Category: News

  • စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရ

    စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရ

    စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိ

    ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေသည် ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ သေမလိုဖြစ်နေ၍ ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆုသိည်။

    ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စမ်းချောင်းမြိုနယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲ ပြုတ် စန်းငွေ တစ်ဦးတည်းသာရှိနေစဉ် လူတချို့ ရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲပြုတ်အုပ်ချုပ်ရေးမှူး စန်းငွေမှာ ဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် အပြင်းအထန်ရရှိပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရကြောင်း၊ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို ပိုဆောင်ဆေးကုသမှူခံယူလျက်ရှိကြောင်း၊ စစ်တပ်က ယင်းနေရာပတ်ဝန်းကျင်ကို ပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “သေသလားရှင်းသလားတော့မသိရသေးဘူး။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်မှာလို့ပြောတယ်” ဟု စမ်းချောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

    စမ်းချောင်းအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရဲပြုတ်စန်းငွေသည် ဟုမ်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးသိန်း ထွက်ပြေးပြီး နောက် အုပ်ချုပ်ရေးမှူး အသစ်အဖြစ် လုပ်ဆောင်လာသူဖြစ်ကြောင်း၊ ၎င်း၏ ဇနီး ခင်ခင်ရွှေကလည်း အာဏာပါဝါပြကာ ရပ်ကွက်နေပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေကြောင်း၊ ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ သည် စစ်မှုထမ်းစုဆောင်းခြင်း၊ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းနှင့် မဲစာရင်းကောက်ခြင်း၊ ပြည်သူကို ငွေညစ်ခြင်းများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ပြောဆိုသည်။

  • ဂွအခြေစိုက် ခမရ ၅၆၂ တပ်ရင်းအတွင်းထိ တိုက်ပွဲပြင်းထန်နေ

    ဂွအခြေစိုက် ခမရ ၅၆၂ တပ်ရင်းအတွင်းထိ တိုက်ပွဲပြင်းထန်နေ

    ဂွအခြေစိုက် ခမရ ၅၆၂ တပ်ရင်းအတွင်းထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ

    ရခိုင်ပြည်နယ် ဂွမြို့အခြေစိုက် ခမရ ၅၆၂ တပ်ဝန်း အတွင်းထိ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်ဝင် ရောက်တိုက်ခိုက်နေပြီး တပ်ရင်းအတွင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ အညံ့ခံမှုများရှိကြောင်း သိရသည်။

    ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ခမရ ၅၆၂ တပ်ရင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ခန့်သည် AA ထံ လက်နက်ချအညံ့ခံခဲ့ပြီး ကျန်သည့်တပ်ဖွဲ့ဝင်များနှင့် ဆက်လက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

    “၅၆၂ တပ်ရင်းက တပ်ပျက်နေတာ။ ၅၆၃ သိမ်းပြီး ကတည်းက စစ်တပ်ထဲကနေ တချို့ထွက်ပြေးတယ်။ တချို့လက်နက်ချတယ်။ စုပြီး ခံပစ်နေတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာပါ”ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့က ဂွမြို့ရှိ ခမရ ၅၆၃ တပ်ရင်းကို AA ကသိမ်းပိုက်ထားနိုင်ခဲ့ပြီး နောက်ဆုံး ကျန်သည့် ခမရ ၅၆၂ တပ်ကို ထိန်းချုပ်ထားကာ ယင်းနေ့တွင်ပင် ခမရ ၅၆၂ တပ်အတွင်းမှ စစ်ကောင် စီရာချီခန့် ဧရာဝတီတိုင်းအတွင်း ထွက်ပြေးသွားကြ ကြောင်း သိရသည်။

    ဂွ၌ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအပါအဝင် နေရာစုံမှ စစ်ကူတပ်အင်အားများဖြင့် ဖြည့်တင်းထားသည့် တပ်ဖွဲ့ဝင်များဖြစ်သဖြင့် စိတ်ဓာတ်ပျက်ပြား နေကာ တိုက်ပွဲအတွင်းမှ ထွက်ပြေးနေကြကြောင်း AA က ဆိုထားသည်။

