Category: News
-

ဘူးသီးတောင် စကခ (၁၅) ဒုတပ်မမှူး ပြောတဲ့ ထန်းရှောက်ခံရွာ ဖြစ်စဉ် (ရုပ်သံ)
ထန်းရှောက်ခံကျေးရွာရှိ လူသေအလောင်းများမှာ အကြမ်းဖက်စစ်သားများ၏ အလောင်းများသာဖြစ်ကြောင်း ကျေးရွာသားများ အခိုင်အမာပြောဆို ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ တန်းလျှောက်ခံ (ထန်းရှောက်ခံ)ကျေးရွာရှိ အလောင်းများမှာ အကြမ်းဖက်စစ်သားများ၏ လူသေအလောင်းများသာဖြစ်သည်ဟု ကျေးရွာသားများက အခိုင်အမာပြောဆိုကြသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့က သတင်းသမားများသည် အဆိုပါကျေးရွာသို့ သွားရောက်ပြီး မြေပြင်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာသားများနှင့် တွေ့ဆုံမေးမြန်းစဉ် ထိုအလောင်းများမှာ အကြမ်းဖက်စစ်သားများ၏ အလောင်းများသာဖြစ်ကြသည်ဟု ဆိုသည်။ ထိုအလောင်းများရှိသည့်နေရာတွင် အရပ်သားများ၏ အသုံးအဆောင်၊ အဝတ်အစားများအား မတွေ့ရဘဲ အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ဦးထုပ်၊ အီကွေ့မန့်၊ စစ်အင်္ကျီ၊ စစ်တပ်သုံး ရေဗူးနှင့် အရိုးစုအချို့ကို သတင်းသမားများက တွေ့ရှိခဲ့ကြရသည်။ ထို့အပြင် မွတ်ဆလင်အရေးလှုပ်ရှားနေသည့် ပြည်ပရောက် ဦးနေဆန်းလွင်တို့ စွပ်စွဲထားသလို ၂ဝ၂၄…
-

ကျောက်ဖြူတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များပြားပြီး ကျောက်ဖြူဆေးရုံ မဆံ့၍ စစ်တွေနှင့် ရန်ကုန်သို့ပို့ဆောင်နေရ
ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားနေကြောင်း သိရသည်။ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများပြားသည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ကျောက်ဖြူ ဆေးရုံသို့ ပို့ဆောင်ကုသမှုပေးနေသော်လည်း ဆေးရုံမဆံ့တော့ဘဲ စစ်တွေနှင့် ရန်ကုန်သို့ပါ ပို့ဆောင် နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ”စစ်တွေကို အင်အားဖြည့်အဖွဲ့တွေနဲ့အတူ ဒဏ်ရာရ စစ်သားတွေကိုပါ ရေကြောင်းက ပို့နေတယ်လို့ သိရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ကျောက်ဖြူတိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က စစ်သင်္ဘောဖြင့် တင်ဆောင်ကာ စစ်တွေဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့ထဲမှ ဒဏ်ရာပြင်းထန်သူနှင့် အရာရှိများကို ရန်ကုန်သို့ လေ ကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။…
-

ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေ
ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် စစ် သားများ သေဆုံးထိခိုက်မှုများပြားနေဟု KA စစ်ရေးချုပ်ပြော အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားပြီးဟု ကြေညာထားသော ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ဒီတစ်စုဖြင့် နေရာယူထားပြီး တော်လှန်ရေးတပ်များကလည်း ပြောက်ကျားစနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုသည်။ လက်ရှိ ဒီးမော့ဆိုမြို့ဧရိယာတွင်ပင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုများပြားနေကြောင်း ၊ ဩဂုတ်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့တွင်းသို့ ဝင်ရောက်ရှိလာသော အကြမ်းဖက်စစ် ကောင်စီတပ် သားများသည် ၎င်းတို့ရောက်ရှိရာနေရာများ၌ ဟိုတစ်စု၊ ဒီတစ်စုနေထိုင်ကာ ဒီးမော့ဆိုမြို့ကို ထိန်း ချုပ်နိုင်သည် ဟု ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း၊…
-

တံတားပိတ်၍ လက်နက်ကိုင်လှေဂိတ်များမှ ထိုင်းကုန်စည်များ တင်သွင်းနေ
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်ရေးတံတား၊ အမှတ်- ၂ ကို ဩဂုတ် ၁၈ ရက်နေမှစ၍ ယာယီ ပိတ်ထားသော်လည်း သောင်ရင်းမြစ်ဘေး ကရင်လက်နက်ကိုင်အဖွဲ့ ဂိတ်များမှတစ်ဆင့် ထိုင်ကုန်းစည်များ တင်သွင်း ကုန်သွယ်နေသည်ဟု နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။ စစ်အုပ်စု အနေဖြင့် ယခုလို တံတား ယာယီပိတ်ပြီး နယ်စပ်ကုန်သွယ်ရေး ဖြတ်တောင်ရန် လုပ်ဆောင်မှုသည် မအောင်မြင်နိုင်သလို သောင်ရင်းမြစ်ဘေးတလျှောက် လက်နက်ကိုင်များ၏ ကုန်ကူးဂိတ်ပေါင်း ၅၀ ခန့်အထိ ရှိနေပြီး ထိုဂိတ်များမှ ကုန်သယ်ယူ ပို့ဆောင်နေသည်ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “ထိုင်းနဲ့ မြန်မာ နယ်စပ် စီးပွားကူးသန်းနေတာ ကျတော်တို့ မမွေးခင်ကတည်းက ရှိလာတာ၊ ပြီးတော့ အောက် ဂိတ်တွေက အများကြီးဘဲ။ ဂိတ်ပေါင်း…
-

စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲ
ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး သိန်း ၁၅၀၀ တောင်း၊ ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် စျေးတည့်ပြီး ပြန်လွှတ်ပေး မကွေးတိုင်း၊ ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်(လုံခြုံရေးအရ ပွဲရုံ၏ အမည်ကို ဖော်ပြ၍ မရပါ) တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ယခုဩဂုတ်လအတွင်း ချောက်မြို့ပေါ်ရှိ ပဲနှမ်းအကြီးစားပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို စစ်တပ်လက် အောက်ခံပျူစောထီးများက ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူကြောင်း၊ ညအချိန် ချောက်မြို့၊ ဆိပ်ဖြူနှင့် ပုဂံညောင်ဦးလမ်းများကို ပိတ်ဆို့၍ မြို့ကို စစ်တပ်က လုံခြုံရေး တင်းကျပ်ထားချိန်တွင် ပျူစောထီးများက အုပ်စုလိုက် ပွဲရုံပိုင်ရှင်၏ သမီးဖြစ်သူကို…