Category: News

  • အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး  အလင်းဝင်

    အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင်

    မြ၀တီမြို့ကို ပြန်သိမ်းရန် ထိုးစစ်ဆင်နေသော စစ်ကောင်စီ၏ အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင်

    ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသော အောင်ဇေယျာ စစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦး လက်နက်မပါဘဲ အလင်းဝင်လာသဖြင့် ဂုဏ်ပြုဆုငွေ၁၀သိန်း ချီးမြှင့်ခဲ့ကြောင်း People Defense Force မှ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ရက်နေ့ ညပိုင်း တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၁ ထံသို့ အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းမှ စစ်သား ၂ ဦးက အလင်းဝင်လာကြောင်း၊ ထိုအလင်းဝင်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦးကို ဗျူဟာ ၃၁ က တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

    “ဇန်နဝါရီလ ၁၈ရက်နေ့ ညကအလင်းဝင်ရောက်လာခဲ့တာပါ။ လက်နက်တော့မပါလာခဲ့ပါဘူး။ လက်ရှိအလင်းဝင်ရောက်သူတွေကိုကောင်းမွန်စွာနဲ့စောင့် ရှောက်ထားပါတယ်။ ဂုဏ်ပြုဆုငွေကတော့ တစ်ဦးလျှင် ငါးသိန်းကျပ်စီပေးခဲ့တာပါ။ ဆက်လက် အလင်းဝင်ရောက်လာသူတွေကိုကျနော်တို့ကနွေးထွေးစွာကြိုဆိုသွားမှာပါ”ဟု People Defense Force မှ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူ က ရှင်းပြသည်။

    စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သားများက ဆက်တိုက်ဆိုသလို အလင်းဝင်လျက်ရှိရာ လက်ရှိအချိန်အထိ အလင်းဝင်လာသူ ရာချီရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

  • တီးတိန်မြို့သိမ်း တိုက်ပွဲကြောင့် ချင်းတော်လှန်ရေးအချင်းချင်းကြားတွင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်

    တီးတိန်မြို့သိမ်း တိုက်ပွဲကြောင့် ချင်းတော်လှန်ရေးအချင်းချင်းကြားတွင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်

    ချင်းပြည်နယ်၊ တီးတိန်မြို့ကို People Defence Army(PDA)-Tedim က မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီးတိန်မြို့နယ်ကောင်စီက ထုတ်ပြန်ပြီးနောက် PDF-ဇိုလန်ကလည်း ကန့်ကွက်ကြောင်းနှင့် ၎င်းတို့လည်း တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဟု ဆက်လက်ထုတ်ပြန်ခဲ့သည်။

    ထို့အပြင် PDF-ဇိုလန်အနေဖြင့် တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် လုပ်ငန်းစဥ်များချမှတ်ထားပြီဖြစ်ပြီး PDA-တီးတိန်နှင့် မဟာမိတ်ပူးပေါင်းတပ်က တီးတိန်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်လာပါက (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ချင်းညီနောင်(CB)နှင့် လက်တွဲကာ ပြတ်ပြတ်သားသားတိုက်ထုတ်သွားမည်ဟု PDF-ဇိုလန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “မြို့သိမ်းတိုက်ပွဲအတွက် လွဲဆွဲမှုတွေကြောင့် ချင်းတော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်မိတယ်။ နှစ်ဖက်သေချာညှိနှိုင်းပြီးမှ သေသေချာချာကိုင်တွယ် လုပ်ဆောင် စေချင်ပါတယ်။ မနှစ်က မတူပီမြို့သိမ်းတိုက်ပွဲတုန်းကလည်း အချင်းချင်းတိုက်ပွဲဖြစ်တယ်။ အချင်းချင်းတွေပဲ ထိခိုက်နစ်နာတယ်။ ဒါကို စံနမူနာယူကြဖို့ လိုအပ်တယ်ပေါ့နော်။ တီးတိန်မြို့ သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး အမှား/အယွင်းတွေရှိခဲ့ရင် ချင်းတော်လှန်ရေးအင်အားစုတွေကြားမှာ ကြီးမာတဲ့ ပဋိပက္ခနဲ့ တိုက်ပွဲတွေ ကျယ်ပြန့်လာမှာကို စိုးရိမ်မိပါတယ်” ဟု တီးတိန်မြို့၊ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။

