Category: News

  • တကောင်းမြို့ရှိ PDF ရဲဘော်များ၏ အုတ်ဂူများကို စစ်လော်ဘီ ကျော်စိုးဦးနဲ့ နောင်တော်လေးက ဖျက်ဆီး

    တကောင်းမြို့ရှိ PDF ရဲဘော်များ၏ အုတ်ဂူများကို စစ်လော်ဘီ ကျော်စိုးဦးနဲ့ နောင်တော်လေးက ဖျက်ဆီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များ၏ အုတ်ဂူများကို စစ်တပ်ထောက်ခံသူ စစ်လော်ဘီများဖြစ်တဲ့ ကျော်စိုးဦးနဲ့ နောင်တော်လေးတို့က မနေ့က (မတ်လ ၁၄ ရက်) တွင် ဖျက်ဆီးခဲ့ကြပါတယ်။

    ၎င်းတို့နှစ်ဦးဟာ ကျဆုံးသွားတဲ့ PDF ရဲဘော်များ၏ ဂူဗိမာန်များကို မဖွယ်မရာပြုလုပ်ကာ ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ ကျော်စိုးဦးအနေဖြင့် ယခုကဲ့သို့ ကျဆုံးရဲဘော်များ၏ အုတ်ဂူများကို ပစ်မှတ်ထားပြီးမဖွယ်မရာလုပ်ဆောင်ခြင်းဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

    ကျော်စိုးဦးဟာ စစ်အာဏာမသိမ်းခင်က ပြည်တွင်းသတင်းဌာနတစ်ခုတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ အဲ့အချိန်ကကြံ့ခိုင်ရေးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ထံမှ ငွေကြေးရယူကာ သတင်းဖြင့်ဝါဒဖြန့်ရန် ကြိုးပမ်းခဲ့တဲ့အတွက် သတင်းထောက်ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် အလုပ်ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

    လက်ရှိတွင် ၎င်းသည် “People Media” ဟုခေါ်ဆိုသည့် တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ ဖြန့်ဝေခြင်းနဲ့အရပ်သားများအား ဖမ်းဆီးရန်၊ တိုက်ခိုက်ရန် စစ်တပ်ကို လှုံ့ဆော်မှုများ ပြုလုပ်နေသူဖြစ်ပါတယ်။

    အလားတူ နောင်တော်လေး (သို့မဟုတ်) “Myanmar National Post” ဟု အမည်ခံထားသည့် တယ်လီဂရမ်ချန်နယ်ပိုင်ရှင်သည်လည်း စစ်အာဏာမသိမ်းခင်ကတည်းက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖန်တီးသူအဖြစ် လူသိများပါတယ်။

    နောင်တော်လေး (ခေါ်)နိုင်ဝင်းထွန်းဟာ ဘာသာရေးလူမျိုးရေးအစွန်းရောက် ဦးဝီရသူ၊ ဦးသုစိတ္တတို့ရဲ့တပည့်အရင်းဖြစ်ပါတယ်။

    ၎င်းသည် လက်ရှိတွင် လူမှုကွန်ရက်များမှတစ်ဆင့် လူမျိုးရေးဘာသာရေးအမုန်းတရားများရေးသားနှိုးဆော်ခြင်း၊ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ရန် လှုံ့ဆော်ခြင်းများ ပြုလုပ်နေသူဖြစ်ပါတယ်။

    ကျော်စိုးဦးနဲ့ နောင်တော်လေးတို့ဟာ ပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေးများကို ထိပါးနှောင့်ယှက်ကာ စစ်တပ်ကို အသုံးပြုပြီး

    ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများ၏ ဝေဖန်မှုများကို ခံနေရသူများဖြစ်ပါတယ်။

  • “ရွှေပြည်သာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးကို ရက်စက်စွာသတ်ဖြတ်ပြီး ကားလုယူသွားသည့် ဖြစ်ရပ်ဖြစ်ပွား”

    “ရွှေပြည်သာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးကို ရက်စက်စွာသတ်ဖြတ်ပြီး ကားလုယူသွားသည့် ဖြစ်ရပ်ဖြစ်ပွား”

