Category: News
-

ရေးမြို့တွင် စစ်တပ်၊ DKBA နှင့် ပျူစောထီး ပူးပေါင်းဂိတ်စခန်းကို ရေးဘီလူး တိုက်ခိုက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီ၊ ပျူစောထီးနဲ့ DKBA တပ် ပူးပေါင်း စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ နှင်းစုံကျေးရွာမှာ ဂိတ်ချ ဆက်ကြေးကောက်နေတဲ့ အဖွဲ့စုံထိုင်နေတဲ့ ဂိတ်ဖြစ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ “စစ်ကောင်စီ၊ DKBA နဲ့ ပျူစောထီးခေါင်းဆောင် သိန်းတန် ဦးဆောင်တဲ့အဖွဲ့ ဂိတ်ချ စစ်ဆေးရေးလုပ် ဆက်ကြေးကောက်နေတာ။ လျှပ်တပြက် ဝင်တိုက်ခိုက်ခဲ့တာ အထိနာသွားတယ်။” စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး လူနာတင်ကားတွေ ဆူညံနေကာ ထိခိုက်မှုတွေ ရှိနိုင်ပေမဲ့ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်နေတာကြောင့် ထိခိုက်မှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။ နှင်းစုံဂိတ်က စစ်သားတွေ၊ DKBA တပ်ဖွဲ့တွေနဲ့…
-

၁၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဆောမြို့နယ် ဒေသခံများ ဆန္ဒပြတောင်းဆို
အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဆောမြို့နယ် ဒေသခံများ ဆန္ဒပြတောင်းဆို မကွေးတိုင်း၊ ဆောမြို့နယ်မှာ အသက် (၁၃)နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဒေသခံပြည်သူတွေက မနေ့က အောက်တိုဘာ ၂၆ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ရုပ်သံ – Ķť Ĺĩng Ņaĭng
-

ပေါ်တင်ကြီးတွေတော့ ဇွတ်မ မ ကြနဲ့ကွာ။
ပြည်တွင်းကအနုပညာသမားများသို့ ပေးစာ မင်းတို့ကို ငါ တခွန်းပဲမေးချင်တာပါ။ ငါ့တို့ပြည်သူတွေရဲ့ ရွာတွေ စ-စ်တပ်ကမီးရှို့လို့ပြာကျသွားခဲ့တာတွေက မဟုတ်တာကို AI နဲ့လုပ်ပြီး ပြာမကျတာကို ပြာကျတယ် တိုက်ပွဲမဖြစ်တာကို တိုက်ပွဲဖြစ်တယ်လို့ ဟန်ဆောင်လိမ်လည်ပြောနေတာလို့ စ-စ်တ-ပ်ကပြောပြထားတဲ့အတိုင်း တကယ်ထင်နေကြတာလား။ လာခဲ့စမ်းပါကွာ ဖြူးတဝိုက် ညောင်လေးပင်တဝိုက် ပုဇွန်မြောင်းတဝိုက် မင်းတို့နဲ့နီးနီးလေးက ပြည်သူတွေဘဝတွေကို မျက်မြင်ဖြစ်အောင်လိုက်ပြချင်တယ်။ အမြန်လမ်းဟောင်းပေါ်အထိထွက်ကြိုပေးလို့ရတယ်။ မင်းတို့လာရမှာကြောက်နေရင် ငါ့မက်ဆင်ဂျာကနေ အခြေအနေလေးတွေမေးလို့ရပါတယ်။ အပိုစကားတွေ မပါ အရှိတရားတွေကို ဘက်မလိုက်စတမ်း ချစ်ခြင်းမုန်းခြင်းမပါ အမှန်အတိုင်း ကိုယ်ချင်းစာစိတ်နည်းနည်းလေးဝင်သွားအောင် ငါ ပြောပြချင်တယ်။ ကိုပေါက်နဲ့ဆက်သွယ်တာမိသွားလို့ “အဖမ်းခံရရင် ဘယ်လိုလုပ်မလဲတို့” “ငတ်နေရင်ဘယ်သူက လာကျွေးမှာလဲ နင်တို့ကျွေးထားမှာလားတ်ို့” “နီးရာဓား ကြောက်ရတယ်လေတို့” “နှစ်ဘက်လုံးကြောက်နေရတာတို့” “အနုပညာသမားကဘယ်အစိုးရဖြစ်ဖြစ်ပူးပေါင်းရမှာပဲတို့” ပြောကြအုံးမယ်။ ဘယ်သူအုပ်ချုပ်အုပ်ချုပ် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ အတွေးအခေါ်ခပ်ညံ့ညံ့တွေနဲ့ အနူတောမှာ လူချောလုပ်ကြအုံးမှာ။…
-

