Category: News

  • တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးအရေးယူ

    တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးအရေးယူ

    တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ကြီးမားတဲ့ ပြစ်မှုအမျိုးအစားကျူးလွန်ထားလို့ ဖမ်းဆီးအရေးယူထား​ကြောင်း မန္တလေး PDF ထုတ်ပြန် စစ်ရေးဌာနကြီးမှူးကိုမုန်တိုင်း နဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူးကိုနိုင်ကြီးတို့ဟာတန်ဖိုးကြီးတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ စည်းကမ်းချိုးဖောက်ထုတ်ယူပြီး ပြန်မအပ်သေး၍ဖြစ်ဟု ရှင်းလင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို သာမန်စည်းကမ်းဖောက်ဖျက်မှုမဟုတ်တဲ့ ကြီးမားတဲ့ ပြစ်မှု အမျိုးအစား ကျူးလွန်ထားတာကြောင့် ဖမ်းဆီးအရေးယူထားကြောင်း မန္တ​လေး PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။ သူတို့ နှစ်ဦးဟာ ကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကိုတပ်ရဲ့စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့တာကြောင့် အပြစ်ရှိကြောင်း၊ ပြစ်ဒဏ်ခံရယူရမှာဖြစ်ကြောင်း ကာယကံရှင်တွေကိုယ်တိုင် ပါဝင်တဲ့ ၂၀၂၅ ဩဂုတ်လ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်ဘဏ္ဍာပစ္စည်းတွေကိုတပ်ထံသို့ အမြန်ဆုံး…

  • ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက်  အဆိုမူကြမ်းတစ်ရပ်ကို  ကုလသမဂ္ဂတွင် အတည်ပြု

    ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု

    စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေခြင်းကြောင့် မြန်မာပြည်သူများ ပါဝင်နိုင်စေမည့် အခြေ အနေမရှိ၍ ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု လိုက်ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့သော အကြိမ် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ တတိယကော်မတီသို့ တင်သွင်းလာသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အဆိုမူကြမ်း A/C.3/80/L.32/Rev.1 ကို တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများက မဲမခွဲဘဲ…

  • Crazy Crying Lady

    Crazy Crying Lady

    Crazy Crying Lady (2012) ဒီ ဇာတ်ကားကတော့ မည်သည့်ကိစ္စမဆို ချက်ချင်း ငိုချတတ်သောကြောင့် “အငိုသန် သခင်မ ဟို” လို့ အမည်တွင်တဲ့ “ဟိုဂ ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝရုန်းကန်မှုတွေကို ဖော်ကျူးထားတဲ့ကားလေးပါပဲ။ “ဟို” ဟာ ရော့ခ်ဂီတသမား ဘွိင် နဲ့ ချစ်သူဖြစ်နေတာပါ။ သူတို့အတွဲလေးဟာ ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့ရာကနေ တနေ့မှာတော့ “ဟို”ကို ကျန်းမာရေး စစ်ဆေးကြည့်ရာ သားသမီးမရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ သားအိမ်ပြဿနာအကြောင်း ရုတ်တရတ် သိလိုက်ရပါတော့တယ်။ အဲဒီမှာပဲ သူ့ရဲ့ ဘဝဟာလည်း အပြောင်းအလဲကြီး ဖြစ်လာခဲ့ပါတော့တယ်။ ငယ်ငယ်လေးကတည်းက သားသမီးလိုချင်လှတဲ့ “ဟို”အတွက်တော့ ဒီပြဿနာဟာ အိပ်မက်ဆိုးကြီးဖြစ်လာပါတော့တယ်။ အဲဒါကြောင့် အချိန်မီ မိခင်တစ်ဦး ဖြစ်လာဖို့အရေး ဘဝလက်တွဲဖော် အမြန်ဆုံး ရှာဖို့ ဖြစ်လာပါတော့တယ်။…

  • နှစ်(၂၀၀)ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UG ရဲဘော်ကို PDF နဲ့ ပကဖတွေ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ကယ်ထုတ်

    နှစ်(၂၀၀)ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UG ရဲဘော်ကို PDF နဲ့ ပကဖတွေ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ကယ်ထုတ်

    မကွေးတိုင်း၊ ချောက်မြို့မှာ စစ်ကောင်စီအဓိကထောက်တိုင်ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ပစ်ခတ်ရှင်းလင်းမှုနဲ့ အဖမ်းခံရပြီး ထောင်ဒဏ် နှစ်(၂၃၀)ကျော် ချမှတ်ခံထားရတဲ့ မြို့ပြပြောက်ကျားရဲဘော်ကို ထောင်ပို့ဆောင်စဉ်မှာ PDF၊ ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ရုပ်ရှင်ဆန်ဆန်ကြားဖြတ်တိုက်ခိုက်ပြီး ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ချောက်မြို့နယ်ပကဖ လက်ရုံးစစ်ကြောင်း- Chauk Guerrilla Force က ရဲဘော်နက်ရှိုင်း (ခ) မိုးညိုကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တာပါ။ ” ရုပ်ရှင်ဆန်ဆန်ပဲ။ ရဲစခန်းကနေ ထောင်ကို ပို့မယ့်သတင်းရလို့ တောထဲမှာ ၄ရက်တိတိစောင့်ပြီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ”လို့ ဒီဖြစ်စဉ်ကိုသိတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ရဲဘော်မိုးညိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ဦးသန့်ဇင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့အမှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ခဲ့ပြီး ထောင်ဒဏ် နှစ်ပေါင်း၁၇၀ တစ်ကြိမ်၊ ၆၇ နှစ်တစ်ကြိမ်ချထားပြီး…

  • မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို

    မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို

    မြန်မာစစ်တပ်၏ အယောင်ပြ ရွေးကောက်ပွဲကို ရှုတ်ချရန်၊ မြန်မာ့အရေး အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ရှုတ်ချရန်၊ မြန်မာ့အရေးအတွက် အမေရိကန် အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆိုလိုက်သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ အရှေ့အာရှနှင့် ပစိဖိတ် ဆပ်ကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင် (Ranking Member) နှင့် ဥက္ကဋ္ဌများဖြစ်ကြသော လွှတ်တော်အမတ် ဒေါက်တာ Ami Bera (ဒီမိုကရက်-ကယ်လီဖိုးနီးယား) ၊ လွှတ်တော်အမတ်Young Kim (ရီပတ်ဘလစ်ကန်-ကယ်လီဖိုးနီးယား)၊ တောင်အာရှနှင့် အလယ်အာရှ ဆပ်ကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင်နှင့် ဥက္ကဋ္ဌများဖြစ်ကြသော လွှတ်တော်ကိုယ်စားလှယ်…