    ​ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ဂရုဏာလမ်းတွင် တစ်ဦးတည်း နေထိုင်သည့် အသက် (၆၈) နှစ်အရွယ်

    အစိုးရအငြိမ်းစားဝန်ထမ်း ဦးအောင်သောင်းအား သတ်ဖြတ်ကာ နေအိမ်မှ ကားကိုပါ လုယူသွားသည့် ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု မတ်လ ၁၅ ရက်နေ့က ပေါ်ပေါက်ခဲ့သည်။

    ဖြစ်စဉ်အကျဉ်း –

    ဦးအောင်သောင်းအား ဖုန်းဆက်၍မရသဖြင့် မိသားစုဝင်များနှင့် တာဝန်ရှိသူများက မတ်လ ၁၂ ရက်နေ့တွင် နေအိမ်သော့ကို ဖျက်၍ ဝင်ရောက်ကြည့်ရှုရာ…

    ဦးအောင်သောင်းအား လက်နှစ်ဖက်ကို ကြိုးဖြင့်ချည်နှောင်၊

    လည်ပင်းကို ဖုန်းအားသွင်းကြိုးဖြင့် ညှစ်၍ သတ်ဖြတ်ပြီး

    ကုတင်အောက်ရှိ သံသေတ္တာအတွင်း ထည့်သွင်းဖျောက်ဖျက်ထားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    “ရဲတွေပြောတာတော့ အိပ်ယာခင်းနဲ့ပတ်ပြီး သေတ္တာထဲ ထည့်ထားခံရတာလို့ ပြောတယ်၊ ပျောက်နေတဲ့ ကားကတော့ ခုထိမတွေ့သေးဘူး” လို့ ရဲနဲ့နီးစပ်သူတဦး ပြောပါသည်။

    ပျောက်ဆုံးသွားသော ကားအချက်အလက် –

    ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ရပ်ထားသော အောက်ပါကားမှာလည်း အခင်းဖြစ်ပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။

    ကားအမျိုးအစား: Toyota Fielder (တိုယိုတာဖစ်)

    ယာဉ်အမှတ်: BGO 3L/5652

    အဆိုပါ လူသတ်လုယက်မှုမှ တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ အပြင်းအထန် လုပ်ဆောင်လျက်ရှိပါသည်။

    ဤယာဉ်အမှတ်ပါ ကားကို တွေ့ရှိရပါက သက်ဆိုင်ရာသို့ အမြန်ဆုံး သတင်းပေးပို့ကြပါရန် အသိပေးလိုက်ရပါသည်။

    အသတ်ခံရသူ ဦးအောင်သောင်းဟာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတဦးဖြစ်ပြီး ဆရာကြီးရဲ့ မိသားစုဝင်တွေဟာ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာနဲ့ နေပြည်တော်မှာ တာဝန်ကျနေတာတွေကြောင့် ကျောင်းအုပ်ဆရာကြီးဟာ အဆိုပါနေအိမ်အတွင်း တဦးတည်း နေထိုင်နေသူဖြစ်တယ်လို့ သိရှိရသည်။

  • အလှူလှည့်တဲ့ ကျောက်ဆည်ဆင် ဓာတ်လိုက်သေဆုံး

    အလှူလှည့်တဲ့ ကျောက်ဆည်ဆင် ဓာတ်လိုက်သေဆုံး

    မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က အလှူလှည့်တဲ့ ဆင် ဓာတ်ကြိုးနဲ့ထိလို့ ရေထဲကျပြီး သေဆုံးခဲ့တယ်လို့ ဆင်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    မတ်လ ၁၄ ရက် မနက်ပိုင်းက လက်ဝဲစုကျေးရွာမှာ အလှူလှည့်လာတဲ့ “ရွှေဇမ္ဗူအောင်”ဆင်တော်အဖွဲ့ရဲ့ ဆင်ဟာ အခုလို ဓာတ်လိုက်ပြီး ဆုံးပါးသွားခဲ့တာပါ။

