေကို သတ်ဖြတ်စွန့်ပစ်ထားခဲ့ခြင်း ဖြစ်ကာ ယခင်ကလည်း စစ်ကိုင်းနယ်မှာ အဲ့လို သတ်ဖြတ်စွန့်ပစ်တာတွေ စစ်အုပ်စုက မကြာခဏ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဇန်နဝါရီလ ၇ရက်က စစ်ကိုင်းမြို့ကနေ မင်းကွန်းမှာရှိတဲ့ စစ်အုပ်စုဆီ ရိက္ခာလာပို့တဲ့ စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျူစောထီး ရွှေကျားနဲ့အဖွဲ့ကို စစ်ကိုင်း-မင်းကွန်းလမ်း၊ လက်ပံရွာ အနီးမှာ သုတ်သင် ရှင်းလင်းခဲ့ပြီး ရွှေကျားနဲ့ လက်ပံရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ပျူ ကိုးယောက် သေကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်က ထုတ်ပြန်ထားပါတယ်။

    ရွှေကျားနဲ့အဖွဲ့ဟာ မင်းကွန်းရှေးဟောင်းနယ်မြေနဲ့ စစ်ကိုင်း – မင်းကွန်းလမ်းပေါ် အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်၊ လက်နက်ပြ မိုက်ကြေးခွဲနေသူတွေ ဖြစ်ကာ Road To Mandalay မစ်ရှင်အဖြစ် ယူနီကွန်း ပြောက်ကျားတပ်နဲ့ မဟာမိတ်တွေက ပူးပေါင်း သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

    မင်းကွန်းဒေသမှာ စစ်အုပ်စုနဲ့ပျူတွေ သောင်းကျန်းနေဆဲ ဖြစ်သလို ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ စစ်ရေး တင်းမာနေဆဲမို့ ပြည်သူတွေအနေနဲ့ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းကို မနက် ၆နာရီကနေ ညနေ ၆နာရီ အတွင်းသာ အသုံးပြုဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – မင်းကွန်းက ဖေဖော်ဝါရီ ၁၄ရက်မှာ အသိပေး ထုတ်ပြန် ထားပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်း အရပ်သားနေအိမ် ၁၀၈,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ Data for Myanmar (D4M) က ထုတ်ပြန် ထားပါတယ်။ စစ်ကိုင်းတိုင်းဟာ အိုးအိမ်မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ပြီး အရပ်သားနေအိမ် ၇၅,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကိုင်းမြို့နယ်မှာလည်း စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၄၀၀၀ ဝန်းကျင် ပြာကျပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။

    စစ်ကိုင်း၊ မင်းကွန်းတိုက်နယ်၊ လက်ပံရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးထားစဉ်/Photo – CJ၊ မင်းကွန်းတိုက်နယ် သတင်းမှန် ပြန်ကြားရေး

  • ညောင်ဦးမြို့ရှိ စစ်ကောင်စီတပ်ထံ စစ်မှုထမ်းရမည့်ပြည်သူများစာရင်း PDA ထုတ်ပြန်

    စာရင်းပါသူများ အမြန်ဆုံးရှောင်ကြရန် တိုက်တွန်း

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်မှုထမ်းခိုင်းရန် ပြုစုထားသည့် ပြည်သူများ၏ အမည်စာရင်းများကို ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/ PDA) က ထုတ်ပြန်ပြီးနောက် အမြန်ဆုံး ရှောင်ရှားကြရန် တိုက်တွန်း သတိပေးသည်။

    အဆိုပါစာရင်းကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ စစ်ရေးလှုပ်ရှားမှု တခုအတွင်းမှ ရရှိလာခြင်းဖြစ်ပြီး ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်များမှ လူဦးရေ ( ၇၀၀ ) ကျော်ပါဝင်ကြောင်း အသိပေးသည်။

    ထို့ကြောင့် စာရင်းပါ ပြည်သူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမြန်ဆုံးဆက်သွယ်ရှောင်ရှားကြရန်နှင့် ငုံ့မခံပဲ တုံ့ပြန်ကြရန် တိုက်တွန်းထားသည်။

    PDO/PDA အနေဖြင့်လည်း ပြည်သူများကို ကူညီပေးနိုင်ရန် အမြဲအဆင်သင့်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ – PDA

  • မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယ နေရာချိတ်

    မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယ နေရာချိတ်

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယနေရာ ရရှိကြောင်း World Population Review ၏ အစီရင်ခံထုတ်ပြန်ချက်အရ သိရှိရသည်။

