Category: News

  • “ဝယ်ယူသူမရှိတဲ့ ခြံအမှတ် ၅၄ ကို (၄) ကြိမ်မြောက် ဈေးထပ်လျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦး ကြိုးစားနေ”

    “ဝယ်ယူသူမရှိတဲ့ ခြံအမှတ် ၅၄ ကို (၄) ကြိမ်မြောက် ဈေးထပ်လျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦး ကြိုးစားနေ”

    ဒေါ်အောင်ဆန်းစုကြည် မိသားစုအမွေဆိုင်အိမ်ဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ၂၇ ဘီလီယံကျပ် ဈေးထပ်လျှော့ပြီး နောက်တကြိမ် လေလံတင်ဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေပါတယ်။

    အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ၃ ကြိမ် လေလံပစ်ခဲ့ပေမဲ့ ဝယ်မယ့်သူမရှိတာကြောင့် လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီလီယံကနေ ကျပ်ငွေ ၂၇၀ ဘီလီယံ လျှော့ချ လေလံထပ်တင်ဖို့ ဦးအောင်ဆန်းဦးရှေ့နေက တရားရုံးကို တင်ပြခဲ့ပါတယ်။

    အိမ်ခြံကြီးကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ၂၀၂၄ မတ်လ ၂၀ ရက်နေ့မှာ ပထမဆုံးအကြိမ်လေလံ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက ဝယ်သူမရှိတဲ့အတွက် ဈေးအကြိမ်ကြိမ်လျှော့ပြီး လေလံပစ်နိုင်ဖို့ ကြိုးစားတာ အခု (၄) ကြိမ်မြောက်ဖြစ်ပါတယ်။

    နှစ်ရှည်ထောင်ဒဏ်အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အဖွဲ့ကတော့ ဦးအောင်ဆန်းဦး ရှေ့ နေ တွေ တင်ပြလာတဲ့ဈေးနှုန်းနဲ့ပတ်သတ်လို့ ရှေ့သီတင်းပတ် ကြာသပတေးနေ့ရုံးချိန်းကျရင် ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

  • နှစ်ဖွဲ့ကွဲနေတဲ့ ချင်းကောင်စီတွေ ပေါင်းစည်း၊ ချင်းပြည် စည်းလုံးခြင်းရဲ့ ခြေလှမ်းအစလို့ ဆို

    ချင်းပြည်နယ်မှာ နှစ်ဖွဲ့ကွဲနေတဲ့ ချင်းပြည် ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ တို့အကြား ပူးပေါင်းစုစည်းကာ “ချင်းအမျိုးသားကောင်စီ ” တစ်ခုတည်းအဖြစ် ဖွဲ့စည်းဖို့ ဖေဖော်ဝါရီလ ၂၆ရက်မှာ သဘောတူညီမှု ရရှိခဲ့တယ်လို့ ချင်းပြည် (Chinland)ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ကောင်စီနှစ်ခုကို ပူးပေါင်းကာ “ချင်းအမျိုးသား ကောင်စီ” အဖြစ် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြသလို ချင်းအမျိုးသား ကောင်စီ အမြန်ဆုံး ပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှုကြမ်း ရေးဆွဲရေး အဖွဲ့ ဖွဲ့စည်းဖို့လည်း သဘောတူညီမှု ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီလို ကောင်စီနှစ်ခု ပေါင်းစည်းဖို့ သဘောတူညီမှု ရရှိတာဟာ ချင်းပြည် စည်းလုံးခြင်းရဲ့ ခြေလှမ်းအစ ဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC)အဖွဲ့ဝင်၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ဒုဥက္ကဌ၊ ဆလိုင်းပီတာထန်းက ပြောပါတယ်။

  • စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့

    စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့

    စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ (MMQR) ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး ဘတ်ဂျက်လိုငွေပြမှုနှင့် စီမံကိန်းအသုံးစရိတ်များတွင် ဒီဂျစ်တယ်ငွေကြေး အစားထိုးသုံးမည်

    အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ရန် မလိုအပ်တော့သည့် ဒီဂျစ်တယ်ငွေပေးချေမှု မြန် မာ ကြူအာ (MMQR)စနစ်ကို စတင်အသုံးပြုပြီး ဘတ်ဂျက်လိုငွေပြမှု ၊စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ လစာ အပါအဝင်နိုင်ငံတော်ပရောဂျက်များ၏ အသုံးစရိတ်အထိ ယင်းစနစ်ကို သုံးမည်ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာကြူအာ (MMQR)စနစ်ကို NLD အစိုးရလက်ထက်က စတင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ချက်ချင်းအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင် မြန် မာ ကြူအာ (MMQR)စနစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ငွေကြေးဖောင်းပွမှုနှင့် ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ခြင်းမှ ရှောင်ရှားနိုင်ရန် ပြည်သူများ ဒီဂျစ်တယ်ငွေ ကြေးနှင့်ဒီဂျစ်တယ်ငွေပေးချမှုများ အသုံးပြုရန် ဗဟိုဘဏ်က အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

    မြန်မာကြူအာစနစ်တွင် ဝန်ကြီးဌာနနှင့် အများပြည်သူများ ဒီဂျစ်တယ် ငွေပေးငွေယူများအတွက် အသုံးပြုနိုင်ရေးအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သော ပေးချေမှုများအတွက် CBM-System ACH စနစ် ၊ QR အသုံးပြုငွေပေးချေမှုများအတွက် Digital Payment Switch ဖြင့် အသုံးပြုမည်ဖြစ်သည်။

    စစ်ကောင်စီဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များအနေဖြင့်

    ၁ – လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ ။

    ၂ – လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအပါအဝင် အုပ်စုအတွက် လုပ်ဆောင်ရွက်မှု ပမာဏအား တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀။

    ၃ – မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ်ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်။

    ၄ – ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေးချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်။

    ၅ – ကျပ်သိန်း ၁၀၀ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန် ။

    ၆ – ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Functionကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန်။

    ၇ – စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း ( လူပုဂ္ဂိုလ်ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန်။

    ၈ – Merchant များအတွက် မှတ်ပုံတင်ရာတွင် အချက်အလက် မှန်ကန်မှု ရှိစေရေး သေချာစိစစ်ရန်၊ အမှန်တကယ် Merchant ဖြစ်ကြောင်း ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများက အာမခံပေးရန် တို့ကို သတ်မှတ်ထာ်ကြောင်း သိရှိရသည်။

    စစ်ကောင်စီဗဟိုဘဏ်၏ သတ်မှတ်ချက်များကို မလိုက်နာပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားသည်။

    အကြမ်းဖက်စစ်ကောင်စီက လက်ရှိ အသုံးပြုနေသော ငွေရေးကြေးရေးကဏ္ဍကို ဒီဂျစ်တယ်ငွေကြေး အဖြစ် ပြောင်းလဲ အသုံးပြုရန် စီစဉ်ခြင်းမှာ ကျပ်ငွေဘီလီယံရိုက်နှိပ်နေရခြင်းမှ ရှောင်ရှားရန် အဓိက ဖြစ်ပြီး ဒီဂျစ်တယ်ငွေရေးကြေးရေးအတွက် အာမခံချက် မရှိကြောင်း၊ နိုင်ငံတကာကဲ့သို့ ဒီဂျစ်တယ် ငွေရေးကြေးရေးနှင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ချိတ်ဆက်ထားခြင်းမရှိဘဲ လက်ပူတိုက်၍ ကျပ်ငွေ ဘီလီယံချီ ရိုက်ထုတ်ရခြင်း ရှောင်ရှားရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်ကို ပြည်သူများအားလုံး အလုံးစုံပါဝင်လာနိုင်ရေး၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်သုံးစွဲနိုင်ရန်၊ နိုင်ငံ၏ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပ ငွေလွှဲဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

    မြန်မာကြူအာ (MMQR)ကို အစိုးရထံသို့ အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင် ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြု မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ကြေညာသည်။

    ထို့ပြင် အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဝန်ကြီးဌာန ၃၄ ခု၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်ရှိ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစဉ် လစာပေးရန် သတ်မှတ်ခဲ့ကြောင်း၊ အဆိုပါ ငွေကြေးချေမှုအတွက် ပုဂ္ဂလိဘဏ်များနှင့် စစ်တပ်ကျောထောက်ခံပြုထားသော ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ပိုင်ခွင့်ချထားပေးခဲ့သည်။

    စစ်ကောင်စီက ကျပ်ငွေများ ရိုက်ထုတ်နေရမှုများကို လျှော့ချရန်၊ ငွေကြေးဖောင်းပွ မှုများကို ကာကွယ်ရန်၊ အမျိုးသား ဒီဂျစ်တယ်ငွေပေးချေမှု စနစ် မဟာဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် ဒီဂျစ်ငွေကြေးပေးချေမှု ပထမဦးဆုံးသော Pilot ပရောဂျက်အဖြစ် နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ဒီဂျစ်ငွေကြေးဖြင့် လစာပေးခဲ့ရာ အဆင် ပြေ ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလမှစတင်၍ ဝန်ကြီးဌာန ၃၄ ခုမှ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် ပေးချေပြီး ရန်ကုန်၊ မန္တလေးရှိ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့်ပင် ဝန်ထမ်းလစာများ ပေးချေခဲ့ကြောင်း၊ လစဉ် ဒီဂျစ်တယ်ငွေကြေး ငွေကျပ် ၉ ဘီလီယံကျော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အတွင်းရှိ ဝန်ထမ်းများအားလုံးကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစာ ပေးချေခဲ့ပြီး ယင်းသို့ ပေး ချေရန်အတွက်လည်း သက်ဆိုင် ရာ ပုဂ္ဂလိကဘဏ်များ၊ စစ်တပ်ကျောထောက်နောက်ခံပေးထားသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးတွင် ငွေထုတ်စက် ATM များ တိုးမြှင့် တပ်ဆင်လျက်ရှိပြီး ရန်ကုန်တွင် ATM စက် ၁၉၀၈ လုံး၊ မန္တလေးတွင် ATM စက် ၇၀၇ လုံး၊ နေပြည်တော်တွင် ATM စက် ၃၃၂ လုံး ထပ်မံတိုးမြှင့်တပ်ဆင်ခဲ့ကြောင်း သိရှိရသည်။

