Category: News

  • အစ္စရေး၏ တိုက်ခိုက်မှုများအပြီး တီဟီရန်မြို့တွင် မိုးမည်းများ ရွာသွန်း

    အစ္စရေး၏ တိုက်ခိုက်မှုများအပြီး တီဟီရန်မြို့တွင် မိုးမည်းများ ရွာသွန်း

    အီရန်မြို့တော်ရှိ ဆီသိုလှောင်ရာနေရာများကို အစ္စရေးက တိုက်ခိုက်ပြီးနောက်၊ တီဟီရန်မြို့ခံများသည် ထူထပ်သော မီးခိုးတိမ်မည်းကြီးများနှင့်အတူ မိုးမည်းများရွာသွန်းမှုကို ကြုံတွေ့ခဲ့ရကြောင်း စီအန်အန် သတင်းထောက် ဖရက်ဒ် ပလိုက်ဂျန်က သတင်းပေးပို့ခဲ့သည်။

    လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။

    Mm News.xyz 2026 03 08 185512

    ရေနံများရောနှောနေသည့် မိုးမည်းရွာသွန်းမှုအကြောင်း သတင်းထောက်၏ ဖော်ပြချက်

    “မိုးရေတွေက တကယ်ကို မည်းနက်နေတာကို တွေ့နိုင်ပါတယ်။ ရေနံတွေလည်း ပျော်ဝင်နေပုံရတယ်” ဟု ပြောကြားခဲ့သည်။

    “ဒါက ဒီမနက်ခင်းမှာ ရွာသွန်းနေတဲ့ အခြေအနေပါ။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အီရန်မြို့တော် မှာ အခုလို ရေနံတွေပါတဲ့ မိုးမျိုး ရွာသွန်းနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

    စက်သုံးဆီသိုလှောင်ကန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် အတည်ပြု

    အစ္စရေးစစ်တပ်က ၎င်းတို့သည် စနေနေ့ညနေပိုင်းတွင် တီဟီရန်မြို့ရှိ စက်သုံးဆီဖြန့်ဖြူးရေးနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ယင်းအဆောက်အအုံများသည် အီရန်ရှိ “စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် အမျိုးမျိုးသော စားသုံးသူများထံ” စက်သုံးဆီ ဖြန့်ဖြူးပေးနေသည့် နေရာများဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားသည်။

    Mm News.xyz 2026 03 08 185533

    “ဒီတိုက်ခိုက်မှုက အီရန်အကြမ်းဖက်အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အထိနာစေဖို့ လုပ်ဆောင်လိုက်တဲ့ နောက်ထပ်ခြေလှမ်းတခု ဖြစ်ပါတယ်” ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ပွဲအရှိန်မြင့်တက်လာသည်နှင့်အမျှ ထွက်ပေါ်လာသော နိုင်ငံတကာ တုံ့ပြန်မှုများ

    ယခုတိုက်ခိုက်မှုများသည် အီရန်၏ စွမ်းအင်အရင်းအမြစ်များကို ပစ်မှတ်ထားသည့် အစ္စရေး၏ အရှိန်အဟုန်မြှင့် တိုက်ခိုက်မှုအသစ်များ၏ အစိတ်အပိုင်းဖြစ်သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ထိပ်တန်းလုံခြုံရေးအရာရှိထံမှ ခြိမ်းခြောက်မှုများကို “ကျွန်တော် လုံးဝဂရုမစိုက်ဘူး” ဟု ဆိုကာ ပယ်ချလိုက်ပြီး၊ အီရန်အပေါ် တိုက်ခိုက်မှုများသည် ယခု သီတင်းပတ်ကုန်တွင် ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

    တချိန်တည်းမှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “စစ်မီး” များ ပြန့်နှံ့သွားနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့ပြီး၊ ပဋိပက္ခများကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

  • အီရန်ကို သင်ခန်းစာယူပြီး တပ်တွင်းသူလျှိုများ ဖော်ထုတ်ရန် စစ်တပ်လော်ဘီများ ဆော်ဩလာ

