Category: News

  • ဗိုက်အောင့်လို့ဆိုပြီး ဗိုက်ကို ဓားနဲ့ခွဲ

    ဗိုက်အောင့်လို့ဆိုပြီး ဗိုက်ကို ဓားနဲ့ခွဲ

    နေမကောင်းတဲ့ မြန်မာဦးလေးတစ်ဦး ဗိုက်အောင့်လို့ဆိုပြီး ဗိုက်ကို ဓားနဲ့ခွဲလိုက်တာ။

    စမွတ်ပက်ကန်၊ ဘန်ဖီ မှာ ဦးလေးက (၅၉ နှစ်) ဦးလေးမှာ အစာအိမ်ရောဂါ ရှိပါတယ်။

    အလုပ်မရှိတော့ ဆေးရုံသွားဖို့ ဦးလေးမှာ ပိုက်ဆံမရှိဘူးရှင့်။

    ငွေမရှိတော့ ဆေးမကုနိုင်ဘူး။

    ဗိုက်အောင့်လဲ သည်းခံနေလာခဲ့ရတယ်။

    ဖြစ်ချင်တော့ ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက် မှာ မနက်ကတည်းက ဦးလေး အစာအိမ် ပြန်ရောင်ပီး ဗိုက်အောင့်လာပါတယ်။

    နေ့လည် ၂ နာရီလောက်ရောက်တော့ ဦးလေး ဘိုက်အောင့်တာကို မခံစားနိုင်တော့ဘူး။

    မီးဖိုချောင်ထဲက ဓားသွားယူ လာပီး ဗိုက်ကို ခွဲချလိုက်တယ်။

    နောက်ကုတင်ပေါ်မှာ စောင်လေးခြုံပြီး သူ့မိန်းမနဲ့ ခလေးတွေ ပြန်လာချိန် သင်္ဂြိုလ်ပေးမှာကို စောင့်နေခဲ့ပါတယ်။

    မိန်းမနဲ့ခလေးတွေ အလုပ်က ပြန်လာတော့ စောင်ခြုံပီး အသံတိတ်နေလို့ ဘာဖြစ်လဲဆိုပီး စောင်ဖွင့်လိုက်တော့ ဗိုက်ထဲက အူတွေ အခွေလိုက် ထွက်ကျနေတယ်။

    အဲ့ဒီအချိန်မှာ ဦးလေးက မဆုံးသေးဘဲ ငါ နာကျင်တာကို မခံစားနိုင်တော့ဘူး။

    နေမကောင်းတဲ့ ဒီဒုက္ခတွေကို အဆုံးသတ်ဖို့ လုပ်ခဲ့တာလို့ ပြောပြတယ်။

    အခု ဦးလေးကို ကယ်ဆယ်ရေးတွေက ဆေးရုံခေါ်သွားပါပြီ။

    သနားပါတယ်။ အမြန်ကျန်းမာလာပါစေ။

  • ကန်အစိုးရက ကမ္ဘာ့နိုင်ငံ ၃၉ ခုမှ ပြည်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်

    ကန်အစိုးရက ကမ္ဘာ့နိုင်ငံ ၃၉ ခုမှ ပြည်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်

    အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင် သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကန့်သတ်ထားတဲ့ တိုင်း ပြည်အရေအတွက်ကို လက်ရှိ ၁၉ နိုင်ငံမှ ၃၉ နိုင်ငံအထိ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက တိုးချဲ့လိုက်ပါတယ်။

    အမေရိကန်အစိုးရဟာ ဇွန်လအတွင်း အာဖဂန်နစ္စတန်နဲ့ အီရန် အပါအဝင် ၁၂ နိုင်ငံမှ ပြည်သူတွေ ကို ပြည်ဝင်ခွင့် ပိတ်ပင်ကာ ၇ နိုင်ငံမှ ပြည်သူတွေကို တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့် ကန့်သတ်ခဲ့ပါတယ်။

    ပြည်ပအကြမ်းဖက်သမားတွေနဲ့ အခြား အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေရန်မှ ကာကွယ်ဖို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု လိုအပ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    နောက်လမှာ အာဏာတည်မယ့် ကြေညာချက်မှာ အမေရိကန်အစိုးရဟာ ဘာကီနာဖာဆိုနဲ့ ဆီးရီး ယားကို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

    အမေရိကန်အစိုးရက တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့ လာအိုနဲ့ ဆီယာရာလီယွန်ကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်တဲ့စာရင်းသို့ ရွှေ့ပြောင်းလိုက်ပါတယ်။

    နိုင်ဂျီးရီးယား အပါအဝင် နောက်ထပ် ၁၅ နိုင်ငံကို တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ ကန့် သတ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ထုတ်ပေးတဲ့ ခရီးသွား အထောက်အထားစာရွက်ရှိသူတွေကို လည်း အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်မယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လအတွင်း အာဖဂန်အမျိုးသားတစ်ဉီးက ဝါရှင်တန်ဒီစီမြို့တော်မှာ အမျိုးသားအစောင့် တပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ပြီးနောက် အမေရိကန်အစိုးရက လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ် လိုက်တာပါ။

