Category: News

  • ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ ဆိုင်းဘုတ်ထောင် သတိပေး

    ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ ဆိုင်းဘုတ်ထောင် သတိပေး

    မုံရွာမှာ စစ်တပ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ ဆိုင်းဘုတ်ထောင် သတိပေး မုံရွာမြို့နယ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲပါဝင်ကြမယ့် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ ဆိုင်းဘုတ်တွေထောင် ကြေညာထားကြောင်း မုံရွာမြို့နယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က လမ်းဘေးတွေမှာ စစ်ကောင်စီတပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထုအနေနဲ့ Social Punishment(လူမှုရေးအရအပြစ်ပေးခြင်း) ပြုလုပ်နိုင်ဖို့ ၎င်းတို့ရဲ့ ဓာတ်ပုံနဲ့တကွ အမည်၊ ကိုယ်စားပြုပါတီတွေကို ဗီနိုင်းမှာရိုက်နှိပ်ပြီး ကြေညာထားကြောင်း မုံရွာမြို့နယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ၎င်းတို့ဟာ အကြမ်းဖက်သစ္စာဖောက် လောက်ကောင်များဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီအခြေခံ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ အရေးယူကြဖို့ ရေးသားထားပါတယ်။ ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး “ဆရာကြီး ဦးအောင်သင်း စကားငှားပြောရရင်တော့ အသက် ၄၀ကျော်လို့မှ အသိတရားမရှိရင် ဘာစာအုပ်ဖတ်ဖတ်…

  • ပီအေ

    ပီအေ

    ဦးကျော်ခေါင်အဖို့ အသက်ကြီးမှ မုတ်ဆိတ်ပျားလာစွဲတာ ခံရသလားတော့ မသိ။ သူ့မိတ်ဆွေလည်းဖြစ်၊ ငယ်ပေါင်းလည်းဖြစ်တဲ့ ဦးစောမောင်က သူ့ကုမ္ပဏီမှာ ခေတ္တခဏ ရုံးသွားထိုင်ဖို့ ပြောတုန်းက ဦးကျော်ခေါင် လုံးဝ စိတ်မဝင်စားခဲ့။ ဒါကလည်း သူ့မှာ အကြောင်းရှိသည်။ ဦးကျော်ခေါင်ဆိုသည့်သူက အလုပ်လုပ်စရာမလိုဘဲ အချိန်တန်လျှင် ဝင်ငွေရှိနေသူလေ။ သူ့ကိုယ်သူ သူဌေးဟု ခေါင်းစဉ် မတပ်နိုင်သော်လည်း ဦးကျော်ခေါင်သည် ငွေကြေးနောက်ခံတော့ အတော်ရှိခဲ့သူ ဖြစ်သည်။ ထို့အပြင် သူသည် မိန်းမရ ကံကောင်းသူဟုလည်း ဆိုရမည်။ လွန်ခဲ့သော ငါးနှစ်ကျော်ကျော်က ဆုံးပါးသွားပြီ ဖြစ်သော သူ့မိန်းမ ဒေါ်သူဇာသည် ဆွေကြီးမျိုးကြီးထဲမှ ဖြစ်သည်။ သူတို့နှစ်ယောက် ညားခါစတုန်းကဆို သူမဘက်က ပိုင်ဆိုင်မှုက သူ့ထက်တောင် များသည်ဟု ဆိုလို့ရသည်။ အခုတော့ သွားလေသူကြီး၏ ပိုင်ဆိုင်မှုက သူ့ဟာတွေ ဖြစ်လာခဲ့တာ…

  • အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ရေဆုံးရေဖျား လိုက်လံနှိမ်နင်း သွားမယ်လို့ စစ်ကောင်စီပြောခွင့် ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

    အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ရေဆုံးရေဖျား လိုက်လံနှိမ်နင်း သွားမယ်လို့ စစ်ကောင်စီပြောခွင့် ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

