Category: News

  • လောင်းလုံးတွင် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်

    လောင်းလုံးတွင် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်

    လောင်းလုံးတွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီး

    မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက်

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီးကာ မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်နေစဉ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရဲစခန်းအတွင်းရှိ အဆောက်အဦးတချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရခြင်းကြောင့် တပ်တွင်း မိသားစုတချို့သာ မဲလာပေးပြီး ပြည်သူများ မဲပေးခြင်းလုံးဝမရှိသောကြောင့် လောင်းလုံးမြို့ပေါ် မဲရုံကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ မဲရုံကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရပြီး စစ်သားများသည် မဲရုံပိတ်သိမ်း၍ ထွက်ပြေးသွားကြောင်း သိရသည်။

    အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ထားဝယ်မြို့ပေါ်မှ လောင်းလုံးမြို့ပေါ်သို့ မဲပုံးများလာပို့သည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထားဝယ်-လောင်းလုံး လမ်းပိုင်းတနေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

    “လောင်းလုံးမြို့နယ်ထဲမှာ ရွေးကောက်ပွဲက နေရာ ၄ ခုလောက်မှာပဲ လုပ်နိုင်တယ်။ မြို့ပေါ်မှာဆို ဒီနေ့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ မဲရုံတောင် မလုပ်နိုင်ဘူး။ သူတို့ တပ်မိသားစုဝင်တချို့လောက်ပဲ မဲပေးတာရှိတယ်။ ပြည်သူတွေ လုံးဝမဲလာမပေးဘူး။ ရဲစခန်းကတော့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရလို့ အဆောက်အဦးတချို့ မီးလောင်သွားတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ နောက်ပြီး မောင်းမကန်ရွာ မဲရုံလည်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရလို့ စစ်ခွေးတွေ ညနေပိုင်းတောင် မစောင့်နိုင်ဘဲ မဲရုံသိမ်းသွားတယ်လို့ သိရတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က တောရှည်ရွာ၊ ကမြောကင်းရွာနှင့် မောင်းမကန်ရွာတို့တွင်သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး မဲလာပေးသူ မရှိသလောက် နည်းပါးကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

  • မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု

    မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု

    ရန်ကုန်နှင့်မန္တလေးတွင် ပြုလုပ်မည့် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု

    ICJ တရားရုံးကို မထီမဲ့မြင်ပြုရာ ရောက်နိုင်သည်ဆိုသော အကြောင်းပြချက်ပေး

    ရန်ကုန်နှင့်မန္တလေးတွင် ပြုလုပ်မည့် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြုကြောင်း ရန်ကုန်အခြေစိုက် အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မဘသနှင့်အမျိုးသားရေးအစွန်း ရောက်များက ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို ပြုလုပ်ရန် စစ်ကော်မရှင်ထံသို့ ငြိမ်းစုစီ ဥပဒေအရ လျှောက်ထားခဲ့သော်လည်း စစ်တပ်က ခွင့်ပြုချက်မပေးဘဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။

    “ရန်ကုန်မှာလုပ်မယ့် ဂမ်ဘီယာနိုင်ငံ ရှုတ်ချပွဲက ပျက်သလောက်တော့ဖြစ်နေတယ်။ ခွင့်ပြုချက်မရလို့။ ထပ်တော့ကြိုးစားနေတယ်။ အနီးကပ်မှ ရမလားတော့မသိသေးဘူး” ဟု ရန်ကုန်အခြေစိုက် အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    အလားတူ မန္တလေးမြို့နယ်၊ မဘသအဖွဲ့က ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲကျင်းပရန် စီစဉ်ထားသော်လည်း စစ် ကော်မရှင်ခွင့်ပြုပေးခဲ့ခြင်းမရှိသဖြင့် ဖျက်သိမ်းလိုက်ကြောင်း မဘသဆရာတော်တစ်ပါးဖြစ်သည့် ဦးကန္ဒဝိရ(လှည်းကူး)က လူမှုကွန်ရက်မှတဆင့် ထုတ်ဖော်ပြောဆိုထားသည်။

    လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မန္တလေးမြို့၌ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ICJ တရားရုံးတွင် တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံကို ကန့်ကွက် ရှုတ်ချကြောင်း ပွဲလုပ်ရန်စီစဉ်ထားကြောင်း၊ ထိုသို့ စီစဉ်ထားသည့် ပွဲကို စစ်ကော်မရှင်ထံ တင်ပြခဲ့ရာ ခွင့်ပြုပေးခြင်းမရှိသဖြင့် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

    ‘အခုပြောချင်တာက မန္တလေးမှာ ကျင်းပမယ့် ဂမ်ဘီယာနိုင်ငံကို ရူတ်ချပွဲ စစ်တပ်က ခွင့်မပြုလို့ ဖျက် သိမ်းတဲ့အကြောင်းပါ။ ဂမ်ဘီယာနိုင်ငံကို ရူတ်ချပွဲက ဇန်နဝါရီလ ၂၇ ရက်လုပ်မယ်ဆိုပြီးတော့မှ တင်ထားကြ တာ။ အဲ့လိုမန္တလေးမှာ လုပ်မယ့်ပွဲ ကန့်ကွက်ပွဲ ပျက်ပြယ်သွားပါတယ်။ သက်ဆိုင်ရာ အစိုးရက ခွင့်မ ပြုဘူး။ သူတို့က ဦးကိုကိုလှိုင်တို့ ပြန်လာတဲ့အခါကျ ကြိုဆိုပွဲတို့ နောက်ပိုင်းမှ အောင်မြင်သွားရင်‌ အောင်ပွဲတို့ အဲ့လိုပွဲတွေကြရင်တော့ လုပ်စေချင်ကြတာပေါ့။ လောလောဆယ်မှာက ဂမ်ဘီယာ နိုင်ငံက ICJ တရားဆွဲထားတာနဲ့ ပတ်သတ်ပြီးတော့ ICJ မှာ မြန်မာနိုင်ငံက အခြေနေကောင်း တယ်လေ။ အဲ့ဒါကြောင့်မို့ မလုပ်စေချင်ဘူးလို့ ထင်တာပဲ။” ဟု မဘသ ဆရာတော် ဦးကန္ဒဝီရ (လှည်းကူး) က ပြောဆိုထားသည်။

    ဂမ်ဘီယာရှုတ်ချပွဲများကို မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ၊ အမျိုးသားရေးအဖွဲ့များက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဦးဆောင်သူများတွင် ဝင်းကိုကိုလတ်နှင့် သုစိတ္တတို့လည်း ပါဝင်ကြသည်။

    ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ နှင့် တရားသူကြီးများကို ဝေဖန်ပုတ်ခြင်းမပြုရန် ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

    ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ကိုကိုလှိုင်ဦးဆောင်သော Agent of Myanmar အဖွဲ့ကို မြေပြင်ထောက်ခံပွဲများပြုလုပ်ရာတွင် တရားရင်ဆိုင်ဆဲကာလဖြစ်၍ ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြရန် ၊တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြရန် စစ်တပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

    ထောက်ခံပွဲများတွင် Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန် စစ်တပ်က ညွှန်ကြားထားသည်။​

    အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တွင် မြန်မာနိုင်ငံက လူမျိုးပြုန်းစေမှု ကာကွယ်ရေးဆိုင်ရာ စာချုပ်ပါ တာဝန်တ္တရာများအရ ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်သည့် လုပ်ရပ်များကို တားဆီး ရန်နှင့် အပြစ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားရာ ယင်းအမှုနှင့်ပတ် သက်၍ ယခုဇန်နဝါရီလအတွင်း နှစ်ဖက် ကြားနာ စစ်ဆေးမှုများ ICJ က ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

  • တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ဆိုင်အတွင်းဝင်ရောက်ကာ ပြန်ပေးဆွဲခံရ (ရုပ်သံ)

    တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ဆိုင်အတွင်းဝင်ရောက်ကာ ပြန်ပေးဆွဲခံရ (ရုပ်သံ)