    အဆိုပါဖြစ်စဉ်ကြောင့် တတိယတိုင်းပြည်များမှ ရွှေ့ပြောင်းအခြေချမှုကို အမြဲ ရပ်ဆိုင်းမယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

    ကိုးကား – NHK

    Ref; Trump expands US entry ban, partial restrictions to 39 countries

  • ကင်မရာကြီး “ဂျိန်း” ဆို ကွဲသွားပြီး မသာပေါ်သွားတဲ့ စစ်ခွေး

    ကင်မရာကြီး “ဂျိန်း” ဆို ကွဲသွားပြီး မသာပေါ်သွားတဲ့ စစ်ခွေး

    ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာ မိုးလေဝသ ရေဒါစခန်းမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ (သောကြာနေ့) မနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က (အမယ် အတိအကျနော် 😅) ဖင်ယားပြီး ဒပုံရိုက်နေစဉ် ကင်မရာကြီး “ဂျိန်း” ဆို ကွဲသွားပြီး မသာပေါ်သွားခဲ့တဲ့ DSA-53 က စစ်ခွေး အစိကောင် ဗက ကိုကိုဇော်၊ ကြည်း ၅၈၅၄၇ (ခမရ ၅၄၂) တဲ့။

    ခွေးတပ်ရဲ့ လော်ဘီငဖားတွေက ဒီဖြစ်စဉ် မရှိခဲ့ဘူးလို့ ဘယ်လောက်ပဲ ဖင်ပိတ် ငြင်းခဲ့ပါစေ နောက်ဆုံးတော့ စစ်ခွေးမယား ဖရဲသီး မုဆိုးမတွေက လင်စစ်ခွေးရဲ့ပုံနဲ့တကွ ဖော်ကောင် လုပ်ပေးတော့ ဖုံးသမျှ အကုန်ပေါ်ပါလေရော။

    အဲ့ဒီနေ့က ကျောက်ဖြူမှာ ခွေးသားလုံးကြော်နဲ့ ဒန်ပေါက်ထမင်း အဝကျွေးတယ် ဆိုလား။

    အ..ဟစ်..ဟစ်.. 🤣

    ဖိုးစီ

  • လှိုင်သာယာတွင် စက်ရုံဝန်ထမ်းများ ကြို/ပို့ ဖယ်ရီကား တိမ်းမှောက်၍ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရ

    လှိုင်သာယာတွင် စက်ရုံဝန်ထမ်းများ ကြို/ပို့ ဖယ်ရီကား တိမ်းမှောက်၍ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရ

    လှိုင်သာယာတွင် စက်ရုံဝန်ထမ်းများ ကြို/ပို့ ဖယ်ရီကား တိမ်းမှောက်၍ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရ

    ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့(ဒီဇင်ဘာ ၁၈) နံနက် ၇နာရီခန့်က ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရပါတယ်။

    “အိုပယ်(၁)စက်ရုံသို့ စက်ရုံဝန်ထမ်းကြိုပြီး သွားအပို့မှာ တိမ်းမှောက်တာပါ။ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်အောင်ကျော်မီးပွိုင့်အရောက် ဘရိတ်ပေါက်၍ ဘေးသိုရပ်စဉ် တိမ်းမှောက်တာပါ။ ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရရှိတယ်။ ဒဏ်ရာရရှိသည့် အမျိုးသမီးများကို လူမှုကူညီရေးအသင်းများက လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြတယ်”ဟု ဒေသခံများက ပြောပါတယ်။

    စက်ရုံ ကြို/ပို့ ဖယ်ရီ​ကား မောင်းနှင်သူကို အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

    မောင်ညီမိုး(ကြည့်မြင်တိုင်)

  • နတ်ရေကန်တွင် စစ်ကောင်စီ အင်အားဖြည့်ပြီး ဘန်ကာအသစ်များ ဆောက်လုပ်နေ

    နတ်ရေကန်တွင် စစ်ကောင်စီ အင်အားဖြည့်ပြီး ဘန်ကာအသစ်များ ဆောက်လုပ်နေ

    ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ စစ်ကူ အင်အားများဖြည့်တင်းကာ ဘန်ကာအသစ်များလည်း ဆောက်လုပ်နေကြောင်း သိရသည်။

    အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ခံစစ်စခန်းဖြစ်သည့် နတ်ရေကန် ကမ္ဘာလုံးစခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ဘန်ကာအသစ်များ ထပ်မံ ဆောက်လုပ်လာနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

    စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ နတ်ရေကန်တိုက်ပွဲက ပြင်းထန်နေကြတယ်။ အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်ဖက်ကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာရှိတယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ ကမ္ဘာလုံးစခန်းလည်း လက်နက်ကြီးကြောင့် ပြိုပျက်သွားတာကြောင့် ဘန်ကာ အသစ်တွေ ဆောက်လုပ်နေကြတာ။ စစ်ကောင်စီဟာ ရတဲ့အရင်းအမြစ်တွေ စုရုံးပြီးတော့ အသေခံခုခံနေကြတာ ” ဟု ပြောသည်။

    အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် နတ်ရေကန် ဗျူဟာစခန်း ကာကင်းများဖြစ်သည့် ဂုတ်ကြီး၊ တာဝါတိုင်စခန်းအပါဝင် စခန်း ၈ ခုထက်မနည်းကို သိမ်းပိုက်ထားကြပြီး နတ်ရေကန် ဗျူဟာကုန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    စစ်ကောင်စီကလည်း ပဒါန်းအခြေစိုက် အမြောက်စခန်း ကွပ်ကဲမှု ဌာနချုပ် (မစခ -၉၀၅) မှတစ်ဆင့် လက်နက်ကြီးပစ်ကူများ ပစ်ခတ်ပေးနေကာ အရပ်သုံးကားများအသုံးပြုပြီး နတ်ရေကန်ဗျူဟာကို အင်အားဖြည့်တင်းမှုများလည်း ပြုလုပ်နေကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “စစ်ကောင်စီက လက်ကျန် နတ်ရေကန် ဗျူဟာမကျဖို့ မစခ-၉၀၅ ကနေ အရပ်ဖက်ကားတွေနဲ့ အင်အား ဖြည့်တင်းမှုတွေ လုပ်နေတာရှိတယ်။ မဟာမိတ်တပ်တွေကလည်း ရနိုင်သမျှ ဖြတ်တောက်တိုက်ခိုက်တာကြောင့် စစ်ကူ တစ်ဝက်လောက်က လမ်းမှာတင် သေဆုံးကြတာများတယ်။ တပ်ပြေးတွေလည်း အတော်လည်းကိုများနေပြီး မစခ-၉၀၅ က လက်နက်ကြီး ပစ်ကူတွေကိုပဲ အားကိုးပြီး တိုက်နေကြရတာ ” ဟုပြောသည်။

    နတ်ရေကန်တိုက်ပွဲမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက စစ်ကောင်စီ တပ်မ- ၉၉၊ စကခ- ၁၇၊ စကခ- ၁၄ အောက်နောက်ခံ တပ်ရင်းများဖြင့် ခုခံခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အင်အားပြုန်းတီးမှုနှင့်သာ ရင်ဆိုင်နေရခြင်းဖြစ်သည်။

    လက်ရှိ နတ်ရေကန်တွင် တိုက်ပွဲများပြင်းထန်နေပြီး မကြာခင် သိမ်းပိုက်နိုင်ရန် မျှော်မှန်းထားကြောင်း အာရက္ခတပ်တော်မဟာမိတ် ကျောင်းသားလက်ရုံးတပ်တော် (SAF) ၏ ပြန်ကြားရေးတာဝန်ခံ ကိုမင်းဟန်ထက်က ပြောသည်။

    “နတ်ရေကန်ကတော့ အခုချိန်ထိတိုက်နေတုန်းပါ။ တစ်ချို့ဗျူဟာကုန်းတွေ စခန်းတွေ ကျန်သေးတယ်။ ဒီတော့ ကျနော်တို့ အကျယ်တဝင့်ပြောဖိုတော့ ခက်သေးတယ်။ သေချာတာကတော့ ကျနော်တို့ တပ်တွေ အာရက္ခတပ်တော် အပါအဝင် တခြားတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး ဒီစစ်ဆင်းရေးမှာ ပါဝင်နေပါတယ်။ အခုလည်း တော်တော်ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေတုန်းပါ။ နောက်တစ်ချက်ကတော့ ဒီတိုက်ပွဲက ထွက်ပြေးလာကြတဲ့ စစ်သုံ့ပန်းတွေလည်းတော်တော်များများ ကျနော်တို့ဆီမှာ ရှိပါတယ်။ ကျနော် ထင်ပါတယ် သိပ်မကြာတော့ပါဘူး ” ဟု ၎င်းကပြောသည်။

    နတ်ရေကန် ဗျူဟာမှာ ရခိုင်ပြည်နှင့် မကွေးတိုင်း အစပ် အမ်း- မင်းဘူးလမ်းမပေါ်တွင် တည်ရှိပြီး နိုင်ငံတော်အဆင့် လေကြောင်းရန်ကာကွယ်ရေး စခန်းချထားသည့် ဗျူဟာကုန်းတစ်ခုလည်းဖြစ်သည်။

    ယင်းအပြင် ရခိုင်ရိုးမတောင်ပေါ်က နတ်ရေကန် ဗျူဟာကုန်းသည် မကွေးတိုင်းရှိ ကပစ စက်ရုံများကို ခြိမ်းခြောက်ဟန့်တားနိုင်သဖြင့် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီအတွက်လည်း စစ်ရေးမဟာဗျူဟာအရ အရေးပါသည့် နေရာဖြစ်သည်။

    အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များသည် ရခိုင်စစ်မျက်နှာအပြင် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့မှာ တစ်ပြိုင်နက်တည်း စစ်ရေးဖော်ဆောင်နေကြခြင်းလည်းဖြစ်သည်။