    အီရန်ကို သင်ခန်းစာယူပြီး တပ်တွင်းသူလျှိုများ ဖော်ထုတ်ရန် စစ်တပ်လော်ဘီများ ဆော်ဩလာ

    အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ထောက်လှမ်းရေးသတင်းပေါက်ကြားမှုဖြစ်စဉ်များကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံအတွင်းရှိ စစ်ကော်မရှင်ထောက်ခံသူများနှင့် လော်ဘီများအကြား တပ်တွင်းသူလျှိုဖော်ထုတ်ရေးအတွက် တယ်လီဂရမ်ချန်နယ်များတွင် ဆော်သြမှုများ ပြုလုပ်လာကြောင်း သိရသည်။

    အဆိုပါ စစ်ကော်မရှင်ထောက်ခံသူများသည် အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံများနှင့် စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရခြင်းမှာ အတွင်းသတင်းပေါက်ကြားမှုကြောင့်ဖြစ်သည်ဟု ယူဆနေကြပြီး မြန်မာနိုင်ငံတွင်လည်း တပ်မတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များနှင့် စစ်ရေးလှုပ်ရှားမှု ကြေးနန်းစာများ ပေါက်ကြားနေခြင်းအပေါ် ပြာပြာသလဲ စိုးရိမ်မကင်း ဖြစ်နေကြခြင်းဖြစ်ပါသည်။

    ယင်းသို့ စိုးရိမ်မှုများ မြင့်တက်လာခြင်းနှင့်အတူ တပ်တွင်းသတင်းများကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ဖြစ်စေ၊ ငွေကြေးမက်လုံးကြောင့်ဖြစ်စေ ပြည်ပမီဒီယာများနှင့် တော်လှန်ရေးအင်အားစုများထံ ပေးပို့နေသူများကို အရေးတကြီး စိစစ်ဖော်ထုတ်ရန် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် အပြိုင်အဆိုင် သတိပေးနှိုးဆော်လျက်ရှိသည်။

    အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ခံဝန်ကတိဖြင့် လုပ်ငန်းခွင်ပြန်ဝင်လာသူများကို အဓိကထား စောင့်ကြည့်ရန် လော်ဘီများက တိုက်တွန်းနေကြသည်။

    ၎င်းတို့အား အရေးပါသည့် တာဝန်များနှင့် ဌာနဆိုင်ရာ လျှို့ဝှက်ချက်များကို သိရှိနိုင်သည့် နေရာများတွင် တာဝန်မပေးအပ်သင့်ဘဲ နောက်ကြောင်းရာဇဝင်ကို အနုစိတ်စစ်ဆေးရန် လိုအပ်ကြောင်း စစ်တပ်လော်ဘီများက ရေးသားထားကြသည်။

    ယင်းအခြေအနေအပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက “အီရန်မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေက စစ်ကော်မရှင်လော်ဘီတွေကို တော်တော်လေး ထိတ်လန့်သွားစေတာ အမှန်ပဲ။ သူတို့က သူတို့ရဲ့ အတွင်းစည်းထဲမှာ သူလျှိုတွေ ရှိနေနိုင်တယ်ဆိုတာကို အရင်ကထက် ပိုပြီး သံသယဝင်လာကြတာ။ ဒါဟာ တပ်တွင်းမှာ အချင်းချင်း မယုံကြည်မှုတွေကို ပိုပြီး ကြီးထွားလာစေနိုင်တယ်” ဟု သုံးသပ်ပြောကြားသည်။

    ထို့ပြင် လော်ဘီများက လုံခြုံရေးအတွင်းစည်းကို ပိုမိုကျပ်မတ်ရန်အတွက် သတင်းအချက်အလက် သိရှိနိုင်သည့် နယ်ပယ်ကို အတတ်နိုင်ဆုံး ကျဉ်းမြောင်းအောင် ပြုလုပ်ရန်နှင့် သစ္စာရှိမှုအပေါ် အခြေခံသည့် ဆုပေး၊ ဒဏ်ပေးစနစ်ကို အားကောင်းအောင် လုပ်ဆောင်သင့်ကြောင်းလည်း ဆိုကြသည်။

