ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာအနီးမှာ အသတ်ခံထားရတဲ့ ဒေသခံပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာက ဆေးရုံကုန်းအနီးမှာ ပစ်ထားတဲ့အလောင်းတွေရဲ့အနံ့တွေ ဆိုးဝါးလာတဲ့အတွက် ဒေသခံတွေကနေ အကူအညီတောင်းပြီး ကောက်ခဲ့ကြတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“လမ်းသွားလမ်းလာလုပ်တဲ့ ပြည်သူတွေကို ပစ်သတ်ထားတာ ဟုတ်တယ်။ အခုတလော အဲ့ဒီတဝိုက်မှာ အလောင်းတွေအရမ်းနံလာလို့ ဒေသခံတွေ ရပ်မိရပ်ဖတွေ သေချာသွားပြောပြီး သွားကောက်ခဲ့တာပေါ့။”လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။
အသတ်ခံထားရတဲ့ အလောင်း ၄ လောင်းအထဲ အမျိုးသမီးအလောင်း တစ်လောင်းပါဝင်နေပြီး အဲဒီအမျိုးသမီးရဲ့ အင်္ဂါကိုလည်း ရက်ရက်စက်စက် ဖျက်ဆီးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လုံးခင်းဆေးရုံကုန်းမှာ တပ်စွဲနေတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက သတ်ဖြတ်ပြီးအလောင်းတွေကို ပစ်ထားတာဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
အသတ်ခံရတဲ့ဒေသခံပြည်သူ ၄ ဦးဟာ ဘယ်အချိန်မှာ ဘာကြောင့်အသတ်ခံရတယ်ဆိုတာကို သေချာမသိရသေးဘူးလို့လည်း နောက်ထပ်ဖားကန့်ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
စစ်ကော်မရှင်စစ်ကြောင်း လုံးခင်းကျေးရွာဘက် ဝင်ရောက်လာတဲ့အချိန်ကစပြီး အသတ်ခံထားရတဲ့ ဒေသခံပြည်သူ ၅ ဦးထက်မနည်းရှိနေပြီး လုံးခင်းကျေးရွာက နေရာတချို့တွေမှာ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ နေရာယူတပ်စွဲထားကြတာ ဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ရဲ့ လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်မှုတွေ ရှိနေသလို ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေ တစ်ကြောင်းပြီးတစ်ကြောင်း တက်လာကြတာ ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်၊ လုံးခင်းဆေးရုံဟောင်း၌ တပ်စွဲထားသော စစ်တပ်က အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး နှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဆေးရုံဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ခရီးသွား ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို စွန့်ပစ်ထားသည်ကိုတွေ့ရှိခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ လုံးခင်းဆေးရုံဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ခရီးသွားပြည်သူ ၄ ဦးကို ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ဆေးရုံဘေးလမ်းကြား တနေရာတွင် စွန့်ပစ်ထားခဲ့ကြောင်း၊ ထိုရုပ်အလောင်းများကို ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ပြည်သူများက ဝိုင်းဝန်း သင်္ဂြိုလ်ပေးလိုက်ကြောင်းသိရသည်။
“ဘယ်သူတွေ၊ ဘယ်ဝါတွေဆိုတာ အတိအကျ မသိရသေးဘူး။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၃ ဦး ကျန်တဲ့အခြေအနေအသေးစိတ်တော့ ဂဃဂန မသိရသေးဘူး။ လုံးခင်းဆေးရုံကုန်းနားမှာ၊ အနံတအား ထွက်တော့ ပတ်ဝန်းကျင်ကနေ ရပ်မိရပ်ဖတွေနဲ့ ဝိုင်းပြီး သွားပြောတော့မှ အဲဒီအလောင်းတွေ ကို ကောက်လို့ရတာ အဲဒါမှ အလောင်းတွေကို သင်္ဂြိုလ်ကိစ္စတွေဆောင်ရွက်ရတယ်။ အသတ်ခံရတာ တော့ သုံးလေး ရက်လောက်တော့ရှိလောက်ပြီ။ အနံကလည်းထွက်နေတော့ သွားလည်း မကောက်ရဲတဲ့ အတွက် လူကြီးတွေနဲ့ ဝိုင်းဝန်းပြောဆိုပြီးမှ ကောက်ရတဲ့အနေအထားလို့ သိရတယ်။ ဘယ်နေ့က တည်းက သတ်ရလည်းတော့ မသိရဘူး။ အနည်းဆုံးတော့ သုံးလေးရက်ရှိမယ်” ဟု ဖားကန့်သတင်း ရင်းမြစ်က ပြောကြားသည်။
ဧပြီလ ၂၅ ရက်နေ့မှစ၍ အဆိုပါ လုံးခင်းဆေးရုံဟောင်းနှင့် ဂေါက်ကွင်းနေရာတို့၌ အကြမ်းဖက်စစ် တပ်နှင့် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်းကာ တပ်စွဲထားခြင်းဖြစ်ပြီး ခရီးသွားပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မတရားဆက်ကြေးကောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းထဲမှ ကင်းပုန်းချထားသော စစ် သားများက အသက် ၄၀ ကျော်အရွယ် ဆိုင်ကယ်ဖြင့် ခရီးသွားနေသူ အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်၊ မှော်စီဆာရွာ အနီးတဝိုက်တွင် အ ကြမ်း ဖက် စစ်တပ်က ပစ်သတ်ထားသော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများကို ဒေသပြည်သူများက တွေ့ရှိခဲ့ပြီး သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။


Leave a Reply