ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာအနီးမှာ အသတ်ခံထားရတဲ့ ဒေသခံပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံးခင်းကျေးရွာက ဆေးရုံကုန်းအနီးမှာ ပစ်ထားတဲ့အလောင်းတွေရဲ့အနံ့တွေ ဆိုးဝါးလာတဲ့အတွက် ဒေသခံတွေကနေ အကူအညီတောင်းပြီး ကောက်ခဲ့ကြတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “လမ်းသွားလမ်းလာလုပ်တဲ့ ပြည်သူတွေကို ပစ်သတ်ထားတာ ဟုတ်တယ်။ အခုတလော အဲ့ဒီတဝိုက်မှာ အလောင်းတွေအရမ်းနံလာလို့ ဒေသခံတွေ ရပ်မိရပ်ဖတွေ သေချာသွားပြောပြီး သွားကောက်ခဲ့တာပေါ့။”လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။ အသတ်ခံထားရတဲ့ အလောင်း ၄ လောင်းအထဲ အမျိုးသမီးအလောင်း တစ်လောင်းပါဝင်နေပြီး အဲဒီအမျိုးသမီးရဲ့ အင်္ဂါကိုလည်း ရက်ရက်စက်စက် ဖျက်ဆီးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လုံးခင်းဆေးရုံကုန်းမှာ တပ်စွဲနေတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက သတ်ဖြတ်ပြီးအလောင်းတွေကို ပစ်ထားတာဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ အသတ်ခံရတဲ့ဒေသခံပြည်သူ […]