ဗန်းမော်ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက သတိပေးထား
ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က မြို့ပြင်ရှိ ကာကင်းစခန်းများကို ရှင်းလင်းခဲ့ရာ စစ်ကောင်စီအလောင်းနှင့် လက်နက်များ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် ထွက်ပေါ်လာသည့် တိုက်ပွဲအတွင်း စစ်ကောင်စီယာယီတပ်စွဲရာနေရာ တစ်ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးနေမှု ရုပ်သံမှတ်တမ်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။
” ဗန်းမော်တိုက်ပွဲ မြို့ပြင်က ကာကင်းတွေကို ရှင်းလင်းနေပါတယ်”ဟု သတင်းရင်းမြစ်က ပြောပြသည်။
ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည်ကို ပြသထားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် ၈လက်ထက်မနည်း သိမ်းရထားသည်ကိုလည်းတွေ့ရသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်တပ်စွဲရာနေရာအများစုကို KIAတပ်ကထိန်းချုပ်ထားပြီး ကျန်နေသောစစ်ကောင်စီတပ်စခန်းများကို လက်နက်ချခိုင်းထားကြောင်း ဒေသခံအချို့ကပြောသည်။
“အခုကျန်နေတဲ့ကောင်တွေ(စစ်တပ်)ကိုလက်နက်ချခိုင်းထားတယ်ပြောတယ်။၂၁တပ်(စကခ ၂၁)ကျန်နေသေးတယ်။မြို့ကတော့ အိမ်တွေလည်းပျက်စီး၊ပြာဖြစ်တဲ့ဟာတွေဖြစ်နေပြီ”လို့ ယခုရက်ပိုင်းအတွင်းဗန်းမော်မြို့ကထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေူရှောင်ပြည်သူတဦးကပြောသည်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက အသိပေးထားသည်မှာလည်း မှန်ကန်ကြောင်းစစ်ရေးအရင်းအမြစ်တဦးကလည်းပြော
သည်။
အခြား ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ထိုသို့ လက်နက်ချရန် အသိပေးမှုသည် ရှေ့တန်းတပ်ဖွဲ့ဝင်များမှ ပြုလုပ်ခြင်းဖြစ်မည်ဟု ပြောသည်။
စကခ(၂၁) တပ်ဟာ ဗန်းမော်မြို့အစပ် ၂မိုင်တွင်တည်ရှိပြီး စကခ (၂၁)ကို KIA နှင့် မဟာမိတ်တပ်များက ဝိုင်းထားကြောင်းဒေသခံအချို့ကပြောသည်။ အမြောက်တပ်ကိုလည်း KIA ကသိမ်းပိုက်ထားကြောင်းဒေသခံအချို့ကပြောသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်တပ်တပ်စွဲခဲ့သော ဗန်းမော်နည်းပညာ တက္ကသိုလ် ကို KIA ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးရင်းမြစ်အချို့က ဓါတ်ပုံမှတ်တမ်းနှင့်တကွထုတ်ပြန်သည်။
KIAသည် ဒီဇင်ဘာ ၄ရက်ကတည်းက ဗန်းမော်နှင့် မံစီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး သုံးပတ်ကြာတိုက်ပွဲများ ဖြစ်ပွားကာ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို သိမ်းရထားသည်။ ထို့ပြင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် မြို့ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူပေးခုခံလျက်ရှိသည်။
ဒေသခံပြည်သူအများစုမှ မြို့မှဘေးလွတ်မည်ထင်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
KIA က ဗန်းမော်တိုက်ပွဲကြောင့် မြို့ခံများ အခက်အခဲများစွာဖြင့် စစ်ရှောင်နေရကြောင်း သတင်းပြန်ကြားရေးဌာနက ဖော်ပြထားသော်လည်း တိုက်ပွဲရလဒ် ၊ စစ်ရေးအခြေအနေများကို သတင်းထုတ်ပြန်ဖော်ပြခြင်းမရှိပေ။
ဗန်းမော်မြို့မှာ မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်ပျော်ကုန်တဲ့ မင်းအောင်လှိုင် ကျွန်များ
Leave a Reply