    စစ်ကောင်စီ၏ ဝန်ထမ်းများအတွက် ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေပေးချေမှု လုပ်ပိုင်ခွင့်ရရှိသူများတွင် စစ်ကောင်စီရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်ကလည်းကောင်း၊ အစိုးရအဖွဲ့ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်နှင့် UAB ဘဏ်တို့ကလည်းကောင်း၊ ပြည် ထောင်စု လွှတ်တော်ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့်KBZ ဘဏ်ကလည်းကောင်း၊ ပြည်သူ့လွှတ်တော်ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်နှင့် CB ဘဏ်ကလည်းကောင်း ၊ အမျိုးသားလွှတ်တော်ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ ဧရာ၀တီဘဏ်နှင့် CB ဘဏ်က လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အတွက် မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်နှင့် CB ဘဏ်ကလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကလည်းကောင်း အသီးသီး လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

    ထို့ပြင် မြ၀တီဘဏ်၊ အင်း၀ဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရွှေဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာ၀တီတောင် သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ Zego Pay ကုမ္ပဏီ (Zego Money) ၊ Digital Money Myanmar (Wave Money)၊ Universal Pay (UniPay)/ Nature Link Pay ကုမ္ပဏီ ( Trusty Ecommerce) ၊ Internet Wallet Myanmar ကုမ္ပဏီ (OK$) တို့ကလည်း ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်းအလိုက် ဒီဂျစ်ငွေကြေးဖြင့် လစာပေးချေမှု ပရောဂျက်များကို ရရှိခဲ့ကြကြောင်း သိရှိရသည်။

  • ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေး

    ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေး

    ဝန်ထမ်းနှင့် စစ်တပ်အနွှယ်ဝင်များ ဖမ်းမိပါက ပြန်လွှတ်ပေးမည်မဟုတ်ဟုဆို

    မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ၅၉၁ တပ်နှင့် ၅၈၃ တပ်များကို ဂရုမစိုက်၍ ကျောင်းရွာလမ်းမကြီးပေါ်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ထံမှ သိရှိရသည်။

    ” စကစ အသိုင်းအဝိုင်းဘက်က ဖမ်းမိတာမျိုးတော့ မရှိဘူး။ မိခဲ့မယ်ဆိုရင် အစစ်အဆေးပြုလုပ်တဲ့ ကာလတွေတိုင်း ဒီနေရာမှ မဟုတ်ဘူး ဝန်ထမ်းအပေါင်းအပါနဲ့ စကစ မျိုးနွှယ်စုတွေ ဖမ်းမိခဲ့မယ်ဆိုလို့ရှိရင် ရေးဘီလူးတပ်ရင်းက ပြန်လွှတ်မှာ မဟုတ်ဘူး။ စစ်တပ်အသိုင်းအဝိုင်းက မိသားစုဝင်တွေ ရွှေ့ပြောင်းတာရှိရင်လည်း ကျွန်တော်တို့ကို အဆိုးမဆိုနဲ့”ဟု ရေးဘီလူးအဖွဲ့ခေါင်းက ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်ဘက်မှ တော်လှန်ရေးဘက်တော်သားများ ၊ ထောက်ပို့များကို ဒုက္ခပေးနေသည့်အတွက် အကြမ်းဖက်စစ်တပ်၏ မိသားစုဝင်များ၊ ဝန်ထမ်းအပေါင်းပါများ ဖမ်းမိပါက ပြန်လွှတ်ပေးမည်မဟုတ်ဘဲ ပြတ်သားစွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကြိုတင်၍လည်း ထုတ်ပြန်ချက်ထုတ်ပြန် သတိပေးပြီး ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

  • သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး

    သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး

    ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများနှင့်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကာ နေရာတွင်ပင် အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၃ နှင့် တပ်ခွဲ ၅ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ ဝင်ရောက် ပစ်ခတ်တာကလည်း ရဲဘော် ၆ ဦးတည်းနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ အခုဝင်ပစ်တဲ့ နေရာက ရဲစခန်းနဲ့ နီးနီးလေးပါ။ စစ်ခွေးတွေက ဘန်ကာထဲကနေ ကျနော်တို့ကို ပြန်ပစ်နေလို့ လက်နက်တောင် မကောက်ခဲ့ရဘူး။ မသေဘဲ ကျန်တဲ့ စစ်ခွေးတွေက သေတဲ့ကောင်ဆီက လက်နက်ပါယူပြီး လိုက်ပစ်သေးတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်၍ ပြည်သူများ အကြမ်းဖက်စစ်သားများနှင့် အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း၊ ကား၊ ဆိုင်ကယ်များ ငှားရမ်းခြင်းများ မပြုလုပ်ကြပါရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) က အသိပေးနှိုးဆော်ထားသည်။