Category: News
-

ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း
မနက်ဖြန် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများ ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်၊ အသံတိတ် သပိတ် (Slinet Strike) တွင် ပြည်သူများ ပါဝင်ကြရန် တိုက်တွန်းလိုကြောင်း၊ အသံတိတ် သပိတ်၏ ရည်ရွယ်တောင်းဆိုချက်အနေဖြင့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွတ်မြောက်ရေး ၊ စစ်အုပ်စု၏အတုအယောင်…
-

ဒေါက်တာအေးမောင် ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွင် ပါတီအမည် Arakan စာသား စာလုံးပေါင်းမှား၍ တိပ်ဖြင့် ဖုံးအုပ်ထားရ
ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) AFP တွင် စစ်တွေမြို့၌ စိုက်ထူထားသော ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်မှာ ပါတီအမည်ထဲက Arakan စာသား စာလုံးပေါင်းမှား၍ တိပ်အဖြူဖြင့် ဖုံးအုပ်ထားရကြောင်း မျက်မြင်မြို့ခံများက ပြောဆိုကြသည်။ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များကို လောကာနန္ဒာဘုရားရှေ့နှင့် ဦးဥတ္တမပန်းခြံ ရှေ့တို့တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က စိုက်ထူခဲ့ကြသည်။ ယင်းဆိုင်းဘုတ်များတွင် ပါတီအမည်အတွက် အလွန်အရေးကြီးသော Arakan ဆိုသည့် စာသားအား စာလုံးတစ်လုံးအပိုဖြင့် ရေးသားထား၍ ဓါတ်ပုံမရိုက်မီ ဖုံးအုပ်ထားကြကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။ “ဆန္ဒမဲပေးတဲ့အခါ ရခိုင့်ဦးဆောင်ပါတီ Arakan Front Party ကို မဲပေးကြပါဆိုတဲ့ စည်းရုံးရေး စာသား…
-

အောင်မင်္ဂလာအဝေးပြေးတွင် ငွေရှာကြမ်းသည့် စစ်တပ်၊ ရဲနှင့် ပါဝင်ပတ်သက်သူများ အရေးယူခံရ
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ယာဥ်မောင်းတွေကို ဖမ်းဆီးငွေညှစ်တာအပြင် တရားမဝင်ငွေရှာပြီး အလွဲသုံးစားလုပ်တာတွေ နဲ့ ဆက်စပ်လို့ တာဝန်စစ်တပ်၊ ရဲနဲ့ ပါဝင်ပတ်သက်သူတွေ အရေးယူခံရတယ်လို့ အဲဒီကားဝင်းမှာနေထိုင်သူတွေဆီက သိရပါတယ်။ အောင်မင်္ဂလာကားဝင်းအတွင်းမှာ ဧည့်သည်နဲ့ ပစ္စည်း အတင် အချလုပ်ဖို့ ခဏတဖြုတ်ရပ်တဲ့ ကားတွေနဲ့ အပြင်ကလာကားတွေကို ဖမ်းဆီးငွေညှစ်တဲ့ သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် သက်ဆိုင်ရာက ဝင်ရောက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် အောင်မင်္ဂလာအဝေးပြေး ကားဝင်းထဲမှာ အထိုင်ချထားတဲ့ စစ်တပ်စစ်ကြောင်း၊ စည်ပင်ရဲ၊ အုပ်ချုပ်ရေးရုံးအဖွဲ့နဲ့ လူမိုက်အချို့ကို နိုဝင်ဘာလကုန်ပိုင်းက ကားဝင်းရှေ့ စစ်ကြောရေးတပ်မှာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ကားဝင်းအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “စစ်ကြောင်းမှူးပါပါတယ်။ အဲဒီလူက တော်တော်ဆိုးတာ။ အခုဝင်းထဲက အထိုင်စစ် ကြောင်းလဲလွှင့်သွားပြီ။ စည်ပင်ရဲတဖွဲ့လုံးလည်း လွှင့်တယ်။ အုပ်ချုပ်ရေးမှူးမွန်ကြီးကို အနားပေးလိုက်တယ်။ ဖမ်းဆီးစစ်ဆေးခံရတဲ့ထဲမှာ…
-

အရှိန်အဟုန်ဖြင့် စစ်တိုက်ရန် စစ်တပ်ကို မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆို
ကမ္ဘောဒီးယားအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဟု ထိုင်းစစ်တပ်က ကြေညာလိုက်ပြီး ထိုင်းဝန်ကြီးချုပ်ကလည်း အရှိန်အဟုန်ဖြင့် စစ်တိုက်ရန် စစ်တပ်ကို မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆို ကမ္ဘောဒီးယားအပေါ် သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဟု ထိုင်းစစ်တပ်က ကြေ ညာလိုက်ပြီး ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်း ထိုင်းစစ်တပ်၏ စစ်ရေးဆောင်ရွက်ချက်များ အပြည့်အ၀ ထောက်ခံကာ ကမ္ဘောဒီးယားကို အရှိန် အဟုန်ဖြင့် စစ်တိုက်ရန် မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ယနေ့တွင် ထိုင်းစစ်တပ်က တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ကမ္ဘော ဒီးယားအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ထိုင်းစစ်တပ်အနေ ဖြင့် တိုက်ပွဲဝင်ရန် အပြည့်အဝ အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ ကမ္ဘောဒီး ယားက လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ပါက ထိုင်းစစ်တပ်က အင်အားပြည့် တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ ထိုင်းပြည်သူလူထုနှင့်…
-

ကျောက်တံတားရဲစခန်းအနီး ဆန္ဒထုတ်ဖော်မှု ရဲစခန်းက မသိသဖြင့် ကြိမ်းမောင်းခံနေရ
ရန်ကုန်မြို့လယ်ခေါင်တွင် အသံတိတ်သပိတ် ပြည်သူများ ပူးပေါင်းပါဝင်ရေး နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်းဘုတ်ထောင် နှိုးဆော် ရန်ကုန်မြို့လယ်ခေါင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရေး နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် ရန်ကုန်လူထုသပိတ်က ယနေ့ ဆိုင်းဘုတ်ထောင် နှိုးဆော် လိုက်သည်။ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ရန်ကုန်လူထုသပိတ်မှ ရဲဘော်များက ရန်ကုန်မြို့ လယ်ခေါင်၊ ဆူးလေ၊ လူကူးတံတားအနီးတွင် အသံတိတ်သပိတ် ပြည်သူများ ပူးပေါင်းပါဝင်ရေး နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အတွက် ဆိုင်းဘုတ်ထောင်၍ ဆန္ဒပြခဲ့ကြောင်း၊ အဆိုပါ ဆန္ဒပြမှုမှာ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆန့်ကျင်ခြင်း၊ ဒီဇင်ဘာလ…