    အာရှဒေသသည် ကြီးမားကျယ်ပြန့်သော စီးပွားရေးအခွင့်အလမ်းများစွာရှိသော်လည်း အချို့သောနိုင်ငံများသည် ဆင်းရဲမွဲတေမှုကြောင့် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ အဆင်းရဲဆုံးနိုင်ငံများတွင် လူတစ်ဦးချင်း၏တစ်နှစ် GNI per capita (Gross National Income) ဝင်ငွေမှာ နိမ့်ကျနေကြောင်း အစီရင်ခံစာက ဆိုသည်။

    World Population Review အစီရင်ခံစာအရ အာဖဂန်နစ္စတန်သည် အာရှနိုင်ံတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး GNI per capita တစ်ဦးချင်း ဝင်ငွေမှာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၉၀ သာရှိကြောင်း၊ အာဖဂန်နစ္စတန်တွင် ကာ လ ရှည်ကြာ ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုနှင့် စီးပွားရေး မတည်ငြိမ်မှုများက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ဟန့်တားထားကြောင်း သိရှိရသည်။

    နီပေါနိုင်ငံက အာရှတွင် ဒုတိယအဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက တတိ ယ အဆင်းရဲဆုံးနိုင်ငံဖြစ်လာကြောင်း၊ မြန်မာနိုင်ငံတွင် လူတစ်ဦးချင်း GNI per capita ဝင်ငွေမှာ ၂၀၂၄ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၄၇၆၀ သာရှိကြောင်း၊ စတုတ္တအဆင်းရဲနိုင်ငံမှာ တီမောနိုင်ငံဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ နိုင်ငံများတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် အုပ်ချုပ်စီမံခန့်ခွဲမှုများမှာ ညံ့ ဖျင်းနေပြီး နိုင်ငံတိုးတက်မှု အလားအလာများကို ကန့်သတ်ဟန့်တားနေကြောင်း သိရှိရသည်။

    အာရှအဆင်းရဲဆုံးသော ၁၀ နိုင်ငံစာရင်းတွင် တာဂျစ်ကစ္စတန် ၊ ကာဂျစ်စတန် ၊ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် ၊ပါလက်စတိုင်းတို့လည်း ပါဝင်ကြောင်း၊ အိန္ဒိယနိုင်ငံမှာမူ လူတစ်ဦးချင်း GNI ဝင်ငွေမှာ ဒေါ်လာ ၈၂၁၀ ရှိသော်လည်း လူဦးရေ အလွန်များပြားခြင်း၊ စာတတ်မြောက်မှုနှုန်း နည်းပါးခြင်းနှင့် ချမ်းသာကြွယ်ဝမှု ကွာဟခြင်းများ ဆက်လက်ရှိနေသဖြင့် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးစီးပွား ရေးနိုင်ငံဖြစ်လင့်ကစား အာရှ၏ ဆင်းရဲသော ၁၀ ခုမြောက် နိုင်ငံအဖြစ်ပါဝင်နေကြောင်း အစီရင်ခံစာက ဆိုသည်။

  • စစ်သားစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေ

    စစ်သားစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေ

    ရန်ကုန်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အတင်းအဓမ္မဖိနှိပ်၊ အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေ

    ရန်ကုန်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အတင်းအဓမ္မဖိနှိပ်၊ အတင်းအဓမ္မစစ်သားစု ဆောင်းပေးနေသည့်အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒေသခံများ၏ပေးပို့ချက်အရ ရွှေပြည်သာမြို့နယ်ရှိ အမှတ် ၅ ရပ်ကွက်မှ ဇွန်ကို ခ အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရဲသတင်းပေးတစ်ဦးအနေဖြင့် ဂျွန်ကိုက ရပ်ကွက်အတွင်းရှိ ပြည်သူများအပေါ် အကြမ်း ဖက်မှုတွေကို လုပ်ဆောင်နေသည့်အပြင် ရပ်ကွက်အတွင်းရှိ လူမိုက်ရမ်းကားများဖြင့် ပူးပေါင်းကာ အတင်းအဓမ္မ စစ်သားစုဆောင်းနေသူတစ်ဦး ဖြစ်ပါတယ်။

