Category: News

  • မင်းသားလွင်မိုးရဲ့ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမတိုင်ခင် မီးလောင်

    မင်းသားလွင်မိုးရဲ့ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမတိုင်ခင် မီးလောင်

    မန္တလေးမြို့မှာ မင်းသားလွင်မိုးရဲ့ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမတိုင်ခင် မီးလောင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်းနဲ့ ၄၃ လမ်းကြား၊ ၈၆ လမ်း ပေါ်ရှိ မင်းသားလွင်မိုး ပိုင်တဲ့ မဟာအောင်မြေ ရုပ်ရှင်ရုံသစ် ဒီကနေ့ ညနေပိုင်း မီလောင်မှုဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ရက် ညနေ၄ နာရီခွဲလောက်မှာ အဲ့ဒီ မဟာအောင်မြေ ရုပ်ရှင်ရုံအတွင်းက မီးခိုးလုံးတွေ ထွက်ပေါ်လာပြီး ရုံအတွင်းထဲက ဆိုဖာနဲ့ ပစ္စည်းတွေ လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ အနီးဝန်းကျင် နေထိုင်သူ တစ်ဦးက ပြောပါတယ်။ “မီးခိုးတွေ အူထွက်လာတာ၊ မီးငြိမ်းတာ မကြာလိုက်ဘူး၊ မိနစ် ၂၀ လောက်ပဲ ကြာတယ်၊ ဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်ဘူးထင်တာပဲ၊ ဝါယာရှော့ကြောင့် လောင်တာလို့ ကြားတယ်၊ လူ ထိခိုက်မှုတော့ မရှိဘူး”…

  • ရွေးကောက်ပွဲပညာပေးမှာ အနုပညာရှင် ၃၀ ကျော်ပါဝင်နေတယ်လို့ စစ်ကော်မရှင်ပြော

    ရွေးကောက်ပွဲပညာပေးမှာ အနုပညာရှင် ၃၀ ကျော်ပါဝင်နေတယ်လို့ စစ်ကော်မရှင်ပြော

    ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲအတွက် အသိပညာပေး ရုပ်သံရိုက်ကူးရေးတွေမှာ ဒါဇင်နဲ့ချီတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ဆောင်ရွက်ပေးတယ်လို့ဆိုပြီး စစ်ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။ ရွေးကောက်ပွဲအသိပညာပေး ရိုက်ကူးရေးမှာ ပြည်တွင်းကအဆိုတော်တွေ ပါဝင်ခဲ့ကြတယ်လို့ စစ်ကော်မရှင်က ပြောပြီး နောက်တစ်နေ့မှာပဲ ထိပ်တန်းသရုပ်ဆောင်တွေပါ ပါဝင်နေကြတဲ့အကြောင်း ဆက်ပြောလာတာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရုပ်သံဇာတ်လမ်းတိုမှာ ပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို အကြောင်းမပြန်လို့ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့သရုပ်ဆောင်ဖွေးဖွေးနဲ့ အလင်းရောင်တို့လည်း အခုရိုက်ကူးရေးမှာ မြင်ရပါတယ်။ ရိုက်ကူးရေးမှာ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ စိုးပြည့်သဇင်၊ ဝတ်မှုန်ရွှေရည်၊ ချောရတနာ၊ အေးမြတ်သူ၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သင်ဇာဝင့်ကျော်၊…

  • ပြင်ဦးလွင်မှာ ရွှေဆိုင်ကို သေနတ်ပစ်ခတ် လုယက်သူကို မြို့ခံတွေဖမ်း

    ပြင်ဦးလွင်မှာ ရွှေဆိုင်ကို သေနတ်ပစ်ခတ် လုယက်သူကို မြို့ခံတွေဖမ်း

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့လယ်မှာရှိတဲ့ နာရီစင်အနီးက အောင်စံပယ်ရွှေဆိုင်ကို နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီမှာ လက်နက်ကိုင်ထားတဲ့ လူနှစ်ဦးက လုယက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆိုင်ကို တံခါးတခြမ်းပဲ ဖွင့်ပြီး ခင်းနေတုန်း ဝင်လာတာ။ လာတာနဲ့ လုံခြုံရေးကို အရင်ပစ်တာ။ တော်တော်ကြမ်းပြီး လက်ယဉ်နေတဲ့ သဘောရှိပါတယ်။ နှစ်ယောက်လုတာ။ တစ်ယောက်က လမ်းလျှောက်ထွက်သွားတယ်။ လာတာက Honda Wave 100 ဆိုက်ကယ်နဲ့ လာတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ သေနတ်ပစ်ခဲ့တဲ့အချိန် ပတ်ဝန်းကျင်မှာ ကထိန်အလှူပွဲ လုပ်နေတာကြောင့် သေနတ်ပစ်ခတ်သံကို မကြားလိုက်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။ လုယက်သူနှစ်ဦးမှာ တစ်ဦးကို အနီးပတ်ဝန်းကျင်က ဝိုင်းဖမ်းနိုင်ခဲ့ပြီး တစ်ယောက်ကတော့ လွတ်မြောက်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ လွတ်မြောက်သွားသူက…

  • စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် AA ထံ လက်နက်ချ၊ အဖမ်းခံ

    စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် AA ထံ လက်နက်ချ၊ အဖမ်းခံ

    ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်တာ၊ လက်နက်ချတာနဲ့ တပ်ပြေးအပါအဝင် ဖမ်းဆီးရမိသူ အယောက် ၇၀ ကျော်ရှိတယ်လို့ အာရက္ခတပ်တော် (AA)က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၈၊ ၉၊ ၁၀ ရက်တွေမှာ ကပစ ၁၆ အနီး တိုက်ပွဲတွေအတွင်းမှာ စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၁ နဲ့ ခမရ ၃၆၃ တပ်ရင်းတွေက တပ်သား ၁၆ ယောက်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအနီးက တိုက်ပွဲတွေမှာ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ ၁၀ ယောက် ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၉ ရက်မှာလည်း ပဲခူးတိုင်း၊…

  • ပြင်ဦးလွင်၌ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်း သေဆုံး၊ ဓားပြ ၁ ဦးဖမ်းမိ

    ပြင်ဦးလွင်၌ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်း သေဆုံး၊ ဓားပြ ၁ ဦးဖမ်းမိ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၃ မန္တလေး- လားရှိုးသွားကားလမ်းဘေးက နာရီစင်အနီး ဖွင့်ထားတဲ့ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ နိုဝင်ဘာ ၁၂ ရက် ဒီနေ့မနက်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတယောက် သေဆုံးကာ ဓားပြတိုက်သူ တယောက်ကို ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၈ နာရီခွဲက ဟွန်ဒါဖစ်ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အမည်မသိအမျိုးသား ၂ ယောက်က ရွှေဆိုင်အတွင်းသို့ဝင်လာကာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်တာကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်း တယောက် သေဆုံးကာ ရွှေတွေယူသွားတာလို့ မြို့ခံက ပြောပါတယ်။ “ဆိုင်ထဲကို ဝင်လာပြီး ဆိုင်ကောင်တာအနောက်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းကို သေနတ်နဲ့ပစ်တယ်။ အဲ့ဒီအချိန်မှာ နောက်တယောက်က ဆိုင်ဝန်ထမ်းကောင်မလေးကို ထိုးကြိတ်ပြီး ရွှေတွေယူသွားတာ။ တယောက်မိတယ်၊ တယောက်လွတ်သွားတယ်။” သေနတ်နဲ့ပစ်ခတ်ခံရလို့ ဆိုင်လုံခြုံရေးဝန်ထမ်း ဦးစိန်ဝင်း…