    “ဒီလိုမျိုး ဖိအားပေးတာတွေက တကယ်တမ်းမှာတော့ အောက်ခြေဝန်ထမ်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကြားမှာ စိုးရိမ်ထိတ်လန့်မှုကိုပဲ ဖန်တီးပေးရာ ရောက်လိမ့်မယ်။ CDM ပြန်ဝင်လာသူတွေကို ရန်သူလို သဘောထားပြီး စောင့်ကြည့်နေမယ်ဆိုရင် အုပ်ချုပ်ရေးယန္တရားထဲမှာ အဆင်မပြေမှုတွေ ပိုများလာမှာပဲ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

    အခြားတစ်ဖက်တွင်လည်း တပ်မတော်၏ လျှို့ဝှက်ချက်များကို သိရှိနိုင်သည့် အဆင့်မြင့်အရာရှိကြီးများပင်လျှင် ငွေကြေး သောင်းဂဏန်း၊ သိန်းဂဏန်းအတွက်ဖြင့် သစ္စာဖောက်ဖျက်နိုင်သည်ဟု လော်ဘီများက ယူဆနေကြခြင်းမှာ စစ်ကော်မရှင်၏ လက်ရှိကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပျက်ယွင်းမှုများကို ဝန်ခံရာရောက်နေကြောင်း ၎င်းက ဆိုသည်။

    ထို့ကြောင့် စစ်ကော်မရှင်အနေဖြင့် တပ်တွင်းနှင့် ဌာနဆိုင်ရာများတွင် ရှိနေနိုင်သည့် သစ္စာမဲ့သူများကို မျက်ခြေမပြတ် စောင့်ကြည့်ရန်အတွက် အချိန်ယူ စစ်ဆေးခြင်း၊ တာဝန်ပေးအပ်ပြီး ယုံကြည်မှု တည်ဆောက်ကြည့်ခြင်းနှင့် စနစ်တကျ စောင့်ကြည့်ခြင်းများ ပြုလုပ်ရန် လော်ဘီများက အပြင်းအထန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

    နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ အီရန်၌ ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုသည် ကမ္ဘာတစ်ဝန်းရှိ အာဏာရှင်စနစ်ကျင့်သုံးသည့် နိုင်ငံများအတွက် စိုးရိမ်စရာဖြစ်လာစေပြီး မြန်မာနိုင်ငံရှိ စစ်ကော်မရှင်အတွက်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ရင်ဆိုင်နေရကြောင်း ပြောကြားသည်။

    အကျိုးဆက်အနေဖြင့် စစ်ကော်မရှင်သည် ရှေ့လာမည့် ကာလများတွင် တပ်တွင်းလုံခြုံရေးနှင့် သတင်းအချက်အလက် စီးဆင်းမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်လာဖွယ်ရှိပြီး ယင်းသည်ပင်လျှင် အုပ်ချုပ်ရေးယန္တရားအတွင်း မလိုအပ်သည့် တင်းမာမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းထားသည်။

  • ယင်းမာပင်မြို့နယ်အတွင်းရှိ ရှင်ပြုပွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

    ယင်းမာပင်မြို့နယ်အတွင်းရှိ ရှင်ပြုပွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ရှင်ပြုပွဲလုပ်နေတဲ့နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မောင်ရင်လောင်းနှစ်ဦးအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

    မတ်လ ၈ ရက်၊ ဒီနေ့နံနက်ပိုင်းက ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကနေ အင်အား ၃၀၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်သားတွေ စစ်ကားတွေနဲ့ ပြန်လည်ဆုတ်ခွာနေချိန် ချင်းတွင်း တံတားအနောက်ဘက်က အောင်ဇေယျကုန်းနားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းနဲ့ 9+ စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    မတ်လ ၇ရက်၊ မနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကနီမြို့နယ်၊ နတ်လာပို့တောင်ကျေးရွာက ရှင်ပြုပွဲလုပ်ဆောင်နေတဲ့နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး မောင်ရင်လောင်းနှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