    တီးတိန်မြို့နယ်တွင် PDF-ဇိုလန်၊ PDA-Tedim၊ CDM-Siyin၊ CDF-တွန်းဇံနှင့် CDF-ဟွာလ်ငိုးရမ်တို့သည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့် ပူးပေါင်းသော ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA) စသည့် လက်နက်ကိုင်တပ်ဖွဲ့ ခြောက်ခုရှိကြောင်းသိရသည်။

    တီးတိန်မြို့သိမ်းတိုက်ပွဲကို တီးတိန်မြို့နယ်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော PDA-Tedimနှင့် မဟာမိတ်ပူးပေါင်းတပ်က ဖော်ဆောင်မည်ဖြစ်ရာ မည်သည့်အဖွဲ့အစည်းမှ ကန့်ကွက်ပိုင်ခွင့်မရှိသလို ကိုယ့်မြို့ကိုယ်သိမ်းမည်ဖြစ်၍ အမှန်တကယ် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ချေမှုန်းကင်းစင် စေလိုသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    PDA-Tedimသည် ချင်းလဲန်အစိုးရထံ ပူးပေါင်းပြီး PDF-ဇိုလန်ကမူ ICNCC/CB နှင့် ပူးပေါင်းခဲ့ကြောင်းသိရသည်။

    တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည့် သတင်းကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်းသိရသည်။

    ပုံစာ-PDA-Tedim၊ PDF-ဇိုလန်(ပုံဟောင်း)။

  • ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ်

    ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ်

    မိုင်းဆတ်မြို့၊ ထပခ ၈၂၃ တပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ်

    ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့၊ ထပခ ၈၂၃ တပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်မှုကြောင့် မသန်စွမ်း ဖြစ်သွားသူများရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    အမှတ် ၈၂၃ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်သည် တပ်တွင်းကြီးနိုင်ငယ်ညှဉ်း နှိပ် စက်မှုများကို ကျူးလွန်နေသူများဖြစ်ပြီး တပ်ထဲသို့ အသစ်ရောက်ရှိလာသည့် စစ်မှုထမ်း တပ်သားသစ် လူငယ်များကို ပစ်မှတ်ထား၍ ရိုက်နှက်မှုများ ပိုမိုလုပ်ဆောင်ကြောင်း သိရသည်။

    ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်သည် တပ်အတွင်း ၎င်းဖွင့်လှစ်ထားသော ဈေးဆိုင်၌ တပ်သားသစ်များ ဈေးမဝယ်ဘဲ တခြားဆိုင်များတွင် သွားရောက်ဝယ်ယူပါက ဆဲဆို ကြိမ်းမောင်းပြီး ရန်ငြိုးထား၍ ရိုက်နှက်မှုများရှိကြောင်း၊ တပ်သားသစ်များက ၎င်းဆိုင်တွင် ဈေးမဝယ်ယူခြင်းသည် လစာငွေထဲမှ စိတ်ကြိုက်ငွေဖြတ်ယူပြီး ကျန်ငွေကိုသာ ပေးသောကြောင့် ဈေးမဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထိုသို့ ၎င်းဈေးဆိုင်တွင် ဈေးလာရောက် ဝယ်ယူခြင်းမရှိသော တပ်သားသစ်များကိုလည်း ရန်ငြိုးထား၍ အပြစ်မရှိ အပြစ်ရှာကာ အကြောင်းမဲ့ ရိုက်နှက်ခြင်းကြောင့် မသန်းစွမ်းဖြစ်သွားသည့် တပ်သားသစ်များရှိကြောင်း၊ ၎င်းနှိပ်စက်မှုများကြောင့် ထွက်ပြေးသည့် တပ်သားသစ်များရှိပြီး ပြန်လည် ဖမ်းဆီးမိပါကလည်း ထပ်မံရိုက်နှက်မှုများလုပ်ဆောင်ကြောင်း၊ လွတ် မြောက်သွားသူများ၏ စာရင်းကိုလည်း အထက်ကို သတင်းမပို့ဘဲ လစာများကို ထုတ်ယူမှုများ ရှိကြောင်း သိရသည်။

    ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ် နှိပ်စက်မှုကြောင့် တပ်တွင်းမှ ထွက်ပြေးသွားသည့် တပ်သားသစ် ကိုအေးသူရနှင့် ကိုသက်နိုင်ဦးမှာလည်း လက်ရှိချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသော်လည်း ၎င်းတို့၏ လစာများကို မျိုးဇော်ဆတ်က ဆက် လက် ထုတ်ယူနေဆဲဖြစ်ကြောင်း သိရှိရသည်။