ပုဏ္ဏားကျွန်း၌ စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ပရဟိတလူငယ် ၁ ဦး သေဆုံး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဖြူစင်ရင်ခွင်ဖောင်းဒေးရှင်းက ၁၄ နှစ်အရွယ် ပရဟိတ လူငယ်လေးတစ်ယောက် လူနာသွားသယ်စဥ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် အောက်တိုဘာ ၂၆ ရက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူမှာ ဖြူစင်ရင်ခွင်ဖောင်းဒေးရှင်းက အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း ဖြစ်ပြီး ကွန်းတောင်ကျေးရွာက လူနာတယောက်ကို အကူအညီပေးဖို့ သွားစဉ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာခံရပြီး သေဆုံးခဲ့တာလို့ သူရဲ့ အစ်ကိုဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ပုဏ္ဏားကျွန်းမြို့က သူနဲ့ ပရဟိတ လုပ်ဖော် လူငယ်တယောက်က “ကွန်းတောင်ရွာ လူနာတယောက်က ဆေးရုံပို့ပေးဖို့ အကူအညီတောင်းခံလာလို့ သွားပြီးယူကြတာမှာ စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်တာကို ခံကြရတာ။ ပရဟိတကို စိတ်အားထက်သန်စွာရှိတဲ့ လူတစ်ဦးကို ဆုံးရှုံးရတာဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။…
-

အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်ရှုံးနိမ့်စေခဲ့သော “ ၁၀၂၇ “ စစ်ဆင်ရေး နှစ်နှစ် ပြည့်ခဲ့ပြီ
နံနက် မိုးလင်းသည်နှင့် စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များ အင်နှင့်အားနှင့် ဝင်ရောက်တိုက်ခိုက် ချေမှုန်းလိုက်ရာ လက်နက်ချ၊ ထွက်ပြေးကြသည့်မြင်ကွင်းများက တစ်နိုင်ငံလုံးကို အံ့ဩမင်သက်သွားစေသည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းချိန်မှစ၍ စစ်တပ်ကို ရရာလက်နက်ဖြင့် တော်လှန်ခဲ့ကြသည့် တော်လှန်ရေး အင်အားစုအတွက် အချိုးအကွေ့အချိန်အခါ ရောက်ပြီဟုပင် ထင်မှတ်လိုက်ကြသည်။ အဖွင့် ကောင်းခဲ့သော်လည်း အဆုံးသတ်လည်း မလှပခဲ့သည်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ က စတင်ခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးပင်ဖြစ်သည်။ ထို့နေ့ထိုရက်ကစတင်သော အမည်ဖြင့်ပင် ရိုးရိုးရှင်းရှင်း အမည်ပေးခဲ့ပြီး စစ်ဆင်ရေးကို အပိုင်းနှစ်ပိုင်း ခွဲကာ ပြုလုပ်ခဲ့ကြပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) ၊ အာရက္ခတပ်တော် (AA) တို့က ဦးဆောင်ခဲ့ကြပြီး ရှမ်းမြောက်တိုက်ပွဲများကို…