    ရှင်သာမဏေနှစ်ပါးကို လက်နက်ကြီးနှင့်ထုပြီး သတ်ခဲ့သော အင်အား၃၀၀ ကျော်ပါသည့် စစ်မိစ္ဆာများအား ULF စစ်ကြောင်းမှ တိုက်ခိုက်ခဲ့သော ရုပ်သံ။

    Video – Union Liberation Front – ULF V 02

  • နတ်ရေကန်၏ နောက်ဆုံးကာကင်းစခန်းကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ် အပြင်းအထန် ပစ်ကူ

    နတ်ရေကန်၏ နောက်ဆုံးကာကင်းစခန်းကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ် အပြင်းအထန် ပစ်ကူ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်း၏ နောက်ဆုံးကာကင်းစခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ်အပြင်းအထန် တိုက်ခိုက်ကာ ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ဆိုသည်။

    နတ်ရေကန်ဗျူဟာကုန်း မကျစေရေး ထိုသို့ အပြင်းအထန် ပစ်ကူပေးနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း AA တပ်ဖွဲ့ဘက်မှ အကျအဆုံးရှိသော်လည်း စစ်ရေးအရ အသာစီးရနေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

    AA 646758679 1291309289763341 5672870575272908313 N

    “ကိုယ့်ဘက်ကအကျအဆုံးရှိသလို အောင်ပွဲလည်းရှိပါတယ်။ ခွာစစ်ဆင်နိုင်မယ့် လမ်းက ကာကင်းကို AA က သိမ်းပိုက်လိုက်လို့ စစ်ကူပေးတာ၊ ခွာစစ် ဆုတ်တာ လုပ်ဖို့ စကစက ခက်ခဲနေလို့ တန်ပြန်ရအောင် ကြိုးစားမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ လေကြောင်း ပစ်ခတ်မှုတွေ နေ့စဥ် လုပ်လာပါတယ်။ မနေ့က အမ်းမြို့နယ်၊ တလိုင်းတောင် ရွာအနီးကိုလည်း လေကြောင်းက ဂျက်ဖိုက်တာနဲ့ လာပစ်ခတ်ပါတယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် နတ်ရေကန်ရိုး၏ အောက်ဘက်၌ စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုးနေ၍ ယမန်နေ့ (မတ်လ ၇ ရက်) အထိ ငဖဲမြို့နယ် ကျောက်ဆုံကျေးရွာ၌ တိုက်ပွဲအရှိန်အားကောင်းနေပြီး စစ်ကော်မရှင်ဘက်က အထိနာနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    စစ်ကော်မရှင်၏ တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်မှုများကြားက AA နှင့် ပူးပေါင်းမဟာမိတ်တပ်များသည် ယင်းကာကင်းစခန်း ဒေသအခေါ် မျှော်စင်ကြက်ခြံကုန်းကို ခက်ခက်ခဲခဲသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ပြောရမယ်ဆိုရင် နတ်ရေကန်စခန်းကုန်းတခုပဲ ကျန်တော့မယ်။ AA အနေနဲ့တိုက်မယ်ဆိုရင်တော့ တိုက်လို့ရသွားပြီ။ ဘာလို့လည်းဆိုတော့ ရှေ့က တာဝါတိုင်ကုန်းရော၊ မျှော်စင်ကုန်းရောရသွားပြီ ဆိုတော့ ။ ဒါပေမဲ့ အာရက္ခတပ်တော်ကတော့ နတ်ရေကန်ကမ္ဘာလုံးစခန်းကို အပြီးပြတ်မတိုက်လောက်ဘူး။ တိုက်ပြီးရင် သူတို့ထိန်းရမှာပေါ့နော် ။ ထိန်းရင်လည်း လေကြောင်းပစ်မှတ်ကြီးက ပေါ်လွင်ထင်ရှားနေတော့ သူတို့အတွက် အခက်အခဲဖြစ်နိုင်တယ်”ဟု ၎င်းက ယူဆသုံးသပ်သည်။

    နတ်ရေကန် ကမ္ဘာလုံး ဗျူဟာစခန်းမှာ ရခိုင်ရိုးမဘက်မှ ပဒါန်းစစ်မျက်နှာသို့ ဝင်လာမည့် တိုက်စစ်အတွက် အချက်အချာကျကြောင်း သိရသည်။ ထိုစခန်းကို အဓိက ကာပေးထားသည့် နတ်ရေကန်၏ နောက်ဆုံး ကာကင်းစခန်းကို မတ်လ ၃ ရက်တွင် AA က သိမ်းပိုက်ခဲ့သည်။

    နတ်ရေကန်ဗျူဟာကုန်းအနီးရှိ MPT တာဝါတိုင်ကုန်းနှင့်မိုးလေဝသ စင်တာရေဒါစခန်းတို့ကို အာရက္ခတပ်တော်(AA)ကပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းတွင်သိမ်းပိုက်ခဲ့သည်။

    ကာကွယ်ရေးပစ္စည်း လက်နက်ထုတ်လုပ်ရေးစက်ရုံ (ကပစ – ၁၄) အတွက် အရေးပါသည့် ရခိုင်ရိုးမပေါ်ရှိ အကြီးဆုံးခံစစ်စခန်းဖြစ်သော အဆိုပါ နတ်ရေကန်စခန်းတခုလုံးကို AA သိမ်းပိုက်နိုင်ပါက စစ်ကော်မရှင်၏ ပဒါန်းမှ အမ်းမြို့ဘက်သို့ တိုက်စစ်မှာပျက်ပြယ်သွားမည်ဖြစ်ပြီး ကပစ(၁၄) ၏ ထုတ်လုပ်မှုလုပ်ငန်းမှာ ရာနှုန်းပြည့်ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ထို့အတူ အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ)နှင့် ကျန်အမြောက်တပ်နှစ်တပ်မှာလည်း အထိနာသွားနိုင်ကြောင်း စစ်ရေးသတင်းအရင်းမြစ်များက တွက်ချက်ထားကြသည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီအစပ်၊ ရခိုင်- ပဲခူးအစပ်တို့၌ စစ်မျက်နှာများဖွင့်၍ တိုက်စစ်ကို ဆက်လက်အရှိန်မြင့်တင်နေဆဲဖြစ်သည်။

  • “ကိုယ့်အိမ် ကိုယ့်နိုင်ငံမှာ ကိုယ်က ဧည့်သည်ဖြစ်ပြီး၊ ဧည့်သည်က အိမ်ရှင်ဖြစ်နေပြီ”

    “ကိုယ့်အိမ် ကိုယ့်နိုင်ငံမှာ ကိုယ်က ဧည့်သည်ဖြစ်ပြီး၊ ဧည့်သည်က အိမ်ရှင်ဖြစ်နေပြီ”

    “ကိုယ့်အိမ် ကိုယ့်နိုင်ငံမှာ ကိုယ်က ဧည့်သည်ဖြစ်ပြီး၊ ဧည့်သည်က အိမ်ရှင်ဖြစ်နေတဲ့ ခေတ်ပျက်မြန်မာပြည်”

    Mm News.xyz 2026 03 08 113127

    “မှတ်ပုံတင်ထုတ်ပါ… ဘယ်ကလာတာလဲ၊ ဘယ်သွားမှာလဲ”

    ခရီးတခုသွားဖို့ လမ်းမပေါ်တက်လိုက်တာနဲ့ မြန်မာနိုင်ငံသားတယောက်ရဲ့ သိက္ခာဟာ စစ်ဆေးမေးမြန်းမှုတွေကြားမှာ အရည်ပျော်ကျသွားရပါတယ်။

    ကိုယ့်နိုင်ငံ၊ ကိုယ့်မြေပေါ်မှာ သွားလာနေတာတောင် အမြဲ တမ်း “သံသယ တရား” နဲ့ စစ်ဆေးမေးမြန်းခံနေရတဲ့ ကျွန်တော်တို့ဟာ ဧည့်သည်ထက်တောင် ပိုပြီး ဧည့်သည် ဆန်နေပါပြီ။

    Mm News.xyz 2026 03 08 113141

    ဒါပေမဲ့ ရင်နာဖို့ကောင်းတာက မြန်မာစကားတောင် မပြောတတ်တဲ့၊ ဘယ်ကလာမှန်းမသိတဲ့ “ကျားဖြန့်” လိုလို လူမျိုးခြားတွေကိုကျတော့ “Welcome” ဆိုတဲ့ ငွေမျက်နှာ အပြုံးနဲ့ လမ်းဖွင့်ပေးနေကြတာ မြင်ရတဲ့အခါ ကိုယ့်မှတ်ပုံတင်ကို ကိုယ်ပြန်ကြည့်ပြီး “ငါကရောတကယ် ပဲ ဒီနိုင်ငံသား ဟုတ်ရဲ့လား” လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်း ထုတ်မိပါတယ်။

    “ဒီနေရာလေး ရှုခင်းလှသားပဲ၊ အပျင်းပြေ ဝယ်ထားလိုက် ဦးမယ်” ဆိုတဲ့ စကားတခွန်းဟာ ကျွန်တော်တို့ မျိုးဆက် တခုလုံးရဲ့ အိမ်မက်ကို ရိုက်ချိုးလိုက်တာပါ။

    Mm News.xyz 2026 03 08 113151

    အမြောက်ဆန်တွေ၊ ကျည်ဆန်တွေ မလိုပါဘူး။ ငွေစက္ကူလေးတွေနဲ့တင် အချက်အချာကျတဲ့ နေရာတွေကို ဝယ်သိမ်းပြီး “ဧည့်သည်က အိမ်ရှင်၊ အိမ်ရှင်က အိမ်ငှား” ဘဝကို ဖန်တီးနေကြတာပါ။

    ကိုယ့်တိုင်းပြည်မှာ ကိုယ်နေရတာက တခါတလေဟိုတယ် မှာ ခဏလာတည်းတဲ့ ဧည့်သည်လိုပါပဲ။

    စစ်ဆေးမှုတွေကြားမှာ ခေါင်းငုံ့နေရပြီး၊ ကုန်စျေးနှုန်းတွေကြားမှာ အသက်ရှူကျပ်နေရတယ်။

    ဧည့်သည်တွေကတော့ အိမ်ရှင်ထက် ပိုလွတ်လပ်၊ ပိုချမ်းသာ၊ ပိုပြီး ပိုင်စိုးပိုင်နင်းနိုင်နေကြတယ်။

    Mm News.xyz 2026 03 08 113200

    ဘဝတူ အချင်းချင်း ငါက ဘယ်မြို့နယ်မှာနေတာ၊ ငါက EV စီးတာ၊ ငါက ဆီကားစီးတာ၊ ငါဝယ်တာမှန်တယ် ဆိုပြီး ပြိုင်ဆိုင်ကြွားဝါနေရမယ့် အချိန်မဟုတ်ပါဘူး။

    ကျွန်တော်တို့ အချင်းချင်း အားပြိုင်နေချိန်မှာ ထိုသူတွေက ကျွန်တော်တို့ရဲ့ အခွင့်အရေးနဲ့ အနာဂတ်တွေကို တဖြည်းဖြည်း ဝါးမျိုနေပြီဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။

    တကယ်တော့ ကျွန်တော်တို့ဟာ အိမ်ရှင်တွေ မဟုတ်တော့ဘဲ “အိမ်လခ မပေးနိုင်လို့ နှင်ထုတ်ခံရတော့မယ့် အိမ်ငှားတွေ” များ ဖြစ်နေပြီလား။

    Mm News.xyz 2026 03 08 113213

    ကိုယ့်အိမ်မှာ ကိုယ်သူစိမ်းဖြစ်နေရတဲ့ ခံစားချက်ကို ဘယ်သူတွေ ခံစားနေရလဲ?” ပြောပြပေးပါဦး။