    “မိုင်းဆတ်မြို့ ထပခ ၈၂၃ တပ်မှာ ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က တပ်ထဲမှာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်တာတွေများလို့ မနေချင်တဲ့ စစ်မှုထမ်း တပ်သားသစ်တွေ အများကြီးရှိပါတယ်။ အဆိုးဆုံးကတော့ ရုံးအုပ်က သူဖွင့်ထားတဲ့ဆိုင်မှာ ဈေးမဝယ်ရင် ပိုပြီး နှိပ်စက်တယ်လို့ပြောပါတယ်။ တခြားဆိုင်မှာ ဈေးဝယ်ရင် မင်းတို့ငါ့ အကြောင်း သိမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ ဈေးဝယ်ရင်လည်း ဘယ်လောက်ကျလည်းဆိုတာ မသိရဘဲ လကုန်ရင် လစာထဲက သူ့စိတ်ကြိုက် အကုန်ဖြတ်ပါတယ်။ ဈေးမဝယ်တဲ့ သူတွေကို ရန်ငြိုးထား ရိုက်နှက်တာ သူနှိပ်စက်လို့ ဒုက္ခိတ ဖြစ်နေတဲ့ သူတွေလည်းရှိပါတယ်။ ထွက်ပြေးတဲ့ တပ်သားသစ်လေးတွေကိုလည်း ဖမ်းမိရင် ရိုက်နှက်ကြပါတယ်။ လွတ်သွားတဲ့ သူတွေရဲ့ စာရင်းကိုလည်း အထက်ကို မတင်ပြဘဲ လစာကို သူတို့ပဲ ထုတ်ယူပါတယ်။ တပ်သားသစ် အေးသူရနဲ့ သက်နိုင်ဦးတို့ ၂ ဦးလည်း ထွက်ပြေးရင်းနဲ့ ပျောက်ဆုံးနေတာ ကြာပါပြီ သေလားရှင်လား မသိရလို့ စိတ်ပူနေရပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဓာတ်ပုံ- ရှမ်းပြည်နယ်မှ ပြည်သူ့စစ်နှင့် စစ်မှုထမ်း တပ်သားသစ်တချို့။

  • မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား

    မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား

    မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား

    မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှာ တရားဝင် မြန်မာအစိုးရဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ် Dato’ Seri Anwar Ibrahim ထံသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ အကြောင်းကြားလိုက်သည်။

    NUG အမျိုးသားညီညွတ်ရေးအစိုးရမှာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း၊ မြန်မာစစ်တပ်က တိုင်းပြည်​၏နယ်မြေ ၂၅ ရာခိုင်နှုန်းထက်လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး အဆိုပါရာခိုင်နှုန်းကလည်း နေ့စဉ်နှင့်အမျှလျှော့နည်းလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသောနေရာဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

    မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ အာဆီယံ ဥက္ကဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မလေးရှားပြည်သူများအတွက် နှစ်သစ်ကူးဆုတောင်းထားကြောင်း၊ မလေးရှား ၊ မြန်မာနှစ်နိုင်ငံကြားက ဆက်ဆံရေးသည် ခိုင်မြဲအရေး ပါပြီး အာဆီယံမှတဆင့် ဒေသတွင်းဖွံဖြိုးတိုးတက်‌ရေးအတွက် အတူတကွလက်တွဲလုပ်ဆောင်လိုကြောင်း ယာယီသမ္မတက ဆိုသည်။

    လာမည့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာပြည်သူများ​၏ နွေဦးတော်လှန်ရေးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ​၏ မတရားအာဏာရယူထားခြင်းမှာ ဒီမိုကရေစီပြန်ရရေး ခုခံကာကွယ်သည့် ၄ နှစ်ပြည့်ဖြစ်ကြောင်း၊ အဆိုပါကာလတွေအတွင်း စစ်တပ်​၏ ရက်စက်ယုတ်မာမှု၊ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုကို အကြမ်းဖက်မှု၊ စီးပွားရေးဆုတ်ယုတ်မှု ၊ နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် ပြည်သူတရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရကြောင်း ၊ထိုကဲ့သို အခက်အခဲများကို မြန်မာပြည်သူလူထုက ကြံ့ကြံ့ခံပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖြစ်စေရန် စည်းလုံးစွာ ကြိုးပမ်းခဲ့ကြောင်း၊ နွေဦးတော်လှန်ရေးကာလများအတွင်း မလေးရှားနိုင်ငံ​၏ မြန်မာပြည်သူများအတွက် ကြိုးပမ်းမှုကို လှိက်လှဲစွာကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီမိတ်ဖက်အဖြစ် မြန်မာပြည်သူများက မှတ်ယူထားကြောင်း ယာယီသမ္မတက ပြောဆိုသည်။

    မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက အစီအစဉ်ချပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ပြုလုပ်ရန်ကြိုး စားနေခြင်းသည် မြန်မာနိုင်ငံ​၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေတခုဖြစ်လာမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်မှုတွေပိုများလာစေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ မတည်မငြိမ်ဖြစ်စေသည်အထိ သက်ရောက်လာလိမ့်မည်ဖြစ် ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဌအနေနှင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ​၏ စစ်မှန်သော သဘော ထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အဆိုပါ ခြေလှမ်းများတွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲများ၊ လူမှုအခြေပြုအဖွဲအစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု​၏ စစ်မှန်သော သဘောထားနှင့်လိုက် လျော ညီထွေရှိသော အဖြေများကိုရှာဖွေခြင်းလည်း ပါဝင်လာနိုင်ဖို မျှော်လင့်ကြောင်း NUG ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

    မလေးရှားနိုင်ငံမှာ ယခု ၂၀၂၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌသစ် အဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ဦးစားပေး မဖြစ်သင့်ဘဲ ငြိမ်းချမ်းရေး ဦးစားပေးဖြစ်သင့်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

  • စစ်ကောင်စီက  ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်

    စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်

    စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေဟု NUG ပြော

    အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုလိုက်သည်။

    ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၂/၂၀၂၅တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

    မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ၏ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေပြီး ကုန်စျေးနှုန်းများ မတန်မဆ မြင့်မားကာ လူထု စီးပွားရေးချွတ်ခြုံကျကာ ကျပ်တည်းနေကြောင်း၊ မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရောက်ရှိနေကြောင်း ၎င်းက ဆိုသည်။

    “မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံရဲ့ စီးပွားရေးတခုလုံးကို ဖျက်ဆီးနေကြောင်း ဖြစ်ပါတ ယ်။ စစ်အုပ်စုရဲ့ စီးပွားရေးကမောက်ကမ လုပ်ရပ်တွေ၊ ကျပ်ငွေ ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ကျပ်ငွေတွေ ရိုက်ထုတ် ခဲ့တာ တွေကြောင့် မြန်မာ့သမိုင်းမှာ စံချိန်တင် ငွေကြေးဖောင်းပွမှု အမြင့်မားဆုံးရောက်ရှိနေပြီး ကုန်စျေးနှုန်းတွေ မတန် တဆမြင့်မားကာ စီးပွားရေးချွတ်ခြုံကျလို့ ပြည်သူလူထုဟာ အကျပ်အတည်းတွေနဲ့ အဆမတန် ကြုံတွေ့နေရပါတယ်” ဟု အမျိုး သားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုလိုက်သည်။

    ထို့ပြင် စစ်ကောင်စီ၏ စံချိန်သစ်တစ်ခုအနေဖြင့် လျှပ်စစ်မီး အပျက်ဆုံးကာလတစ်ခုသို့ ရောက်ရှိနေပြီး လူထုအတွက် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    “အကြမ်းဖက်စစ်ကောင်စီ ‌အနေနဲ့ နောက်စံချိန်သစ်တစ်ခုတင်နိုင်တာက သူတို့လုပ်ဆောင်ချက်ကြောင့်လျှပ်စစ် မီး အပျက်ဆုံးကာလတခုကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ လိုနေရာမှာတောင် လျှပ်စစ်မီးကို တစ်ရက် လေးနာရီ မှန်အောင် စီမံနိုင်စွမ်းမရှိတော့ပါဘူး။ အကြမ်းဖက်စစ်အုပ်စုရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် လူထုအကျိုး လျစ်လျူရူမှုတွေကြောင့် လျှပ်စစ်ဝန်အားကျဆင်းမှု အဆိုးဆုံးအခြေအနေသို့ ဆိုက်ရောက်နေခဲ့ပါပြီ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ရှင်းပြသည်။

    လတ်တလော မြန်မာနိုင်ငံတစ်ဝန်း အသက်မပြည့်သေးသည့် လူငယ်များ သာမက လူကြီးများအထိပါ အတင်းအဓမ္မ စစ်မှုထမ်းရန် နေ့ညမရှောင် တရားမဲ့ ပေါ်တာဆွဲမှုများ နေရာအနှံ့အပြားမှာ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိကြောင်း NUG ထောက်ပြထားသည်။