    ဒါအပြင် လှိုင်သာယာမြို့နယ်နေ အမှတ် ၅ ရပ်ကွက်၊ သီရိဇေယျလမ်းနေ အုပ်ချုပ်ရေးမှူးဟောင်းညွန့်တင် နှင့် ၎င်း၏ ဇနီးတို့က စစ်တပ်အမာခံထောက်ခံသူများ ဖြစ်ပြီး မြေယာဂွင်ဖန်မှု၊ စစ်မှုထမ်းအတွက် စစ်သားစုဆောင်း ရာတွင် အဓိက ပူးပေါင်းပါဝင်မှုအပြင် စစ်တပ်အား သတင်းပေးပြီး ပြည်သူလူထုကို ဖမ်းဆီးခိုင်းတာတွေကို လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

    အလားတူ တောင်ဒဂုံမြို့နယ်ရှိ အမှတ် ၅၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး နိုင်ဒဂုံ ခ သီဟမျိုးနိုင်သည် ရပ်ကွက်အတွင်းရှိ ဘေးတွဲဆိုင်ကယ်များထံမှ ငွေကြေးများကို ကောက်ခံပြီး အာဏာသိမ်းစစ်အုပ်စုအတွက် စစ်ဆင်ရေးပစ္စည်းများကို ထောက်ပံ့ခြင်း၊ မြေပင်သပိတ်လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် လူစုပေးခြင်း၊ ရပ်ကွက်အတွင်းရှိ တွေ့ရာလူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခြင်း နှင့် ရပ်ကွဥ◌်ရုံးကို စစ်ကြောရေးသဖွယ် အသုံးပြုပြီး ရိုက်နှက်တာတွေကြောင့် အသက်ဆုံးရှုံးရခြင်းအပါအဝင် ဈေးသည်များကို လစဉ်ကြေးကောက်ခံခြင်း၊ နွယ်နီလမ်းနေ ဘုန်းကြီးတစ်ပါးကို စစ်မှုထမ်းစာရင်း ပါဝင်သည်ဟု ပြောဆိုကာ ရုံးသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ပြီး သင်္ကန်းချွတ်ကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများ၏ပေးပို့ချက်အရ သိရပါတယ်။

    အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးနိုင်ဒဂုံ နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက “ သူကြောင့် သေဆုံးရတဲ့ပြည်သူတွေရဲ့ နာမည်တွေတော့ မသိဘူးရယ်၊ နိုင်ဒဂုံက ထောင်ထွက်၊ မိုက်ကယ်ကျော်မြင့်တပည့်ပီပီ ကမ်းကုန်းအောင်တော့ ယုတ်မာနေတာရယ်၊ ရက်ကွက်နေပြည်သူတွေကတော့ အိုက်ကြေးခွဲလည်းခံရ ၊အနှိပ်အစက်လည်းခံရတော့ သူတိုကိုရှောင်ကြည်ကြပါတယ် ပြသာနာမဖြစ်လေကောင်းလေဆိုပြီးတော့ ” လို့ ပြောပါတယ်။

    လက်ရှိအချိန်တွင် အာဏာသိမ်းစစ်အုပ်စုက ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အတင်းအဓမ္မစစ်သားစုဆောင်းမှုများကို ပိုမိုလုပ်ဆောင်နေတာကြောင့် ပြည်သူအများအပြားက ဒုက္ခရောက်လျက် ရှိနေကြောင်း သိရပါတယ်။

  • စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသနေစဉ်  သေဆုံး

    စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသနေစဉ် သေဆုံး

    ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသနေစဉ် သေဆုံးသွားခဲ့

    ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ကို ဓာတ်ဆီလောင်း၍ မီးရှို့ တိုက်ခိုက်ခဲ့သော ဖြစ်စဉ်အတွင်း မီးလောင်ဒဏ်ရာရရှိခဲ့သော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတက်နေသော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ပိုးဝင်၍ ပြင်းပြင်းထန်ထန် ဖျားကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ကြည်စုရပ်ကွက်က ဓာတ်ဆီလောင်း မီးရှို့ခံရတဲ့ စစ်မှုထမ်းရန် စာရင်း လိုက်ကောက်တဲ့ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာတွေနဲ့ သေပြီ။ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှာ သေတာ။ နာရေးလုပ်နေပြီ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကြည်စုရပ်ကွက် ၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူး ၊ ဆယ်အိမ်မှူး အမျိုး သမီးနှင့် အမျိုးသမီးငယ်တစ်ဦးတို့က စစ်မှုထမ်းစာရင်း ပြုစုရန် သန်းခေါင် စာရင်း မိတ္တူများ လိုက်လံကောက်ခံနေစဉ် အိမ်ရှင်က ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မီးရှို့မှုကြောင့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး အမျိုးသမီးတို့မှာ နေရာအနှံ့အပြား မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။