    ရှမ်းပြည်နယ်အရှေ့ပိုင်းက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

    ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနောက်ဘက် မြို့ပတ်လမ်းပေါ်ရှိ ရွှေသဲအိမ်ဆောက်ပစ္စည်းဆိုင်အနီး တရုတ်ကုန်စုံဆိုင်က အသက် ၄၀ ဝန်ကျင်းရှိ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။

    လူမှုကွန်ယက်မှာ ပျံနှံ့လာတဲ့ ဗီဒီယိုဖိုင်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၄ ဦးဟာ လက်နက်တွေကိုင်ဆောင်ပြီး ကားအဖြူပေါ်ကဆင်းလာကာ ဆိုင်အတွင်းမှာထိုင်နေတဲ့ အမျိုးသမီးကို အတင်းချုပ်နှောင်ကာ ကားပေါ်ကိုတင်ပြီး မောင်းထွက်သွားတာကိုတွေ့ရပါတယ်။

    အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိမ်မြို့အနှံ့ကိုပိတ်ဆိုပြီး ရှာဖွေတာတွေ ပြုလုပ်နေပေမယ့် အခုချိန်ထိ ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တိုးနယားအပိုင်းမှာနေထိုင်သူ ဦးစိုင်းဟန်လင်းကိုလည်း အမျိုးသား ၄ ဦးက တိုးနယားကွင်းထဲမှာ ကားပေါ်ဆွဲတင်ကာ ပြန်ပေးဆွဲခေါ်ဆောင်မှု ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။

  • ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ မှာ ဆိုင်ကယ်မောင်းပြိုင်ပွဲပြုလုပ်ရာက

    ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ မှာ ဆိုင်ကယ်မောင်းပြိုင်ပွဲပြုလုပ်ရာက

    ကဒါ့ ပြည်နယ်, Kupang

    ဘတ်တာဝပ်.. ကူလင်း အဝေးပြေးလမ်းမကြီးပေါ် မှာ ဖြစ်ပွားခဲ့ ဆိုင်ကယ်အက်ဆီးဒင့်,

    ယနေ့ ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ မှာ ဆိုင်ကယ်မောင်းပြိုင်ပွဲပြုလုပ်ရာကနေ

    အက်ဆီးဒင့်ဖြစ်ပွားခဲ့ တယ်လို့သိရပြီး

    ခေါင်းထိခိုက်ဒဏ်ရာရရှိသူကတော့

    နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ

    နောက်ထပ် ၈ ဦးက အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

    ရွှေမြန်မာများဆိုင်ကယ်မောင်းနှင်သူများ

    အထူးဂရုစိုက်ပါ

  • စစ်ခေါင်းဆောင်နှင့်အတူ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲပြစ်မှုကျူးလွန်

    စစ်ခေါင်းဆောင်နှင့်အတူ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲပြစ်မှုကျူးလွန်

    မန္တလေးမှာ စစ်ခေါင်းဆောင်နှင့်အတူ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲပြစ်မှုကျူးလွန်

    အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်ခဲ့သည့် ချမ်းမြသာစည်မြို့နယ်က မဲရုံတခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) တံဆိပ်ပါ အင်္ကျီနှင့်ဦးထုပ် ဝတ်ဆင်ထားသူတဦးက စစ်ခေါင်းဆောင်နှင့်အတူ မဲရုံအထဲထိ လိုက်ပါ ဝင်ရောက်ခဲ့သည်ကို မှတ်တမ်းဓာတ်ပုံများအရ တွေ့ရသည်။

    ခြင်္သေ့တံဆိပ်ပါ အဖြူ၊ အစိမ်း အင်္ကျီနှင့်ဦးထုပ်ဝတ်ဆင်ထားသူ အမျိုးသားတဦးကို စစ်ခေါင်းဆောင်နှင့်အတူ မဲရုံအတွင်း ရှိနေသည့်ဓာတ်ပုံကို Popular News ၏ ဖေ့ဘုတ်စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ဖော်ပြခဲ့ခြင်းဖြစ်ပြီး မိနစ်ပိုင်းအကြာ၌ ယင်းဓာတ်ပုံအား ပြန်ဖျက်ခဲ့သည်ကို တွေ့ရသည်။

    သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများအရ မဲရုံအတွင်း၊ မဲရုံနှင့်ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်းနှင့် ကိုယ်စား လှယ်လောင်းတဦးဦးအား မဲပေးရန် သွေးဆောင်ခြင်းပြုလုပ်ပါက ရွေးကောက်ပွဲပြစ်မှု ကျူးလွန်ရာရောက်ကြောင်း ပြဋ္ဌာန်းထားသည်။

    မဲရုံအတွင်းသို့ ပါတီအင်္ကျီ၊ ရင်ထိုး စသည်တို့ ဝတ်ဆင်ခြင်းအပေါ် ကန့်သတ်ထားပြီး အမှန်တကယ်ကျူးလွန်ကြောင်း အထောက်အထားခိုင်လုံပါက အခြားကိုယ်စားလှယ်လောင်းတဦးဦးအနေဖြင့် အမှုဖွင့်တိုင်ကြားနိုင်ကြောင်း ချမ်းမြသာစည် မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

    ၎င်းက “မဲရုံကို ပါတီအမှတ်အသားတံဆိပ်၊ ရင်ထိုးတို့ ဝတ်ပြီးလာခွင့်မရှိဘူး။ အဲဒီဟာကို မှတ်တမ်းတင်ထားတယ်ဆိုရင် တကယ်လို့ သူတို့နိုင်သွားရင် ကျနော်တို့က ကန့်ကွက်လို့ရပါတယ်။ ကန့်ကွက်တာနိုင်ရင် ကိုယ်စားလှယ်အဖြစ် အရွေးခံထား ရရင်တောင် အပယ်ခံရပြီး နောက်ဒုတိယလူက ရမှာပါ” ဟု ဆိုသည်။

    ရွေးကောက်ပွဲ အပိုင်း ၃ တွင် ဝင်ယှဉ်ပြိုင်နေသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးကလည်း “အဲဒီလိုဝတ်လာလို့ ရှိရင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ကြမယ်လေ၊ ဥပဒေမှာ ခွင့်မပြုထားဘူး၊ ဥပဒေနဲ့ ဆန့်ကျင်နေတာပေါ့” ဟု ပြောသည်။

    ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်မှုများအား ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုအဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲ အပြီး ၁၅ ရက်အတွင်း မဲဆန္ဒရှင်တဦးကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ရွေးကောက်ပွဲကိုယ်စားလှယ် ကဖြစ်စေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် မဲရုံအဖွဲ့ဝင်တဦးဦးကဖြစ်စေ တိုင်တန်းနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

    ရွေးကောက်ပွဲဆိုင်ရာ တားမြစ်ချက်များအား ပြုကျင့်ပါက ကျူးလွန်သူ ကာယကံရှင်ကိုယ်တိုင် ပြစ်ဒဏ်ချမှတ်ခံရနိုင်သည့်အပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအပေါ်လည်း ထိခိုက်နစ်နာစေနိုင်ကြောင်း နိုင်ငံရေးပါတီအချို့က ထောက်ပြထားသည်။

    ရွေးကောက်ပွဲအပိုင်း ၃ ပါ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ မျိုးဆက်သစ်ဝံသာနုပါတီ၊ ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

    ရွေးကောက်ပွဲမဲဆွယ်ခွင့် နောက်ဆုံးရက်ဖြစ်သော ဇန်နဝါရီ ၂၃ ရက်တွင် ချမ်းမြသာစည်မြို့နယ်အတွင်း မဲဆွယ်ပွဲတခု၌ ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးကိုကိုဦးက “နောက်ဆုံးပိတ် အိတ်နဲ့လွယ်” ဟု ကြွေးကြော်ထားသည်။

    ပုံစာ – ပေါ်ပြူလာသတင်းဌာနက ပြန်ဖြုတ်သွားသည့် ခြင်္သေ့တံဆိပ်ပါ အဖြူ၊ အစိမ်း အင်္ကျီနှင့်ဦးထုပ်ဝတ်ဆင်ထားသူ အမျိုးသားတဦးအား စစ်ခေါင်းဆောင်နှင့်အတူ မဲရုံအတွင်း တွေ့ရစဥ်/ Popular News Journal