အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဥ်အန္တရယ်ကင်းရှင်းရေးတွေ ပြုလုပ်နေပါတယ်။

အဲဒီအာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပြည်သူတွေဝင်ရောက်နေတဲ့အချိန်မှစလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။

အဲဒီသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေက ယာဥ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခစစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက အာရက္ခပြည်သူလူထူတွေယာဥ်အန္တရာယ်မဖြစ်စေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလုပ်ဆောင်ချက်တွေက ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊မိတ်သိုင်းကြိုးတပ်ရန်နဲ့ ဆိုင်ကယ်တစီးမှာ လူနှစ်ယောက်ထက်ပိုမစီးရန် စတဲ့စည်းကမ်းချက်တွေကို လမ်းသွားလမ်းလာတွေလိုက်နာဖို့ သတိပေးနှိုးဆော်နေပြီး နောက်ထပ်စည်းကမ်းချိုးဖောက်ခဲ့ရင် အပြစ်ဒဏ်ပေးသွားမယ်လို့ဆိုပါတယ်။

အဲဒီစည်းကမ်းချက်ဆိုင်းဘုတ်တွေကို လမ်းခွဆုံတွေ၊အဝေးပြေးကားလမ်းမတွေမှာ ထောင်ထားပြီး သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။

ခုလိုမျိုး သတိပေးစစ်ဆေးနေတာဟာ အာရက္ခပြည်သူတွေကို ယာဥ်အန္တရာယ်တွေကြောင်းထိခိုက်ဒဏ်ရာမရစေဖို့၊ယာဥ်နဲ့ပတ်သက်ပြီးအသက်ဘေးအန္တရာယ်မဖြစ်စေတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့ကိုလည်းဆိုထားပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြ စ်နေတယ်လို အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Photo-APM


Leave a Reply

Your email address will not be published. Required fields are marked *