    စစ်ကောင်စီသည် လက်ရှိတွင် ဂွမြို့ကို လက်လွှတ်ရခါနီးနေသဖြင့် ဂွမှတစ်ဆင့် စစ်ရေးမှာ ဧရာဝတီတိုင်းအတွင်း ကူးစက်လာမည်ကို စိုးရိမ်နေပြီး အင်္ဂပူရှိ အမတ ၃၄၄ အမြောက်တပ်တွင် အရေးပေါ်ရဟတ်ယာဉ်ကွင်းများ၊ တင့်ကားများ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများ ဆောက်လုပ်၍ စစ်ရေးပြင်ဆင်လျက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ-နပခမှ အလံဖြူထောင်လာသည့် စကစတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

  • ငသိုင်းချောင်းတံတားအောက်က စခ ၅ ကောင်

    ငသိုင်းချောင်းတံတားအောက်က စခ ၅ ကောင်

    ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းတံတားအောက် ရဲစခန်းမှာ တပ်ဆွဲထားသည့် စခများ ရှေ့တန်းထွက်ရမည်ဟု ညွန်ကြားသဖြင့် စခ(၅)ယောက် ဒီ(၂၃) ၀၁၀၀ အချိန်တွင် ထွက်ပြေးသွားသည့်အတွက် ဗိုလ်ကြီး ကျော်စိုးသူ၊ တိုက်နယ်အုပ်မှူး ရဲထက်အောင်၊ စခန်းမှူးတင်လင်းထွဋ်၊ ရပ်ကွက်အုပ်မှူးများဖြစ်သည့် နောင်နောင်၊ ရန်လင်းထွန်း၊ ဝင်းန်ိုင် ဦးစီးအဖွဲ့မှ ယနေ့ မနက်ထိ ပိတ်ဆို့ရှာဖွေနေသော်လည်း ရှာမတွေ့ဘဲ ၎င်းတို့ဝတ်ဆင်သည့် Uniform များကို ငါးသိုင်းချောင်းမြို့ပြင် တာဘေးမှာ တွေ့ရှိရကြောင်း သိရှိရသည်။

    ရေကြည်မြို့နယ် အနောက်ဘက် ကမ်းနီတိုက်နယ်အတွင်းသို့ ဒီ(၂၃)ရက်နေ့ ၀၉၀၀ အချိန်တွင် ဂွမြို့နယ်ဘက်မှ တပ်ပျက်ပြီး‌ ရောက်ရှိလာသည့် စခ (၁၁)ယောက်သည် သောင်တန်း သစ်ထုတ်လုပ်ရေးစခန်းဘက်သို့ ဦးတည်သွားကြောင်း သိရသည်။

    အဆိုပါ တပ်ပျက်လာသည့် စခများသည် ကျေးရွာအတွင်း ဝင်ရောက်လာလျှင် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရသည်။

  • ဗန်းမော်မြို့ပြင်ရှိကာကင်းများကို KIA ဆက်လက်တိုက်ခိုက်ရှင်းလင်း

    ဗန်းမော်မြို့ပြင်ရှိကာကင်းများကို KIA ဆက်လက်တိုက်ခိုက်ရှင်းလင်း

    ဗန်းမော်ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက သတိပေးထား

    ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က မြို့ပြင်ရှိ ကာကင်းစခန်းများကို ရှင်းလင်းခဲ့ရာ စစ်ကောင်စီအလောင်းနှင့် လက်နက်များ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ဒီဇင်ဘာ ၂၃ ရက်တွင် ထွက်ပေါ်လာသည့် တိုက်ပွဲအတွင်း စစ်ကောင်စီယာယီတပ်စွဲရာနေရာ တစ်ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးနေမှု ရုပ်သံမှတ်တမ်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

    ” ဗန်းမော်တိုက်ပွဲ မြို့ပြင်က ကာကင်းတွေကို ရှင်းလင်းနေပါတယ်”ဟု သတင်းရင်းမြစ်က ပြောပြသည်။

    ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည်ကို ပြသထားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် ၈လက်ထက်မနည်း သိမ်းရထားသည်ကိုလည်းတွေ့ရသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်တပ်စွဲရာနေရာအများစုကို KIAတပ်ကထိန်းချုပ်ထားပြီး ကျန်​နေ​သောစစ်ကောင်စီတပ်စခန်းများကို လက်နက်ချခိုင်းထား​ကြောင်း ဒေသခံအချို့က​ပြောသည်။

