Category: News

  • ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

    ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

    ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ “ဗန်းမော်မှာ သီးခြားတပ်နေရာ သိမ်းပိုက်နိုင်တာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့မရပ်ကွက်ဖြစ်တဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ် ၊ စုပေါင်းရုံးဘက်ခြမ်းမှာ တိုက်ပွဲက ပိုပြီးပြင်းထန်နေတယ်။ ဒါပြီးရင် တာမိုင်းလုံ၊ ဗန်းမော် တက္ကသိုလ်ဝင်း နဲ့ မင်းလှဘက်က နေ့တိုင်းလို တိုက်ပွဲဖြစ်နေတယ်”လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ယခုရက်ပိုင်းအတွင်းKIA တပ်တွေ လက်လွတ်လိုက်ရတဲ့ အမတ (၃၆၆) နေရာကို ပြန်လည်ရယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာ အမှန်တကယ် သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေ ရောက်ရှိသွားပြီးနောက်…

  • ရန်ကုန် စီးတီးမတ်များ ထိုင်းထုတ်ကုန် အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြု

    ရန်ကုန် စီးတီးမတ်များ ထိုင်းထုတ်ကုန် အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြု

    ပြည်ပသွင်းကုန်ပစ္စည်း ၃၅ မျိုးအား တင်သွင်းခွင့် စစ်ကော်မရှင်မှ ကန့်သတ်သည့်စာ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့စီးတီးမတ် (City Mart) များတွင် ထိုင်းထုတ်ကုန်ပစ္စည်းတချို့ဝယ်ယူခြင်းကို အရေအတွက် အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ပြုတော့ကြောင်း သိရသည်။ ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “ဆပ်ပြာ၊ သွားတိုက်ဆေးလိုဟာတွေကို နှစ်ခုပဲ ဝယ်ယူနိုင်တယ်လို့ စာကပ်ထားတယ်။ ဒီလအစပိုင်းကတောင် ဒီစာ မရှိဘူး။ အခု သွားဝယ်တော့ တွေ့တာ၊ ကျန်တဲ့ ကလေးမုန့်တွေ ဘာတွေတော့ မသတ်မှတ်ထားဘူး။ ယိုးဒယားကုန်ကိုပဲ အဓိထား ကပ်ထားတာ” ဟု ပြောသည်။ စီးတီးမတ်များ၌ ထိုင်းထုတ်ကုန် လူသုံးကုန်ပစ္စည်းများတွင် “ဤကုန်ပစ္စည်းအား ဈေးဝယ်သူတဦးလျှင် အရေအတွက် ၂ ခု သာ ဝယ်ယူနိုင်ပါသည်” ဟု စာကပ်ထားသည်။ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍လည်း…

  • ထိုင်းမှ ပြန်ပို့သည့် လူငယ်အမျိုးသမီးများကိုပါ စစ်တပ်ထဲသို့ ခေါ်ဆောင်

    ထိုင်းမှ ပြန်ပို့သည့် လူငယ်အမျိုးသမီးများကိုပါ စစ်တပ်ထဲသို့ ခေါ်ဆောင်

    ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ကော့သောင်းသို့ ပြန်လွှဲပို့ခြင်းခံရ သည့် လူငယ်အမျိုးသမီးများကိုပါ စစ်တပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ ဩဂုတ်၁၅ရက်တွင် ထိုင်းနိုင်ငံ၊ရနောင်းအချုပ်ထောင်မှ လွတ်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၈၄ဦးနှင့် အမျိုးသမီး၁၅ဦးတို့ကို စက်လှေ၇စီးဖြင့် ကော့သောင်းမြို့လှေဆိပ်သို့ ခေါ်ဆောင် ခဲ့ပြီး နောက် ကော့သောင်းမြို့ နဝရတ်အားကစားရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း ထို့နောက် သက်ကြီး ပိုင်း တို့ ကို ပြန်လွှတ်ပေးကာ လူငယ် အမျိုးသား၊အမျိုးသမီးများအား ကော့သောင်းအခြေစိုက် ခလရ၂၆၂ သို့ ပို့ဆောင်လိုက်ကြောင်း ကော့သောင်းမြို့သတင်းရင်းမြစ်ထံက သိရသည်။ “အရင်ကလည်း ဟိုဘက်(ရနောင်း)က လွှဲလိုက်ရင် လှေဆိပ်ကနေ အားကစားခန်းမကို ခေါ်တယ်။အဲ မှာ အဖွဲ့စုံနဲ့ စစ်တယ်။ပြီးတော့ ယောကျာ်းလေး အရွယ်ကောင်းတွေကို ငွေနဲ့ ရွေးနိုင်ရင် ပြန်လွှတ် ပေးတယ်။မရွေးနိုင်ရင် ၆မိုင်(ကော့သောင်းမြို့နယ်၊၆မိုင်ရွာအခြေစိုက်…

