Category: News
-

ကြံ့ခိုင်ရေးမဲဆွယ်ပွဲသို့ မဖြစ်မနေလာရန်ခေါ်သည့် အလုပ်အမှုဆောင်အမျိုးသမီး ဓားခုတ်ခံရ
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း စည်းရုံးရေးပွဲကို မဖြစ်မနေလာရမယ်လို့ ဖိအားပေးခဲ့တဲ့ ပါတီအလုပ်အမှုဆောင်အမျိုးသမီးတယောက် နိုဝင်ဘာ ၁၄ ရက်က ဓားနဲ့ခုတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရွှေကျင်မြို့နယ်၊ အနောက်တောင်ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး ကျေးရွာအလုပ်အမှုဆောင် အမျိုးသမီးက တအိမ်တယောက် မဖြစ်မနေလာရမယ်လို့ ဖိအားပေးခေါ်ခဲ့တာကြောင့် ကျေးရွာထဲက အမျိုးသားတယောက်က ဓားနဲ့လိုက်ခုတ်ခဲ့တာလို့မြိုခံတယောက်က ပြောပါတယ်။ “မနေ့က ရွှေကျင်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးဆင်းတယ်။ အလုပ်အမှုဆောင်အမျိုးသမီးက ရွာသားတွေကို မလာမနေရပုံစံမျိုးနဲ့ဖိအားပေးခေါ်တယ်။ ဒါကို မကျေနပ်တဲ့ ရွာသားတယောက်က ဓားနဲ့လိုက်ခုတ်တာ။ အဲဒီအမျိုးသမီးလည်း ဒဏ်ရာရသွားတယ်။ ဓားနဲ့ခုတ်တဲ့သူလည်း အဖမ်းခံလိုက်ရတယ်။ ရွှေကျင်မှာ ကြံ့ခိုင်ရေးကို ဘယ်သူမှလက်မခံတာ” လို့ ပြောပါတယ်။ ဒဏ်ရာရရသူဟာ ကြံ့ခိုင်ရေးပါတီရဲ့ အလုပ်အမှုဆောင် ဒေါ်အမာစိန်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေက ဖိတ်ခိုင်းလို့ အနောက်တောင်ကျေးရွာထဲမှာ စစ်သား၊…
-

ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး
AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်များ က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ယင်းနောက် AA က မင်းပြင်ရွာစခန်းမှ…
-

-

မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ)
KNU တပ်မဟာ ၄ မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ) ထိုင်း-မြန်မာနယ်စပ်ရှိ KNU တပ်မဟာ ၄ နယ်မြေမှ မောတောင်မြို့တိုက်ပွဲအတွင်းတွင် တော်လှန်ရေးပူး ပေါင်းတပ်များမှ စစ်ကောင်စီတပ်သား ၄၀ ကျော်ဖမ်းဆည်းရမိခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်သည်။ Video – Tin Lin Aung
-

ဒီဖုန်းတစ်လုံးအတွက် နင့်အသက်ကို အသေခံမှာလား
ဒီ video file ထဲက အသံကို တချို့က မယုံကြဘူး။ ဘယ်ယုံကြမလဲ ကိုယ်တိုင်မှ မကြုံဖူးတာ။ ဒါတောင် ကိုယ်တပ်ထဲမှာနေတုန်းက သူ့လူကိုယ့်ဖက်သားလုပ်ပီး အသံ record လုပ်သိမ်းထားလို့ အခုလို တစ်ကမ္ဘာလုံးကသိခွင့်ရတာ။ ဒီထပ်ဆိုးတဲ့ record မရှိတဲ့ လူမသိသူမသိဖြစ်စဉ်တွေ အများကြီး ရှိသေးပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေရဲ့ ဘဝအမှန်တွေကို တစ်ကမ္ဘာလုံးသိ အောင်ထုတ်လွှင့်ပေးတဲ့ Al Jazeera သတင်းဌာနကိုလည်း ကျေးဇူးတင်ပါတယ်။ #အရေးတော်ပုံအောင်ရမည်