Category: News
-
Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ် ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီး အရေး ယူ
Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ် ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီး အရေး ယူ နေပြည်တော်၊ နိုဝင်ဘာ ၈ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ ကျင်းပပြုလုပ်သည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက် တို့ ဦးဆောင်သည့်အဖွဲ့မှ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသဖြင့် အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါဖျော်ဖြေပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြသည့်…
-
တရုတ်ပြည်မှာ ကလေးချင်းဝင်တိုက်မိလို့ ဆေးရုံတက်တာကို ကလီစာ (၆) ခုဖယ်ထုတ်ခံခဲ့ရတဲ့ ၁၀ နှစ်သားလေး
တရုတ်ပြည်မှာ ကလေးချင်းဝင်တိုက်မိလို့ ဆေးရုံတက်တာကို ကလီစာ (၆) ခုဖယ်ထုတ်ခံခဲ့ရတဲ့ ၁၀ နှစ်သားလေး Vision Times သတင်းစာ ရဲ့အဆိုအရ ၂၀၂၃ ခုနှစ်တုန်းက ၁၀ နှစ်သားလေး ရှောင်ရီဟာ ကလေးချင်း မတော်တဆဝင်တိုက်မိရာကနေ ဗိုက်နာတယ်လို့ သူ့အမေကိုပြောပြတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ရှောင်ရီရဲ့အမေက စိုးရိမ်ပြီး Chengwu County People’s Hospital ကိုသွားပြတယ်လို့ ဆိုပါတယ်။ ဆေးရုံက abdominal hematoma ဝမ်းဗိုက်မှာသွေးစုတာတွေ့တယ်ဆိုပြီး ရှောင်ရီရဲ့အမေကို ပြောပါတယ်။ ဆေးရုံမှာ လိုအပ်တဲ့စစ်ဆေးစစ်မှုတွေပြုလုပ်ပြီးနောက် ရှောင်ရီကိုခွဲစိတ်မှုပြုလုပ်ပေးဖို့ ဆေးရုံတင်ရမယ်လို့ ပြောပါတယ်။ အစတုန်းကတော့ သွေးခဲလေးပိတ်နေတာဖြစ်ပြီး ခွဲစိတ်မှုအသေးစားလေးလုပ်လိုက်ရင်အဆင်ပြေသွားမယ်လို့ ရှောင်ရီရဲ့အမေကိုဆေးရုံက ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခဏနေတော့ ဆရာဝန်တစ်ယောက်ပြေးထွက်လာပြီး သွေးတွေအလွန်ထွက်နေတာမို့လို့ အကြီးစားခွဲစိတ်မှုကို ဆက်လုပ်ဖို့ ဝမ်းဗိုက်ကိုဖွင့်ရမယ်လို့…
-
မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရ
မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၇ မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရရှိကြောင်း ယင်းဖြစ်စဉ်တွင်ဒဏ်ရာရရှိသူ ၁ ဦး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ်က လူငယ်များကို တားဆီးစစ်ဆေးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့…
-
အရက်မူးပြီး လူကြားထဲ မက္ကဆီကို သမ္မတကို နမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ
အရက်မူးပြီး လူကြားထဲ မက္ကဆီကို သမ္မတကို နမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ မက္ကဆီကိုမှာ သမ္မတကို လူကြားထဲမှာ ဖက်ပြီး နမ်းဖို့ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။ သူ့ကို ဖမ်းဆီးဖို့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်း ကိုယ်တိုင်က အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့တုန်းက ရှိန်ဘွမ်းဟာ မက္ကဆီကို စီးတီးမှာရှိတဲ့ သမ္မတ နန်းတော်နားမှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံနေချိန် အဲဒီ အမျိုးသားက အနောက်ကနေ ချဉ်းကပ်လာပြီး သူ့လည်ပင်းနားကို နမ်းဖို့၊ လူကိုလည်း သိုင်းဖက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူ့လက်ကလည်း ရှိန်ဘွမ်းရဲ့ ရင်ဘတ်နဲ့ ထိလုနီးပါးထိ ဖြစ်ခဲ့တာကို ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။ ဒါကို ရှိန်ဘွမ်းရဲ့ ဝန်ထမ်းတွေက…
-
PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူတို့ လူသတ်မှုဖြင့် ဖမ်းဆီးခံရ
တန်ဆောင်မုန်း သူခိုးကြီးညက နေအိမ်မှာ ကြက်လာခိုးတဲ့ အမျိုးသားတယောက်ကို ရိုက်နှက် သတ်ဖြတ်ခဲ့မှုနဲ့ တောင်ကြီးမြို့က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၅ ရက် မနက် ၂ နာရီခွဲလောက်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက် ၁ နယ်မြေ ၂ မှာနေတဲ့ ဦးစိုင်းထွန်းဆာက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးရဲ့ ခြံထဲရှိ ကြက်ကို ဝင်ခိုးခဲ့ရာ သားအဖ ၂ ယောက်က တုတ်နဲ့ ဝိုင်းဝန်းရိုက်နှက်လို့ သေဆုံးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “သူခိုးညမှာ ချက်စားဖို့ အိမ်ဘေးနားကလူက သူ့ခြံထဲက ကြက်ကိုဝင်ခိုးတာ။ ဦးရွှေထီးတို့ သားအဖမြင်ပြီး တုတ်နဲ့ ခြေထောက်တွေ၊…