    အွန်လိုင်းလိမ်လည်မှု နဲ့ လောင်းကစားမှုတွေကို ကြီးလေးတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ရေဆုံးရေ ဖျား လိုက်လံနှိမ်နင်း သွားမယ်လို့ စစ်ကောင်စီပြောခွင့် ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောပါတယ် ။ စစ်ကောင်စီက ဒီဇင်ဘာ ၁၄ မှာပြုလုပ်တဲ့ အွန်လိုင်းလိမ်လည် မှု အမြစ်ပြတ် နှိမ်နင်းရေး လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းရှင်းလင်းရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။ အွန်လိုင်းလိမ်လည်မှု နဲ့ လောင်းကစားမှုတွေ အပေါ် Zero Tolerance Policy ကို ကျင့်သုံးပြီး နည်းနည်းလိမ်တာ ဖြစ်စေ၊ များများ လိမ်တာ ဖြစ်စေ ခွင့်လွှတ်မှု မရှိစေရေး ရေဆုံးရေ ဖျား လိုက်လံနှိမ်နင်းချေ မှုန်း သွားမှာ ဖြစ်ပြီး နှိမ်နင်းရာမှာလည်း Aggressive…

  • မိုးကုတ်မြို့ရှိ စစ်တပ်ဗျူဟာကုန်းအထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်

    မိုးကုတ်မြို့ရှိ စစ်တပ်ဗျူဟာကုန်းအထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကော်မရှင် ခြေကုပ်ယူတပ်စွဲထားရာ မိုးကုတ်ဗျူဟာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းအချိန်မှစကာ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကော်မရှင်ဗျူဟာကုန်းကို ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ပြီး မိုးကုတ်အရှေ့ပိုင်းတွင် ထိတွေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “ဗျူဟာကုန်းက မြို့နဲ့အတော်နီးတယ်။ မြို့နဲ့နီးတာကြောင့် တော်လှန်ရေးတပ်တွေ မြို့နဲ့နီးလာပြီဆိုတာ သိရတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတာ။ ဖြစ်တဲ့တိုက်ပွဲနေရာတွေကို နာရေးကားတွေ စစ်တပ်က တောက်လျှောက်လွှတ်နေတာ”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များက မိုးကုတ်မြို့၏ စစ်ရေးအရ အချက်အခြာကျသည့် ဆတ်အင်းပြန့် လမ်းဆုံအထိ တိုက်ပွဲများ ဖော်ဆောင်လာကာ မိုးကုတ်အနောက်ခြမ်းတွင်လည်း စစ်ကော်မရှင် စိုးမိုးကုန်းကို သိမ်းယူနိုင်ခဲ့သည်။ မိုးကုတ်မြို့အတွင်း…

  • အသံတိတ်သပိတ်ဟာစစ်တပ်ရွေးကောက်ပွဲ လက်မခံတဲ့ ပြည်သူဆန္ဒ

    အသံတိတ်သပိတ်ဟာစစ်တပ်ရွေးကောက်ပွဲ လက်မခံတဲ့ ပြည်သူဆန္ဒ

    အသံတိတ်သပိတ်ဟာစစ်တပ်ရွေးကောက်ပွဲ လက်မခံတဲ့ ပြည်သူဆန္ဒကမ္ဘာသို့ပေးတဲ့ သတင်းစကားဖြစ်ဟု NUCCနဲ့ NUG ထုတ်ပြန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ (၁၀) ရက်မှာ နိုင်ငံတဝန်း ပြည်သူတွေ ပါဝင်ခဲ့တဲ့ အသံတိတ်သပိတ် ( Nationwide Silent Strike Movement) ဟာ စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက လက်မခံကြောင်း ကမ္ဘာသိအောင် ပြသတဲ့ သတင်းစကား ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပူးပေါင်းဖွဲ့စည်းထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ဒီကနေ့ ဒီဇင်ဘာ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုကြားက အသံတိတ်သပိတ်မှာတက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးအား လေးစားဂုဏ်ပြုကြောင်းနဲ့ ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ရာမှာအခုလိုအသိပေးဖော်ပြတာဖြစ်ပါတယ်။ စစ်အုပ်စုခြိမ်းခြောက်ဖိနှိပ်မှုကြားကအသံတိတ်သပိတ်မှာရဲရင့်စွာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ပြည်သူတွေ ဦးဆောင်စည်းရုံးခဲ့ကြတဲ့ သပိတ်အင်အားစုတွေ၊သမဂ္ဂတွေနဲ့တော်လှန်ရေးအင်အားစုအားလုံးကိုအလေးအနက်ဂုဏ်ပြုကြောင်းလည်းဖော်ပြပါတယ်။ “ပြည်သူတခဲနက် ပူးပေါင်းပါဝင်ခဲ့သည့်ထိုအသံတိတ်သပိတ်ကြီးသည်စစ်အာဏာရှင်စနစ် နှင့်…