Category: News

  • အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

    အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

    တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာအုပ်စုတွင် ပြည်သူများကို နည်းမျိုးစုံနှိပ်စက်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာအုပ်စုတွင် ပြည်သူများကို နည်းမျိုးစုံနှိပ်စက်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးစလုံးသေဆုံးခဲ့ကြောင်း မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်၊ ညာတောကျေးရွာအုပ်စု၊ သစ်ခုတ်ကွင်းကျေးရွာတွင် စစ်တပ် သတင်းပေးအဖြစ် လုပ်ကိုင်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း ဆိုသူသည် ကျေးရွာနေ ပြည်သူများကို စစ်တပ်ခေါ်လိုက်ရမလားဟု ခြိမ်းခြောက်ပြောဆိုပြီး အနိုင်ကျင့်နှိပ်စက်နေ၍ ၎င်းနေအိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာပွဲချင်းပြီး…

  • မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်

    မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်

    မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်ပြီးနောက် ဌာနဆိုင်ရာတွေမှာ တပ်စွဲနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို အပစ်ရပ်သဘောတူညီချက်နဲ့ စစ်အုပ်စုတပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပြန်ပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စစ်အုပ်စုတပ်တွေ မြို့ပေါ်မှာဝင်ရောက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ အင်အားရာနဲ့ချီတဲ့ စစ်အုပ်စုတပ်တွေက မိုးမိတ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တချို့မှာ ရောက်ရှိနေပြီး တပ်စွဲနေထိုင်နေထိုင်နေတယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။ “လ၀ကရုံးတို့ မြေစာရင်းရုံးတို့မှာ စစ်အုပ်စုတွေ ဝင်ရောက်နေတယ်လို့ သိထားပါတယ်။ အိမ်တွေကိုလည်း ဝင်ပြီးရှာဖွေမွှေနှောက်နေကြတယ်တဲ့။ ကျွန်တော်တို့လည်း သေချာမသိရဘူး။ အဲထဲမှာ ကျန်နေခဲ့သူတွေနဲ့ အဆက်အသွယ် သိပ်မရဘူးဖြစ်နေတယ်” လတ်တလောမှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာမရှိဘဲ စစ်အုပ်စုတပ်က စစ်ပြင်နေပြီး လေကြောင်းကနေလည်း ကင်းထောက်ဒရုန်းတွေအသုံးပြုပြီးစောင်ကြည့်နေတာကြောင့် မြို့ပေါ်မှာ လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ သူကဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာ…

  • ဖုန်းအသစ်အားလုံးတွင် စောင့်ကြည့်နိုင်သည့် App များ ထည့်ရန် အိန္ဒိယ အမိန့်ထုတ်

    ဖုန်းအသစ်အားလုံးတွင် စောင့်ကြည့်နိုင်သည့် App များ ထည့်ရန် အိန္ဒိယ အမိန့်ထုတ်

    ဖုန်းအသစ်တွေမှာ နိုင်ငံပိုင် ဆိုက်ဘာလုံခြုံရေး App တွေ ထည့်သွင်းဖို့ အိန္ဒိယနိုင်ငံက ဖုန်းကုမ္ပဏီတွေကို အမိန့်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ဖုန်းအသုံးပြုသူတွေကြား စောင့်ကြည့်မှုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့တာဖြစ်ကာ ဖုန်းထုတ်လုပ်သူတွေဟာ အစိုးရရဲ့ app တွေ ထည့်သွင်းဖို့ ရက် ၉၀ ကြာမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို ပိတ်ပစ်တာမျိုး၊ ကန့်သတ်ထားတာမျိုး မလုပ်ရဘူးလို့လည်း ဖော်ပြထားပါတယ်။ ဒီလိုပြုလုပ်တာဟာ ဆက်သွယ်ရေးကို တလွဲအသုံးပြုတာမျိုးကို သတင်းပို့ဖို့နဲ့ နိုင်ငံသားတွေရဲ့ ဖုန်းစစ်၊ မစစ်ကို စစ်ဆေးနိုင်ဖို့ အကူအညီ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ဖုန်းအသုံးပြုသူ ၁ ဒသမ ၂ ဘီလီယံရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဖုန်းဈေးကွက်ရှိတဲ့…

  • မူးယစ်စက်လှေ တိုက်ခိုက်မှုအကြောင်းပြောရင်း ‘မြေပြင်မှာပါတိုက်ခိုက်မယ်’ ဟု ထရမ့်ပြော

    မူးယစ်စက်လှေ တိုက်ခိုက်မှုအကြောင်းပြောရင်း ‘မြေပြင်မှာပါတိုက်ခိုက်မယ်’ ဟု ထရမ့်ပြော

    ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိ စက်လှေများအား ပစ်မှတ်ထားသည့် စစ်ရေးစစ်ဆင်မှုများနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် “မြေပြင်ပေါ်မှာပါ တိုက်ခိုက်မှုများ စတင်လုပ်ဆောင်သွားမည်” ဟု ဆိုသည်။ “ကျွန်တော်တို့က ဒီ ပင်လယ်ပြင်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်၊ မြေပြင်မှာပါ အဲဒီလို တိုက် ခိုက်မှုတွေ စပြီး လုပ် ဆောင်တော့မှာဖြစ်တယ်၊ သိတဲ့အတိုင်းပဲ၊ ကုန်းမြေစစ်ဆင်ရေးက ပိုလွယ်တယ်၊ အများကြီး ပိုလွယ်တယ်” ဟု ထရမ့် အင်္ဂါ နေ့တွင် ပြောသည်။ စက်တင်ဘာလအတွင်းက ဗင်နီဇွဲလားမှလာသော သံသယရှိ မူးယစ်စက်လှေတစီးအား အသက်ဆုံးရှုံးမှု များဖြစ်စေခဲ့သည့် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပင်တဂွန်က စေ့စေ့စပ်စပ် စစ်ဆေးမှုများနှင့် ရင်ဆိုင်နေ ရချိန် ထရမ့်၏ ယခု မှတ်ချက်စကား ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ အင်္ဂါနေ့က ထရမ့်၏ဝန်ကြီးအဖွဲ့…

  • ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာနိုင်ငံက ဆက်လက်ရပ်တည်

    ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာနိုင်ငံက ဆက်လက်ရပ်တည်

    စစ်ဘေးသင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိလာပြီး မှောင်ခိုလုပ်ငန်းအမျိုးမျိုး စုဝေးရာ ဗဟိုချက်ဖြစ်လာ၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာနိုင်ငံက ဆက်လက်ရပ်တည် စစ်ဘေးသင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ကုလသမဂ္ဂ၏ ယနေ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ၁၀ နှစ်တာကာလအတွင်း စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ထွက်ရှိလာသည့် ဘိန်းဖြူ (Heroin) ကို အနောက်နိုင်ငံဈေးကွက်များသို့ ကူးသန်းရောင်းဝယ်နေသည့် အစောပိုင်းလက္ခဏာများ တွေ့ရှိနေရကြောင်း သိရသည်။ စစ်ဒဏ်သင့်နေသော မြန်မာနိုင်ငံမှာ တရားမဝင် သတ္တုတူးဖော်ခြင်းမှသည် ကျားဖြန့် လိမ်လည်မှုများအထိ၊ မက်သာအမ်ဖက်တမင်းနှင့် ဘိန်းဖြူကဲ့သို့ တရားမဝင်…