Category: News
-

အသံတိတ်သပိတ်မတိုင်မီ မန္တလေးမှာ လုံခြုံရေးတိုးမြှင့်တင်းကျပ်
သပိတ်ခေါင်းဆောင်တွေမြို့တွင်းက ပြန်မထွက်သေးဘူးဆိုကာ စစ်တပ်က ရှောင်တခင်ရှာဖွေစစ်ဆေးမှုတွေ ဆက်တိုက်လုပ် အသံတိတ်သပိတ်မတိုင်မီ မန္တလေးမှာ လုံခြုံရေးတိုးမြှင့်တင်းကျပ် မြို့တွင်းကနေ ဆန္ဒပြသပိတ်ခေါင်းဆောင်တွေပြန်မထွက်သေးဘူးဆိုကာ မန္တလေးမြို့မှာ စစ်ကော်မရှင်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီး လမ်းတွေမှာရှောင်တခင်စစ်ဆေးတာတွေနဲ့ နေအိမ်တွေကို ရှောင်တခင်ဧည့်စာရင်းစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၈ ရက် မနေ့ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုထောင်အနီးနဲ့ ညောင်ကွဲရပ်ကွက်တွေက နေအိမ်တချို့ကို ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဓာတ်ပုံတွေပြကာ တွေ့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ ဧည့်စာရင်းစစ်ဆေးတဲ့စစ်ကော်မရှင်တပ်သားတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “နေ့တိုင်းမြို့အစွန်ရပ်ကွက်တွေမှာ လုံခြုံရေးချထားတယ်။ ရဲကားနဲ့စစ်ကားတွေလည်း မြို့ထဲတောက်လျှောက်ပတ်နေတာ။ တချို့နေရာတွေဆို ရဲတွေကို အပြည့် တနေကုန်ကင်းချထားတာမျိုးလည်း တွေ့ရတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ မန္တလေးအခြေစိုက် စစ်ကော်မရှင်တပ်…
-

မြန်မာတစ်ဦးသတ်ပြီး အလောင်းကို ပုံးထဲစွန့်ပစ်ထား
အခင်းဖြစ် သွားတာက 28.11.2025 နေ့က၊ အလောင်းတွေ့တာက 5.12.2025 နေ့က၊ တရားခံကို ခုထိ မမိသေးဘူးလို့ သိရတယ်။ ဖြစ်စဉ်က ကျန်ထပူလီ မြို့မှာ မြန်မာ ၁ ဦးရဲ့ အလောင်းကို 50လီတာ ဆန့် ရေပုံး ထဲမှာ ထည့်ထား ခဲ့တာ။ ဆုံးသွား သူက အ€-တ်ခံရပီး၊ရေပုံးထဲမှာ အလောင်းလာဖျောက် ခံရ ခဲ့တာ။ အလောင်းကို အိတ်နဲ့ ၂ ထပ်၊ထုပ်ထားပီး၊အထဲမှာ မြန်မာပုဆိုး ၁ ထည်၊ အဝတ်မဲ ၁ ခု။ ဆုံးသူ အရပ် အမြင့် (170cm၊ ကျောနောက်မှာ ဆေးမင် ထိုးထားတယ်။ ရင်ဘတ်၊မျက်နှာ မှာဒဏ်ရာတွေ၊ တုတ်ကြီးကြီးနဲ့ ရိုက်ထား သလိုမျိုး၊ စစ်ဆေး တွေ့ရ တယ်။…
-

ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း
မနက်ဖြန် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများ ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်၊ အသံတိတ် သပိတ် (Slinet Strike) တွင် ပြည်သူများ ပါဝင်ကြရန် တိုက်တွန်းလိုကြောင်း၊ အသံတိတ် သပိတ်၏ ရည်ရွယ်တောင်းဆိုချက်အနေဖြင့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွတ်မြောက်ရေး ၊ စစ်အုပ်စု၏အတုအယောင်…
-

ဒေါက်တာအေးမောင် ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွင် ပါတီအမည် Arakan စာသား စာလုံးပေါင်းမှား၍ တိပ်ဖြင့် ဖုံးအုပ်ထားရ
ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) AFP တွင် စစ်တွေမြို့၌ စိုက်ထူထားသော ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်မှာ ပါတီအမည်ထဲက Arakan စာသား စာလုံးပေါင်းမှား၍ တိပ်အဖြူဖြင့် ဖုံးအုပ်ထားရကြောင်း မျက်မြင်မြို့ခံများက ပြောဆိုကြသည်။ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များကို လောကာနန္ဒာဘုရားရှေ့နှင့် ဦးဥတ္တမပန်းခြံ ရှေ့တို့တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က စိုက်ထူခဲ့ကြသည်။ ယင်းဆိုင်းဘုတ်များတွင် ပါတီအမည်အတွက် အလွန်အရေးကြီးသော Arakan ဆိုသည့် စာသားအား စာလုံးတစ်လုံးအပိုဖြင့် ရေးသားထား၍ ဓါတ်ပုံမရိုက်မီ ဖုံးအုပ်ထားကြကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။ “ဆန္ဒမဲပေးတဲ့အခါ ရခိုင့်ဦးဆောင်ပါတီ Arakan Front Party ကို မဲပေးကြပါဆိုတဲ့ စည်းရုံးရေး စာသား…
-

အောင်မင်္ဂလာအဝေးပြေးတွင် ငွေရှာကြမ်းသည့် စစ်တပ်၊ ရဲနှင့် ပါဝင်ပတ်သက်သူများ အရေးယူခံရ
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ယာဥ်မောင်းတွေကို ဖမ်းဆီးငွေညှစ်တာအပြင် တရားမဝင်ငွေရှာပြီး အလွဲသုံးစားလုပ်တာတွေ နဲ့ ဆက်စပ်လို့ တာဝန်စစ်တပ်၊ ရဲနဲ့ ပါဝင်ပတ်သက်သူတွေ အရေးယူခံရတယ်လို့ အဲဒီကားဝင်းမှာနေထိုင်သူတွေဆီက သိရပါတယ်။ အောင်မင်္ဂလာကားဝင်းအတွင်းမှာ ဧည့်သည်နဲ့ ပစ္စည်း အတင် အချလုပ်ဖို့ ခဏတဖြုတ်ရပ်တဲ့ ကားတွေနဲ့ အပြင်ကလာကားတွေကို ဖမ်းဆီးငွေညှစ်တဲ့ သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် သက်ဆိုင်ရာက ဝင်ရောက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် အောင်မင်္ဂလာအဝေးပြေး ကားဝင်းထဲမှာ အထိုင်ချထားတဲ့ စစ်တပ်စစ်ကြောင်း၊ စည်ပင်ရဲ၊ အုပ်ချုပ်ရေးရုံးအဖွဲ့နဲ့ လူမိုက်အချို့ကို နိုဝင်ဘာလကုန်ပိုင်းက ကားဝင်းရှေ့ စစ်ကြောရေးတပ်မှာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ကားဝင်းအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “စစ်ကြောင်းမှူးပါပါတယ်။ အဲဒီလူက တော်တော်ဆိုးတာ။ အခုဝင်းထဲက အထိုင်စစ် ကြောင်းလဲလွှင့်သွားပြီ။ စည်ပင်ရဲတဖွဲ့လုံးလည်း လွှင့်တယ်။ အုပ်ချုပ်ရေးမှူးမွန်ကြီးကို အနားပေးလိုက်တယ်။ ဖမ်းဆီးစစ်ဆေးခံရတဲ့ထဲမှာ…