လှိုင်သာယာတွင် စက်ရုံဝန်ထမ်းများ ကြို/ပို့ ဖယ်ရီကား တိမ်းမှောက်၍ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့(ဒီဇင်ဘာ ၁၈) နံနက် ၇နာရီခန့်က ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရပါတယ်။
“အိုပယ်(၁)စက်ရုံသို့ စက်ရုံဝန်ထမ်းကြိုပြီး သွားအပို့မှာ တိမ်းမှောက်တာပါ။ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်အောင်ကျော်မီးပွိုင့်အရောက် ဘရိတ်ပေါက်၍ ဘေးသိုရပ်စဉ် တိမ်းမှောက်တာပါ။ ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရရှိတယ်။ ဒဏ်ရာရရှိသည့် အမျိုးသမီးများကို လူမှုကူညီရေးအသင်းများက လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြတယ်”ဟု ဒေသခံများက ပြောပါတယ်။

စက်ရုံ ကြို/ပို့ ဖယ်ရီကား မောင်းနှင်သူကို အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။
မောင်ညီမိုး(ကြည့်မြင်တိုင်)


Leave a Reply