ရန်ကုန်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အတင်းအဓမ္မဖိနှိပ်၊ အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေ

ရန်ကုန်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အတင်းအဓမ္မဖိနှိပ်၊ အတင်းအဓမ္မစစ်သားစု ဆောင်းပေးနေသည့်အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံများ၏ပေးပို့ချက်အရ ရွှေပြည်သာမြို့နယ်ရှိ အမှတ် ၅ ရပ်ကွက်မှ ဇွန်ကို ခ အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရဲသတင်းပေးတစ်ဦးအနေဖြင့် ဂျွန်ကိုက ရပ်ကွက်အတွင်းရှိ ပြည်သူများအပေါ် အကြမ်း ဖက်မှုတွေကို လုပ်ဆောင်နေသည့်အပြင် ရပ်ကွက်အတွင်းရှိ လူမိုက်ရမ်းကားများဖြင့် ပူးပေါင်းကာ အတင်းအဓမ္မ စစ်သားစုဆောင်းနေသူတစ်ဦး ဖြစ်ပါတယ်။

ဒါအပြင် လှိုင်သာယာမြို့နယ်နေ အမှတ် ၅ ရပ်ကွက်၊ သီရိဇေယျလမ်းနေ အုပ်ချုပ်ရေးမှူးဟောင်းညွန့်တင် နှင့် ၎င်း၏ ဇနီးတို့က စစ်တပ်အမာခံထောက်ခံသူများ ဖြစ်ပြီး မြေယာဂွင်ဖန်မှု၊ စစ်မှုထမ်းအတွက် စစ်သားစုဆောင်း ရာတွင် အဓိက ပူးပေါင်းပါဝင်မှုအပြင် စစ်တပ်အား သတင်းပေးပြီး ပြည်သူလူထုကို ဖမ်းဆီးခိုင်းတာတွေကို လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

အလားတူ တောင်ဒဂုံမြို့နယ်ရှိ အမှတ် ၅၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး နိုင်ဒဂုံ ခ သီဟမျိုးနိုင်သည် ရပ်ကွက်အတွင်းရှိ ဘေးတွဲဆိုင်ကယ်များထံမှ ငွေကြေးများကို ကောက်ခံပြီး အာဏာသိမ်းစစ်အုပ်စုအတွက် စစ်ဆင်ရေးပစ္စည်းများကို ထောက်ပံ့ခြင်း၊ မြေပင်သပိတ်လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် လူစုပေးခြင်း၊ ရပ်ကွက်အတွင်းရှိ တွေ့ရာလူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခြင်း နှင့် ရပ်ကွဥ◌်ရုံးကို စစ်ကြောရေးသဖွယ် အသုံးပြုပြီး ရိုက်နှက်တာတွေကြောင့် အသက်ဆုံးရှုံးရခြင်းအပါအဝင် ဈေးသည်များကို လစဉ်ကြေးကောက်ခံခြင်း၊ နွယ်နီလမ်းနေ ဘုန်းကြီးတစ်ပါးကို စစ်မှုထမ်းစာရင်း ပါဝင်သည်ဟု ပြောဆိုကာ ရုံးသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ပြီး သင်္ကန်းချွတ်ကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများ၏ပေးပို့ချက်အရ သိရပါတယ်။

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးနိုင်ဒဂုံ နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက “ သူကြောင့် သေဆုံးရတဲ့ပြည်သူတွေရဲ့ နာမည်တွေတော့ မသိဘူးရယ်၊ နိုင်ဒဂုံက ထောင်ထွက်၊ မိုက်ကယ်ကျော်မြင့်တပည့်ပီပီ ကမ်းကုန်းအောင်တော့ ယုတ်မာနေတာရယ်၊ ရက်ကွက်နေပြည်သူတွေကတော့ အိုက်ကြေးခွဲလည်းခံရ ၊အနှိပ်အစက်လည်းခံရတော့ သူတိုကိုရှောင်ကြည်ကြပါတယ် ပြသာနာမဖြစ်လေကောင်းလေဆိုပြီးတော့ ” လို့ ပြောပါတယ်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်အုပ်စုက ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အတင်းအဓမ္မစစ်သားစုဆောင်းမှုများကို ပိုမိုလုပ်ဆောင်နေတာကြောင့် ပြည်သူအများအပြားက ဒုက္ခရောက်လျက် ရှိနေကြောင်း သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *