Category: News

  • ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

    ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

    လာမယ့် ၅ နှစ်အတွင်း တရုတ်က မြန်မာနိုင်ငံအတွင်း နည်းပညာမြှင့်တင်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ် ဆောင်သွားဖို့ရှိပြီး ခေတ်မီနည်းပညာပံ့ပိုးကူညီမှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံး တာဝန်ခံ မစ္စတာ ကျောင်းဟွေ့က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့၊ သံတမန်လမ်းရှိ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး သိပ္ပံမှာ နိုဝင်ဘာလ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းသစ်များဆိုင်ရာဆွေးနွေးပွဲမှာ မစ္စတာကျောင်းဟွေ့က အခု လို ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ လာမယ့် ၅နှစ်အတွင်း မြန်မာနဲ့ပေါင်းပြီး ကြီးမားကျယ်ပြန့်တဲ့ ဈေးကွက်ရရှိဖို့ အရည်အသွေးမြင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ပေးနိုင်ဖို့ အခွင့်အလမ်းတွေအတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၅နှစ်တာကာလမှာလည်း တရုတ်အနေနဲ့ မြန်မာကို နည်းပညာနဲ့ သဘာဝပတ်ဝန်းကျင်…

  • စစ်တပ်ထိုးစစ် စဥ့်ကူးနယ်ထဲရောက်လာ

    မတ္တရာနဲ့ သပိတ်ကျင်းဘက်ကနေ စစ်ကြောင်း နှစ်ဖက်ညှပ်ထိုးတာရယ်၊ သပိတ်ကျင်း တွင်းငယ်ဘက်မှာ လည်း စစ်ကြောင်းတွေ စုပြုံရောက်နေပြီဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေ လုပ်ရကိုင်ရကျပ်တာမျိုး ဖြစ်လာနိုင်တယ်။ တော်လှန်ရေးအင်အားစုတွေကို သူတို့လိုချင်တဲ့နေရာအထိ တဖြည်းဖြည်းနဲ့ ပုံသွင်းခေါ်ဆောင် နေတယ်ဆိုတာကို ဒီဘက်က အထူးသတိထားကြဖို့လိုပါတယ်။ စဉ့်ကူးနယ် ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဗုံးကြဲသတ်လို့ စစ်ဘေးရှောင်တွေ အပါ ငါးဦးခန့် သေဆုံး မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်နေပြီး ယခုလအတွင်း သေဆုံးသူ ၂၀ ဝန်းကျင် ရှိ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးရုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဒီကနေ့ မနက်ပိုင်း စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ဓမ္မာရုံထဲမှာ ရှိနေတဲ့ ဥပုသ်သည်နဲ့ စစ်ဘေးရှောင်ပြည်သူတွေ စုစုပေါင်း ငါးဦးခန့်…

  • KIAပြောပြတဲ့ ကချင်မြို့နယ်လေးခုရဲ့ လတ်တလော စစ်ရေးအခြေအနေများ

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေရဲ့ လတ်တလော စစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မှာ ရှင်းလင်းဖြေကြားပေးထားပါတယ်။ KIAဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာလဆန်းက စတင်ခဲ့တာဖြစ်ပြီး တနှစ်ကြာတဲ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကာ အပြန်အလှန် ထိုးစစ်ဆင်မှုတွေရှိနေပါတယ်။ အလားတူ KIA စိုးမိုးထိန်းချုပ်မှု အားကောင်းတဲ့ ဖားကန့်ဒေသကိုလည်း စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေလို့ တိုက်ပွဲတွေနှစ်ဝက်လောက်ကြာ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီက ဖားကန့်ကို စစ်အင်အားတွေဖြည့်တင်းပြီး ဒေသတွင်းစစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ရှိနေသလို စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေရပါတယ်။…

  • လေးမျက်နှာမြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းများကို AA နှင့်တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်

    ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းများကို AA နှင့်တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကော်မ ရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကော် မရှင်၏ တပ်စခန်းအချို့ကို AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်အတွင်း စက်စက်ယိုကျေးရွာနှင့် သဲနုကုန်းကျေးရွာပတ်ဝန်းကျင်တွင် တိုက်ပွဲ များပြင်းထန်ခဲ့ပြီးနောက် သဲနုကုန်းကျေးရွာပတ်ဝန်းကျင်ရှိ ရှေ့တန်းစခန်းအချို့ကို AA နှင့်ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “စက်စက်ယိုတစ်ဝိုက်က အကုန် AA သိမ်းထားတာ။ အခုသဲနုကုန်းဘက်မှာပါ AA က နယ်မြေချဲ့ လာနိုင်တယ်။ စစ်တပ်ကတော့ လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူကို အားကိုးပြီးတိုက်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စခန်းများအသိမ်းခံရပြီးနောက် စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ…

  • လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက်

    လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက်

    အင်းစိန်ထောင်ရှေ့မှာ ပရိသတ်တွေက သွားစောင့်နေကြပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက် ရဲတိုက် မလွတ်သေးပါတဲ့.. နောက်နှစ်နှစ်ဆန်းတစ်ရက်နေ့မှ လွတ်မှာပါတဲ့.. ဒီနေ့ရဲ့ လွတ်ငြိမ်းမှာ ပါလိုပါငြား fan တွေက သွားစောင့်ခဲ့ကြပေမယ့် ပါဝင်လာခြင်းမရှိသေးပဲ လာမယ့် ဧပြီလကျမှသာလွတ်မြောက်မယ့် သရုပ်ဆောင်ရဲတိုက် သရုပ်ဆောင်ရဲတိုက်ရဲ့ fan လေးတွေက ဒီနေ့ရဲ့ လွ.တ်ငြိမ်:မှာ သူတို့ချစ်တဲ့ သရုပ်ဆောင် ရဲတိုက် ပါဝင်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သွားစောင့်ခဲ့ကြတာပါ။ ဒါပေမယ့် သရုပ်ဆောင်ရဲတိုက်က ပါဝင်လာနိုင်ခြေ သိပ်မရှိသေးဘူးလို့ တချို့က ဆိုထားတာပါ။ သူ့ရဲ့ fan လေးတွေကတော့ မျှော်လင့်ချက်လေးနဲ့ စောင့်မျှော်နေခဲ့ကြတာပါပဲ။ သူတို့လေးတွေက သရုပ်ဆောင်ရဲတိုက်အတွက် အမြဲလို သူကြိုက်တတ်တဲ့ အစားအသောက်လေးတွေ ပို့ပေးနေကျသူလေးတွေလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက်ရဲ့ fan လေးတွေက သူတို့မင်းသား ဒီနေ့မပါလာတဲ့အတွက်…