“ဝယ်ယူသူမရှိတဲ့ ခြံအမှတ် ၅၄ ကို (၄) ကြိမ်မြောက် ဈေးထပ်လျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦး ကြိုးစားနေ”

ဒေါ်အောင်ဆန်းစုကြည် မိသားစုအမွေဆိုင်အိမ်ဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ၂၇ ဘီလီယံကျပ် ဈေးထပ်လျှော့ပြီး နောက်တကြိမ် လေလံတင်ဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေပါတယ်။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ၃ ကြိမ် လေလံပစ်ခဲ့ပေမဲ့ ဝယ်မယ့်သူမရှိတာကြောင့် လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီလီယံကနေ ကျပ်ငွေ ၂၇၀ ဘီလီယံ လျှော့ချ လေလံထပ်တင်ဖို့ ဦးအောင်ဆန်းဦးရှေ့နေက တရားရုံးကို တင်ပြခဲ့ပါတယ်။

အိမ်ခြံကြီးကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ၂၀၂၄ မတ်လ ၂၀ ရက်နေ့မှာ ပထမဆုံးအကြိမ်လေလံ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက ဝယ်သူမရှိတဲ့အတွက် ဈေးအကြိမ်ကြိမ်လျှော့ပြီး လေလံပစ်နိုင်ဖို့ ကြိုးစားတာ အခု (၄) ကြိမ်မြောက်ဖြစ်ပါတယ်။

နှစ်ရှည်ထောင်ဒဏ်အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အဖွဲ့ကတော့ ဦးအောင်ဆန်းဦး ရှေ့ နေ တွေ တင်ပြလာတဲ့ဈေးနှုန်းနဲ့ပတ်သတ်လို့ ရှေ့သီတင်းပတ် ကြာသပတေးနေ့ရုံးချိန်းကျရင် ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *