Category: News

  • AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ

    AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ

    သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ

    ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း သာပေါင်းမြို့နယ်ရဲစခန်းမှ ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၈ ရက်နေ့ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူးသည် သစ်ဖြူကျေး ရွာအုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန်သွားရော်ကစဉ် စနိုက်ပါဖြင့် ပစ် ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ သာပေါင်းမြို့နယ်အတွင်းတွင် AA တပ်တချို့ ရောက်ရှိနေပြီး AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း၊ သစ်ဖြူကျေးရွာ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန် ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း၏ ခိုင်းစေချက်အရ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးက သွားရောက် ရိက္ခာပို့ခဲ့စဉ် ပစ်ခတ်ခံရကာ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

    ” တိုင်းတပ်ဖွဲ့မှူးက စစ်တပ်ကို မျက်နှာလို မျက်နှာရ ဘောမပြီး တပ်အတွက် သာပေါင်းစခန်းမှူးကို ရိက္ခာသွားပို့ခိုင်းတာ။ သူ အနေအစားချောင်ရေးနဲ့သူ့ငွေရှာပေးနေရင် ဘာလုပ်လုပ် သူ့အတွက်ငွေမရှာနိုင်တဲ့ သာပေါင်းလို နယ်စခန်းတွေကို အဲဒီလိုမျိုး ထိုးကျွေးပါတယ်။ သူ့အတွက်ငွေရှာပေးတဲ့ပုသိမ်နယ်မြေစခန်းဆိုအရမ်းပစားပေးပါတယ်။ ဒုရဲမှူး ဝင်းနိုင်ဦးက သစ်ဖြူ တပ်စခန်းကို ရိက္ခာသွားပို့ရင်း လမ်းမှာ အပစ်ခံရတာ။ ဒုရဲမှူး ဝင်းနိုင်ဦး ဇနီးက သာပေါင် အပိုင် ထဲကမလို့ မျက်နှာသိများတော့သူ့ကို မသွားဖို့ တားတယ်။ စိတ်ပူလို့မသွားခိုင်းတာ။ မသွားခိုင်းတာကို သွားရင်းနဲ့ သေတာ။ သူကလည်း တိုင်းတပ်ဖွဲ့မှူးက အတင်းဖိအားပေးတော့ ကြောက်ပြီးသွားရတာ” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။

    ယခုအခါ ဒုရဲမှူး ဝင်းနိုင်ဦး၏ ရုပ်အလောင်းကို ၎င်း၏ ဇာတိ သာပေါင်းမြို့နယ်၊ လက်ပံကွင်းသို့ ပြန်လည် သယ်ယူလာပြီဖြစ်ကြောင်း သိရှိရသည်။

    လတ်တလော AA ဦးဆောင်သော တော်လှန်ရေးတပ်ချို့က ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းသို့ ရောက်ရှိလာပြီး ဒုရဲမှူး ဝင်းနိုင်ဦး ပစ်ခတ်ခံရသော နေ ရာမှာ AA နှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှုများ ရှိနေသော နေရာဖြစ် ကြောင်း သိရှိရသည်။

    သာပေါင်းအထိ AA နှင့် ပူးပေါင်းတပ်များရောက်ရှိနေပြီး တိုက်ပွဲပြင်းထန်နေ

    ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ထဲသို့ အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များ ရောက်ရှိနေပြီ ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    စစ်ကောင်စီတပ်နှင့် AA ပူး ပေါင်းတပ်တို့သည် ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    “သာပေါင်းအစပ်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က စစ်ကူတွေပို့ပေမယ့် ဖြတ်တောက် ထားနိုင်တဲ့အခြေအနေပါ။ ရိက္ခာပို့တဲ့ မြို့နယ်ရဲမှူးကိုလည်း စနိုက်ဘာနဲ့ရှော့(ပစ်) ထားနိုင်တဲ့အပေါ်မှာ ဖိအားပေးပြီး လွှတ်နေရတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    AA နှင့်ပူးပေါင်းတပ်တို့သည် မကျီးဇင်နှင့် သဲဖြူရွာ များတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် သာပေါင်း ဘက်သို့ပါ ထိုးဖောက်ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ကူနှင့်ရိက္ခာပို့သွားသည့် သူများပါ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။

    AA တပ်များ သာပေါင်းသို့ဝင်ရောက်လာပြီး သာပေါင်း ရဲစခန်းမှူးကို စနိုက်ဘာဖြင့်ပင် ပစ်ခတ်ခဲ့ ခြင်းကြောင့် ပုသိမ်မြို့သို့ အချိန်မရွေး ရောက်ရှိလာနိုင်သည်ဟုဆိုကာ စစ်ကောင်စီတပ် မိသားစုဝင် များနှင့် မြို့ခံများပါလှုပ်လှုပ် ခတ်ခတ်ဖြစ်နေကြောင်း သိရသည်။

    စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း AA တပ်ဖွဲ့ များ ဝင်ရောက်မလာနိုင်ရေးအတွက် စစ်ကူ အများအပြားပို့ဆောင်ကာ ခံစစ်ပြင်ဆင်၍ တိုက်ခိုက်နေသော်လည်း မကျီးဇင်နှင့် သဲဖြူရွာများမှ တစ်ဆင့် သာပေါင်းမြို့နယ်အစပ်ထိ တိုက်ပွဲများရောက်ရှိလာသည် ကို တွေ့ရသည်။

    AA သည် ဧရာဝတီတိုင်းနှင့် နယ်မြေထိစပ်နေသည့် ဂွမြို့ နယ်ကို သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်း အတွင်းရှိ စစ်ကောင်စီများ ခံစစ်အထူးပြင်ဆင်ထားသည့် စခန်းများအထိ တိုက်ခိုက်လာခြင်းဖြစ်သည်။

    ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ တင့်ကားများပါ ပို့ဆောင်၍ ခံစစ်ပြင်ထားသော မကျီးဇင်နှင့် ဘောမိတို့ AA လက်ထဲကျသွားပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်အတွင်း၌ပါ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

    လက်ရှိတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ် ချင်းစု ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ် ကောင်စီက ခံစစ်အတွက် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများထံက သိရသည်။

    ပုံစာ- အာရက္ခတပ်တော် (AA) က ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ကို စနိုက်ဘာသင်တန်းပေးစဉ် (ပုံဟောင်း)

  • မိုးထိတောင်တိုက်ပွဲ က သေဆုံး/ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို ဉသျှစ်ပင်သို့ သယ်ယူ

    မိုးထိတောင်တိုက်ပွဲ က သေဆုံး/ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို ဉသျှစ်ပင်သို့ သယ်ယူ

    ရခိုင်-ပဲခူး နယ်ခြားဂိတ်စခန်းဖြစ်တဲ့ မိုးထိတောင် စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာပြင်းထန်ရရှိထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သေဆုံးသွားတဲ့ သူတွေကို ဉသျှစ်ပင်မြို့ကို ဇန်နဝါရီ ၂၇၊ ၂၈ ရက်တွေမှာ ကားတွေနဲ့ တင်ဆောင်ပြောင်းရွှေ့နေတယ်လို့ သတင်းရရှိပါတယ်။

    မိုးထိတောင် တိုက်ပွဲက နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးနဲ့ ချင်းကုန်းအမြှောက်စခန်း မှာ စခန်းချဆေးကုနေပြီး သေဆုံးသူတွေလည်းရှိနေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    “ညောင်ကျိုးစခန်းကို ရိက္ခာ နဲ့ စစ်ကူ လာပို့တဲ့ ကားတွေနဲ့ အလောင်းတွေ၊ ဒဏ်ရာပြင်းတဲ့ သူတွေကို ပြန်တင်သွားတယ်၊ သေတဲ့လူတွေကတော့ ဉသျှစ်ပင်မှာ သဂြိုလ်တယ်လို့ ကြားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ပြန်လည်တင်ဆောင်သွားတဲ့ ဒဏ်ရာရရှိသူနဲ့ သေဆုံးသူအရေအတွက်ဟာ ၁၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေကို ဉသျှစ်ပင်မြို့မှာ ညအချိန်တွေ မြေမြုပ်သဂြိုလ်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    “မိုးထိတောင်တိုက်ပွဲမှာ ကွက်ကဲခဲ့တဲ့ ဗိုလ်မှူးချုပ်ကောင်းမြတ်ကို ကယ်ထုတ်ပြီး အပြန်မှာ အာပီဂျီထိပြီး ဒဏ်ရာရသွားတယ်။ မဂ်လာဒုံဆေးရုံကို သယ်သွားတယ်” လို့ စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။

    ညောင်ချိုးတပ်စခန်း ၊ ချင်းကုန်းစခန်းတွေနဲ့ ညောင်ချေထောက်ကျေးရွာတို့ မှာ စစ်ကောင်စီ အင်အားတွေ အလုံးအရင်းနဲ့ ထပ်မံဖြည့်ထားတယ်လို့ ဆိုပါတယ်။

  • အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ယာဥ်အန္တရာယ်ကင်းရှင်းရေးတွေ ပြုလုပ်နေ

    အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ယာဥ်အန္တရာယ်ကင်းရှင်းရေးတွေ ပြုလုပ်နေ

    အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဥ်အန္တရယ်ကင်းရှင်းရေးတွေ ပြုလုပ်နေပါတယ်။

    အဲဒီအာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပြည်သူတွေဝင်ရောက်နေတဲ့အချိန်မှစလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။

    အဲဒီသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေက ယာဥ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခစစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက အာရက္ခပြည်သူလူထူတွေယာဥ်အန္တရာယ်မဖြစ်စေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။

    အဲဒီလုပ်ဆောင်ချက်တွေက ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊မိတ်သိုင်းကြိုးတပ်ရန်နဲ့ ဆိုင်ကယ်တစီးမှာ လူနှစ်ယောက်ထက်ပိုမစီးရန် စတဲ့စည်းကမ်းချက်တွေကို လမ်းသွားလမ်းလာတွေလိုက်နာဖို့ သတိပေးနှိုးဆော်နေပြီး နောက်ထပ်စည်းကမ်းချိုးဖောက်ခဲ့ရင် အပြစ်ဒဏ်ပေးသွားမယ်လို့ဆိုပါတယ်။

    အဲဒီစည်းကမ်းချက်ဆိုင်းဘုတ်တွေကို လမ်းခွဆုံတွေ၊အဝေးပြေးကားလမ်းမတွေမှာ ထောင်ထားပြီး သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။

    ခုလိုမျိုး သတိပေးစစ်ဆေးနေတာဟာ အာရက္ခပြည်သူတွေကို ယာဥ်အန္တရာယ်တွေကြောင်းထိခိုက်ဒဏ်ရာမရစေဖို့၊ယာဥ်နဲ့ပတ်သက်ပြီးအသက်ဘေးအန္တရာယ်မဖြစ်စေတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့ကိုလည်းဆိုထားပါတယ်။

    အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

    အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြ စ်နေတယ်လို အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    Photo-APM

  • “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်  မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး

    “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး

    ကော့သောင်းတွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး

    တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ခေါင်းဖြူ (ခ)မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ခေါင်းဖြူ (ခ)မြင့်ဆွေကို ၎င်းနေထိုင်ရာ ဟက်စဒင်းကျေးရွာအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

    သေဆုံးသူ မြင့်ဆွေသည် အကြမ်းဖက် စစ်ကောင်စီတပ် အားကိုးဖြင့် ဒေသနေပြည်သူများအပေါ် နိုင် ထက်စီးနင်းလုပ်နေခြင်း၊ တော်လှန်ရေးသမားများအား စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီထံသို့ သ တင်းများပေးပို့ခြင်းနှင့် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းရာတွင် အားကြိုးမန်တက် ပါဝင် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထိုသို့ လုပ်ရပ်များကို မလုပ်ဆောင်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းထံသို့ သတိပေးစာများ ပေးပို့ခဲ့သော်လည်း ဂရုမစိုက်သည့်အပြင် “PDF တွေ သေချင်ရင် လာခဲ့” ဟု ကြွေးကြော်နေသူဖြစ်ကြောင်း သိရသည်။

    “သူက ပျူစောထီးခေါင်းဆောင်၊ ရာအိမ်မှူးလည်း ဟုတ်တယ်။သူက လက်နက်ကိုင်ဆောင်ပြီး စကစ အားကိုးနဲ့ ပျူစောထီးအရှိန်အဝါနဲ့ ရပ်ထဲရွာထဲမှာ ထင်တိုင်းကျဲနေတဲ့ လူတစ်ယောက်၊ သူ့ကို ဒေသခံ အများစုကတော့ ခေါင်းဖြူပဲခေါ်ကြတာ။ မြင့်ဆွေဆိုပြီးတော့ တော်ရုံမခေါ်ကြဘူး။ အလောင်းကို တော့ ကော့သောင်းဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြား သည်။

    ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ပျူစောထီးများ အစရှိသော စစ်ကောင်စီထောက်တိုင်များအားလုံး အနေဖြင့် အချိန် မနှောင်းခင် ပြည်သူ့ဘက်ရပ်တည်ပြီး ပြည်သူနှင့်အတူပူးပေါင်းကြပါရန်နှင့် ပြည်သူ့ ဘက်မရပ်တည် သော မည်သူ့ကိုဖြစ်စေ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ လုပ်ထုံးလုပ် နည်းအညီ ထိရောက်စွာ အရေးယူနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

  • အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်

    အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်

    အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်မှု ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

    မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်သား ၃၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း United States Of Burma Army – USBA တပ်ဖွဲ့ တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၈ မိနစ်ခန့်တွင် ကံတုပ်ကျေးရွာ အကြမ်းဖက် စစ်တပ်ဂိတ်မှ အထက် မင်းလှမြို့ဘက်သို့ ပြန်လာသည့် အင်အား ၄၉ ဦးပါ စစ်ကား ၂ စီးကို အထက်မင်းလှမြို့ နယ်အတွင်းရှိ သရက်-မင်းလှ ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းကို ဆက်သွယ်ပေးထားသော ကံတုပ် – စစ္စနို့ ကားပိုင်းရှိ လယ်လှကျေးရွာအနီး မန်းသံပုရာကန် ရေနံချက်စက်ရုံ -PIC နှင့် ၁၅ မိုင်အကွာ လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ကံတုတ်ကနေ စစ္စနို့ဘက်ကို (မင်းလှဘက်ကိုပေါ့) မောင်းပြီး ပြန်တာ။ အရာရှိအပါအဝင် ၃၁ ဦး သေတယ်။ လက်နက်ကမရဘူး။တိုက်ခိုက်ခံရပြီးတော့ ကားသမားက မသေမရှင်နဲ့ မောင်းနိုင်လိုက် တဲ့အခါကျတော့ ရှေ့မီတာ ၄၀၀ လောက်အထိမောင်း ပြေးသွားတာ အဲလောက် အကွာအဝေးကျမှ ကားသမားက မမောင်းနိုင်ဘဲနဲ့ သတိလွတ်သွားတာ အဲဒီအချိန်မှာ အကောင်း အတိုင်းကျန်နေတဲ့ သေနတ် ပစ်နိုင်သေးတဲ့ စစ်ခွေး ၁၅ ယောက် လောက်က ခုခံပြန်ပစ်တာ အဲဒီလို ပြန်ခံပစ်တာရယ် အဲဒီနေရာက ရန်သူ့အတွင်းပိုင်းကို အရမ်းကျ တယ်။ ကျနော်တို့အတွက် ဆုတ်ဖို့အချိန် မရဘူး။ တကယ်လို့ သူတို့နဲ့ ဆက်ပြီးတိုက်လိုက်ရင် ကျနော် တို့ ဆုတ်လမ်းအတွက်က တော်တော် အဆင်မပြေတော့ဘူး။ ချုံခို တိုက်ပွဲကနေ သမရိုးကျတိုက်ပွဲ အသွင် ပြောင်းသွားတဲ့အခါ ကျတော့ ဆုတ်ပေးလိုက်တာပါ။ ဘာမှတော့ သိမ်းဆည်းရရှိတာ မရလိုက်ဘူး” ဟု United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ပြောကြား သည်။

    ထိုသို့ စီးနင်းတိုက်ခိုက်မှုအတွင်း ပကစ ၁၀ မှ အရာရှိများအပါအဝင် အကြမ်းဖက်စစ်သား ၃၁ ဦး သေဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ လက်ကျန်စစ်သား အနည်းငယ်ဖြင့် အထက်မင်းလှ ဆေးရုံးသို့ မောင်းပြေးသွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States Of Burma Army – USBA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။

    ထိတွေ့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာ အနီးတဝိုက်ကို မြေပြင် စစ်ကြောင်း ၊ Drone များဖြင့်ပါ တိုက်ခိုက်နေပြီး လေယာဉ်ဖြင့်ပါ တိုက်ခိုက်မှုများ အချိန်မရွေး လုပ်ဆောင်လာနိုင်သောကြောင့် မင်းတုန်းမြို့နယ်၊ အထက် မင်းလှအတွင်းရှိ ပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်ကြရန် တိုက်တွန်းထားသည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ပုသိမ် -မုံရွာ လမ်းပိုင်းရှိ ကံတုတ်ကျေးရွာဂိတ်စခန်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပံတံခါးတိုက်နယ်နှင့် ရှမ်းတပ်တိုက်နယ် အတွင်းကို သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

    “ဒီတစ်ခါသူတို့က အငိုက်မိတာ။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေဆိုရင်လည်း စစ်ကောင်စီယန္တရား ၁၀၀ ရာခိုင်နှုန်းအပြည့်လည်ပတ်နေတဲ့ ရွာတွေပေါ့။ နည်းနည်းလေး လူတစ်ယောက်နဲ့ တွေ့ရင်က အစ သတင်းပေါက်မယ့် အနေအထားတွေပေါ့။ သူတို့နယ်မြေလို့ အပိုင်သတ်မှတ်ပြီးတော့ အဲဒီလမ်းပေါ်မှ သူတို့က တစ်ယောက်တည်းလည်းသွားတယ်။ ၂ ယောက်တည်းလည်းသွားတယ်။ အခုကား‌တွေဆိုရင်လည်း လုံးဝအေးအေးဆေးဆေးနဲ့သွားလာခဲ့တာ လက်နက်ကိုင်တော်လှန်ရေး ၄ နှစ် ပြည့်လို့ပြည့်ချိန်ကာလမှာတောင်မှ သူတို့က စိုးမိုးတဲ့ဒေသ အဲဒီလို ဒေသမှာ အခုလိုထဖြစ်တဲ့ အချိန် ကျတေ့ သူတို့အတွက်တော်တော်လေးတော့ ဆိုးဆိုးရွားရွား တုံ့ပြန်လာနိုင်ပါတယ်။ ဒါကြောင့် ဒေသပြည်သူတွေအနေနဲ့ကတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မယ့်အန္တရာယ်တွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကို သတိဝီရိယထားပြီးတော့ ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းအကြံပေးလိုပါတယ်” United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ဆက်လက်ပြောဆိုသည်။