    “အခုကျန်နေတဲ့ကောင်တွေ(စစ်တပ်)ကိုလက်နက်ချခိုင်းထားတယ်ပြောတယ်။၂၁တပ်(စကခ ၂၁)ကျန်နေသေးတယ်။မြို့ကတော့ အိမ်တွေလည်းပျက်စီး၊ပြာဖြစ်တဲ့ဟာတွေဖြစ်နေပြီ”လို့ ယခုရက်ပိုင်းအတွင်းဗန်း​မော်မြို့ကထွက်ပြေးတိမ်းရှောင်လာ​သော စစ်​ဘေူ​ရှောင်ပြည်သူတဦးကပြောသည်။

    ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက အသိပေးထားသည်မှာလည်း မှန်ကန်ကြောင်းစစ်​ရေးအရင်းအမြစ်တဦးကလည်းပြော
    သည်။

    အခြား ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ထိုသို့ လက်နက်ချရန် အသိပေးမှုသည် ရှေ့တန်းတပ်ဖွဲ့ဝင်များမှ ပြုလုပ်ခြင်းဖြစ်မည်ဟု ပြောသည်။

    စကခ(၂၁) တပ်ဟာ ဗန်းမော်မြို့အစပ် ၂မိုင်တွင်တည်ရှိပြီး စကခ (၂၁)ကို KIA နှင့် မဟာမိတ်တပ်များက ဝိုင်းထား​ကြောင်းဒေသခံအချို့ကပြောသည်။ အ​မြောက်တပ်ကိုလည်း KIA ကသိမ်းပိုက်ထား​ကြောင်း​ဒေသခံအချို့က​ပြောသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်တပ်တပ်စွဲခဲ့​သော ဗန်း​မော်နည်းပညာ တက္ကသိုလ် ကို KIA ထိန်းချုပ်လိုက်ပြီဖြစ်​ကြောင်း ကချင်​စစ်​ရေးရင်းမြစ်အချို့က ဓါတ်ပုံမှတ်တမ်းနှင့်တကွထုတ်ပြန်သည်။

    KIAသည် ဒီဇင်ဘာ ၄ရက်ကတည်းက ဗန်းမော်နှင့် မံစီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး သုံးပတ်ကြာတိုက်ပွဲများ ဖြစ်ပွားကာ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို သိမ်းရထားသည်။ ထို့ပြင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် မြို့ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူပေးခုခံလျက်ရှိသည်။

    ​ဒေသခံပြည်သူအများစုမှ မြို့မှ​​ဘေးလွတ်မည်ထင်ရာသို့ ထွက်​ပြေးတိမ်း​ရှောင်​နေကြသည်။

    KIA က ဗန်းမော်တိုက်ပွဲကြောင့် မြို့ခံများ အခက်အခဲများစွာဖြင့် စစ်ရှောင်နေရကြောင်း သတင်းပြန်ကြားရေးဌာနက ဖော်ပြထားသော်လည်း တိုက်ပွဲရလဒ် ၊ စစ်ရေးအခြေအနေများကို သတင်းထုတ်ပြန်ဖော်ပြခြင်းမရှိပေ။

    ဗန်းမော်မြို့မှာ မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်ပျော်ကုန်တဲ့ မင်းအောင်လှိုင် ကျွန်များ

  • မုပ္ပလင်ဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံး

    မုပ္ပလင်ဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံး

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

    နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီရဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ ဒရုန်းနဲ့ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

    ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်အတွင်းရှိ ပစ်မှတ်အားလုံး ထိမှန်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ဆင်ရေးမှာပါဝင်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကလည်း မုပ္ပလင်ဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိခိုက်သေဆုံးမှုအပေါ် အတည်ပြုနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်လာတာပါ။

    အဲဒီတိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ လက်နက်ကြီး လေးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တဂေးချောင်းဖျားကျေးရွာနေ ဦးစံကွေး၊ နော်ဖူးပွင့်ကျော်၊ မောင်နေလင်းအောင်တို့ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ကျိုက်ထိုနဲ့ကင်းမွန်ချောင်းတိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    အာဏာသိမ်းကာလအတွင်း ခရီးသွားတွေဆီကနေ ငွေကြေးအဆမတန် တောင်းခံနေတဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။