    ဒီဆင်ရဲ့ နာမည်က “ဖားလယ်နချဲ” ဖြစ်ပြီး ဝယ်ယူထားတာ မကြာသေးဘူးလို့လည်း သိရပါတယ်။

    ဆင်ပေါ်လာပါတဲ့ ဆင်ဦးစီး နဲ့ အလှူရှင်နှစ်ဦး အပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီအထဲမှာ ဆင်ဦးစီးဖြစ်သူကတော့ ပြန်ပြီး သတိလည်လာပြီလို့ ရွှေဇမ္ဗူအောင်ဆင်အဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

    မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ နှစ်စဉ် ဆင်ပြိုင်ပွဲတွေလည်း ကျင်းပကြပါတယ်။

    သီတင်းကျွတ်ကာလ ကျောက်ဆည်က ဆင်ပြိုင်ပွဲတွေဟာ နိုင်ငံတဝန်းလူထုအကြားမှာလည်း ထင်ရှားကျော်ကြားပါတယ်။

  • တအောင်း၊ ကိုးကန့်၊ “ဝ”

    တအောင်း၊ ကိုးကန့်၊ “ဝ”

    MNDAA တပ်ဖွဲ့တွေက ပြည်ထောင်စု လမ်းမတလျောက် မှာရှိတဲ့ TNLA စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

    အရင်နေ့တွေ ကတည်းက ပြောနေပါတယ်။

    MNDAA ရဲ့ စစ်ပြင်ဆင်ပုံက ကွတ်ခိုင်မြို့ကို ပူးတွဲအုပ်ချုပ်ခွင့် ရဖို့လောက်ပဲ ရည်ရွယ်တာ မဟုတ်ဘူး။

    ပြည်ထောင်စု လမ်းမတလျောက် TNLA တွေကို မောင်းထုတ်မှာပါလို့ ပြောခဲ့တာကို ဝိုင်းဆဲကြတယ်။

    “ဝ” ကို အားကိုးလို့မရမှန်း၊ “ဝ” နဲ့ ကိုးကန့်ဆိုတာ တစ်သားတည်းရှိကြောင်းပြောတော့ “ဝ” ဆိုတာ ငါတို့ တအာင်းမျိုးနွယ်ပဲ ငါတို့ဘက်ပါမှာသေချာတယ် ဆိုပြီး နလပိန်းတုန်း အတွေးမျိုးနဲ့ မျှော်လင့်နေခဲ့ကြတာ။ ခုတော့ တွေ့ပြီ မလား။

    “ဝ” တပ်ဖွဲ့ ရာချီပြီး လာရှိူးအထွက်ဘက်မှာ နေရာယူထားကြတယ်။

    ကိုးကန့်အဖွဲ့တွေ TNLA ကို တိုက်နေချိန် စကမ တွေ အခွင့်ကောင်း မယူနိုင်အောင် “ဝ” က လားရှိုးအထွက်ကနေပြီး ဟန့်တားပေးတဲ့ သဘောပါ။

    ကိုးကန့်ရဲ့ တိုက်စစ်မှာ ဒရုန်း နဲ့ အသားပေး တိုက်ခိုက်တယ်။

    သူ့တပ်ဖွဲ့တွေ ခုအချိန်ထိ အထိအခိုက် လုံးဝကိုမရှိသေးဘူး။

    ဒါပေမဲ့ TNLA ဘက်က အတုံးအရုံးပဲ။

    ကိုးကန့်တပ်ရဲ့ ထိုးစစ်ကို TNLA ဘက်က တစ်ရက်တောင့်ခံနိုင်ဖို့တောင် ခက်ခဲနေပါတယ်။

    မဟာမိတ်အပေါ် မမှားသင့်တဲ့ အမှားမျိုး ကျူးလွန်ခဲ့တဲ့ TNLA ရဲ့ ရလဒ်က သံဝေဂ ရစရာပါ။

    TNLA ဘက်က ခြေလှမ်းမှားဖို့ အစပြုပေးခဲ့တာက MNDAA တွေပါ။

    တကယ်တော့ MNDAA ဘက်က ကွတ်ခိုင်မြို့လယ် ဓာတ်တိုင်တွေမှာ CCTV နဲ့ ဆိုလာမီးတွေ တပ်ဆင်ခဲ့တဲ့ ရည်ရွယ်ချက်ကိုက TNLA ရဲ့ စိတ်ထားမှန်ကို သိလို့ တမင်တကာ ထောင်ဖမ်းခဲ့တဲ့ လုပ်ရပ်ပါ။

    TNLA ဘက်က ဆတ်ဆတ်ထိမခံ ဖြစ်တတ်တဲ့ စိတ်သဘောထားကို ကောင်းကောင်းအသုံးချသွားတာပါ။

    ကိုးကန့်ရဲ့ အထူးဒေသ (၁) လွှမ်းမိုးရေး ပေါ်လစီ ဖြစ်မြောက် ဖို့ တအာင်းတပ်တွေ လမ်းခင်းပေးလိုက်တယ်လို့ပဲ မြင်တယ်။

    ကျွန်ုပ် မြန်မာနိုင်ငံသား ကချင်လူမျိုး တစ်ဦးအနေနဲ့ KIA ကို TNLA ဘက်က စော်ကားမော်ကားပြုခဲ့တာကိုတောင် ခုအခြေအနေမှာ PSLF/TNLA ကို အသာရစေချင်ခဲ့တယ်။

    အထူးသဖြင့် PSLF ဗဟိုခေါင်းဆောင်တွေ ပညာအမြော်အမြင်ကြီးကြီး နဲ့ ဆုံးဖြတ်စေချင်ခဲ့တယ်။

    ဒါပေမဲ့ အခု နောက်ကျသွားပါပြီ။

    ဆုပ်လည်းဆူး စားလည်းရူးရမယ့် အခင်းအကျင်း အကြပ်အတည်းကို PSLF ခေါင်းဆောင်တွေက ဂုဏ်သိက္ခာအလေးထား ဆုံးဖြတ်ခဲ့ကြတာကိုက ကိုးကန့်အတွက် အခွင့်ကောင်း ဖြစ်စေခဲ့တာပါ။

    Myu Sha Ningli

  • အထက်မင်းလှတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

    အထက်မင်းလှတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

    မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များကြောင်း သိရသည်။

    မတ်လ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် ရေနံမ ရဲစခန်းမှ ဒီးဒုတ်ကန်ကျေးရွာဘက်သို့ ထွက်ခွာလာသော အင်အား ၆၀ ဝန်းကျင်ပါ သံပြားကာ စစ်စိမ်းရောင်ဖောကား ၂ စီးနှင့် ဆိုင်ကယ် ၃ စီးကို ပြည်စိုးကျေးရွာ လမ်းပေါက်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA က မတ်လ ၁၃ ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။

    “တိုက်ခိုက်ခဲ့တာကတော့ ၅ မိနစ်ဝန်းကျင်လောက်ပဲ ကြာပါတယ် ခင်ဗျ။ စတိုက်တဲ့အချိန်မှာ သူတို့ က သတိလက်လွတ်အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့၊ သူတို့ဘယ်လိုမှ ပြန်ပြီးတော့မှ မခုခံနိုင်တဲ့ အနေအထားမို့လို့ပါ။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ပဲ တရစပ် ဖိပြီးတော့မှ ပစ်ခတ်ခဲ့ တာမျိုးပါ။ နီးလည်းနီးတဲ့အခါကျ လက်နက်ကြီးတွေတော့ သိပ်မသုံးဖြစ်ခဲ့ပါဘူး။ ကားတွေကို ဘယ်လိုပြောရမလဲ၊ နည်းနည်းလေး ဒီဂရီလေးစောင်းပြီးခါကျမှ နောက်ကနေပစ်တာမျိုးဆိုတော့ ကားကမရပ်ပါဘူး ခင်ဗျ။ ကားတွေပေါ်မှာ ကျနော်တို့က နောက်ကထိုးပစ်လိုက်ပြီးတော့ ကားက ခပ်လှမ်းလှမ်းကျမှ ရပ်သွားပြီးတော့မှ တိုက်ပွဲပုံစံအသွင်ပြောင်းသွားတာပါ။ ကား ၂ စီးမှာ နောက်က ကားက အထိအခိုက်များပြီးတော့မှ အရှေ့ကားက အထိအခိုက် တော်တော်ကြီး နည်းတယ်ပေါ့နော်။ အထိအခိုက်မရှိတဲ့ကားက ရပ်ပြီးကာကျမှ တိုက်ပွဲအသွင်ဆောင်ပြီးတော့မှ ပြန်ပစ်တာမျိုးပါ”ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောသည်။

    အထက်မင်းလှမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ယင်းစစ် ကြောင်းများ ဖြတ်သန်းသွားလာနိုင်ခြေရှိသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ကားများကို ကျည်မှန်သော်လည်း မောင်းမရသည်အထိ မပျက်စီးကြောင်း သိရသည်။

    “တိုက်ပွဲဖြစ်တာက မကြာဘူးဆိုတော့ စစ်ကူ‌တွေဘာတွေတော့ သူတို့ဘက်က လာတာမျိုး မရှိပါဘူးဗျ။ အလောင်းတွေကတော့ ဒီးဒုတ်ကန်ရွာကနေပဲ မင်းလှကိုပို့တယ်လို့ပဲ ကျနော်တို့ အကြမ်းအားဖြင့် သိထားရပါတယ်ခင်ဗျ။ အလောင်းတွေက ကားပေါ်ကကျကျန်ခဲ့တာမျိုး မဟုတ်ပါဘူးဗျ။ ကားပေါ်မှာပစ်တာဆိုတော့ အလောင်းတွေက ကားနဲ့တူတူပဲပါသွားပါတယ်ခင်ဗျ” ဟု ၎င်းကဆက်လက်ပြောသည်။

    ယင်းစစ်‌ကြောင်းသည်ဒီးဒုတ်ကန်‌ကျေးရွာသို့ သွားပြီး အပြန်တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ ‌ရွာသာလှနှင့် ခလိုင်း ကျေးရွာထဲသို့ ဝင်ရောက်မွှေနှောက်ခိုးယူခြင်းနှင့် လက်နက်ကြီး၊လက်နက် ငယ်တို့ဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ပြုလုပ်ခဲ့ပြီး ခလိုင်း ကျေးရွာ၌ တစ်ညအိပ်ကာ မက်လ၁၃ ရက်ညနေပိုင်းမှ ရေနံမဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

    “ပြည်သူတွေကတော့ စစ်ဘေးကတော့ ရှောင်လိုက်ရပါတယ်ခင်ဗျာ။ ထိခိုက်သေဆုံးတာတော့ မရှိပါဘူးဗျ။ အခုအချိန်(မတ်လ ၁၃ ရက် ညပိုင်း)ထိလည်း ရှောင်‌နေကြရတုန်းပါပဲ ခင်ဗျာ”ဟု ၎င်းကပြောသည်။

    မတ်လ ၈ ရက်မှ စတင်၍ ကပစ ၂ ၊ ကပစ ၁၀ ၊ ကံတုပ်အထိုင်စခန်း ၊ ရေနံမရဲစခန်းတို့မှ ၂၀၀ ဝန်းကျင်ရှိ ပူးပေါင်းစစ်ကြောင်းသည် အထက်မင်းလှမြို့နယ် မြောက်ခြမ်းက နွားလဲ ၊ ကျောက်ပုံ ၊ နဂါးအိုင် ၊ အိုးဘိုကုန်း ၊ ရေပေါ် နှင့်ဓာတ်ကုန်းကျေးရွာများသို့ စစ်ကြောင်းထိုးကာ တစ်ရွာလျှင် အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။

    ယင်း ကျေးရွာများတွင် စစ်တပ် စစ်ကြောင်းဝင်ရောက်နေသော်လည်း ယခင်ကတည်းက စစ်တပ်စိုးမိုးရာနယ်မြေဖြစ်သဖြင့် ပြည်သူများ ရှောင်တိမ်းနေရခြင်း မရှိကြောင်း သိရသည်။