  • လူငယ်တွေကို ပစ်မှတ်ထားကာ VPN တွေကို ပြန်လည်စစ်ဆေးနေ

    လူငယ်တွေကို ပစ်မှတ်ထားကာ VPN တွေကို ပြန်လည်စစ်ဆေးနေ

    ဆိုက်ဘာလုံခြုံရေး ဥပဒေ အာဏာတည်ပြီးနောက် လူငယ်တွေကို ပစ်မှတ်ထားကာ VPN တွေကို ပြန်လည်စစ်ဆေးနေ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် နဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ သြဂုတ်လ ၁၇ ရက်နေ့က စစ်တပ်နဲ့ ရဲတွေက ဆိုင်ကယ် စီးလာသူတွေကို ရပ်တန့်စစ်ဆေးပြီး VPN ဆော့လ်ဝဲတခုတွေ့ပါက ဒဏ်ငွေ ၅၀၀၀၀ ထိ တောင်းနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့က မြို့နယ်အတော်များများမှာ စစ်တပ်က ဆိုင်ကယ်သမားတွေနဲ့ လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ VPN စစ်ဆေးတာတွေ ပြန်လည် ပြုလုပ်လာတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်ထံက သိရပါတယ်။ “အရင်က မော်တော်ပီကယ်ဖမ်းသလို ဖမ်းတာမျိုး အဖွဲ့စုံနဲ့ ဖမ်းတာ။ ဆိုင်ကယ်လိုင်စင် လူလိုင်စင် စစ်တယ်။ VPN မပါရင် Facebook ဆော့လ်ဝဲကိုရှာတယ်။ အရင်ရက်က သတင်းတွေတက်လာလို့…

  • အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ တွင် တပ်မိသားစုနှင့် ပျူစောထီးများ ပါဝင်

    အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ တွင် တပ်မိသားစုနှင့် ပျူစောထီးများ ပါဝင်

    အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ အတွက် သင်တန်းကို ဇွန်လအတွင်း စတင်ဖွင့်လှစ်နေတာမှာ သင်တန်းသားတွေထဲ တပ်မိသားစုဝင်တွေ၊ စစ်တပ်အသိုက်အဝန်းနဲ့ စစ်တပ်ထောက်ခံသူတွေနဲ့ ပျူစောထီးတွေနဲ့ ပတ်သက်တဲ့သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အခုဖွင့်လှစ်တဲ့ အမှတ်စဉ် ၁ က တပ်မိသားစုဝင်တွေဖြစ်ကြောင်း Myanmar Defense & Security Institute (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက အတည်ပြု ပြောပါတယ်။ “အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ ကို မှော်ဘီ ရကသ-၄ မှာ ဖွင့်နေတယ်လို့ ကျနော်တို့ သတင်းရင်းမြစ်ဆီကနေ သိထားရတယ်။ လက်ရှိကတော့ သင်တန်းသူတွေ ဘယ်လိုစုဆောင်း ခေါ်ယူတယ်ဆိုတာ ကျနော်တို့ သေချာမရဘူးဆိုတော့ ကျနော်တို့ ယူဆတာကတော့ ပထမဆုံး အပတ်စဉ်မှာကတော့ တပ်မိသားစုဝင်တွေကို အဓိက ခေါ်ယူဖွင့်တာလို့…