Category: News

  • ထိုးစစ်ကာလ ရက်သတ္တပတ် ၄ ပတ်ကျော် ကြာသည်အထိ မောတောင်မြို့အနား စစ်ကော်မရှင်တပ် မကပ်နိုင်သေး

    ထိုးစစ်ကာလ ရက်သတ္တပတ် ၄ ပတ်ကျော် ကြာသည်အထိ မောတောင်မြို့အနား စစ်ကော်မရှင်တပ် မကပ်နိုင်သေး

    တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ထားရသည့် မောတောင်မြို့အား ပြန်လည်ရရှိရန် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေသော်လည်း အချိန်ရက်သတ္တပတ် ၄ ပတ်ကျော် ကြာသည်အထိ မြို့အနားပင် မကပ်နိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။ သိန်ခွန်း- မောတောင်လမ်းအတိုင်း စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်အထိ သဲဖြူနှင့် သိန်ခွန်း အနီးတဝိုက်မှ ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖောကား ခုနစ်စီးဖြင့် တနင်္သာရီ- ဘုတ်ပြင်းကားလမ်းမှတဆင့် သိန်ခွန်း- မောတောင်လမ်းပိုင်းသို့ စစ်ကော်မရှင်တပ်က ထပ်မံ စစ်ကူပေးပို့လာခဲ့ပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ မြေပြင်ထိုးစစ်သာမက စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းများကိုလည်း အသုံးပြုကြောင်း သိရသည်။ “အခြေအနေတွေကလား ဒီရက်ထဲ ဖြစ်တယ်လေ။ သဲဖြူ၊ သိန်ခွန်း အဲ့ဒီတဝိုက်မှာ။…

  • ကျောက်ဖြူတွင် AA ၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူဆက်တိုက်ပို့နေ

    ကျောက်ဖြူတွင် AA ၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူဆက်တိုက်ပို့နေ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်(AA)၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူများကို တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဆက်တိုက်ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ် များထံကသိရသည်။ တိုက်ပွဲဖြစ်ပွားနေသည်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ လက်ရှိအချိန်ထိဖြစ်ပြီး လတ်တလောတွင် ထိ တွေ့တိုက်ပွဲ အရှိန်ပြင်းထန်နေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။ “ကျောက်ဖြူဘက် သဲသဲမဲမဲတိုက်ပွဲ ဖြစ်နေတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ အမှတ်(၃၂) တပ်ရင်း ကြားထဲက ကပ်သပြေကျေးရွာနားမှာ ဖြစ်နေတယ်။ လောလောဆယ် AA က ထိုးစစ်ကို အင်နဲ့အားနဲ့လုပ် နေတာ။ အဲဒါကြောင့် ဒီတပတ်ထဲမှာပဲ ကမ်းထိုးယာဉ်တွေနဲ့ စစ်အင်အား တခါတခါပို့ရင် ၄၀၀၊ ၅၀၀ လောက်ရှိတယ်။ ဓညဝတီရေတပ်စခန်းကနေ တိုက်ပွဲဖြစ်တဲ့နေရာကို ကမ်းထိုးယာဉ်တွေနဲ့ ကြည်းတပ် တွေကို ပို့တာ၊ မြေပြင်ကို ထပ်ထပ်ပြီးရောက်လာတယ်”ဟု ၎င်းကပြောသည်။ လက်ရှိတိုက်ပွဲအနေအထားအရ ကပ်သပြေကျေးရွာအနီးဖြစ်ပွားနေခြင်းကြောင့် မြို့နှင့်…

  • သက်သေမပြနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး သားဖြစ်သူ ကင်မ်အဲရစ် ပြောပြီ

    သက်သေမပြနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး သားဖြစ်သူ ကင်မ်အဲရစ် ပြောပြီ

    ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် သားငယ် ကင်မ်အဲရစ်ပြော မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သက်သေပြဖို့အတွက် တွေဆုံခွင့်ပေးရမယ်လို့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ပြောလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်က မတရားနှစ်ရှည်ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို ကောင်းမွန်တယ်ဆိုပြီး သက်သေမပြနိုင်ဘဲ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပြီး သားဖြစ်သူ ကင်မ်အဲရစ်က “စစ်အစိုးရက မေမေဟာ ကျန်းမာရေးကောင်းမွန်ပါတယ်လို့ အတင်းအကျပ်ယုံခိုင်းနေပေမဲ့ သက်သေအထောက် အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံးကွယ်ပြီးလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး” လို့ သူရဲ့ လူမှုကွန်ရက်တဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့ မိခင်ဖြစ်သူ ကျန်းမာရေးကောင်းမွန်တယ်ဆိုတာကို တကယ် ယုံကြည်စေချင်တယ်ဆိုရင် တွေ့ခွင့်ပေးရမယ်လို့…

  • မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် IIMM နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဥပဒေပြင်သစ်အတည်ပြု

    မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် IIMM နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဥပဒေပြင်သစ်အတည်ပြု

    မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့အတွက် ပြင်သစ်အစိုးရနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM တို့ကြား တရားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဥပဒေတစ်ရပ်ကို ပြင်သစ်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကို ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာပဲ ပြင်သစ်အောက်လွှတ်တော်ကနေ တညီတည်းအတည်ပြုခဲ့ကြတာဖြစ်ပြီး ပြင်သစ်နဲ့ IIMM တို့ကြား ချုပ်ဆိုထားတဲ့ တရားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကနေ အခုလို ဥပဒေတစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြင်သစ်နဲ့ IIMM တို့ရဲ့ သဘောတူညီချက်ကို ၂၀၂၄ ခုနှစ် ဇွန်လ ဒုတိယအပတ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ကျူးလွန်နေတဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့အထောက်အထားတွေကို စုဆောင်းမျှဝေတဲ့နေရာမှာ အထောက်အပံ့ဖြစ်ဖို့အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၀ ရက်တုန်းက အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရတာနဲ့ပတ်သက်လို့ အထူးကာကွယ်ထားတဲ့ အရပ်ဘက်ပစ္စည်းတွေဖြစ်ပြီး…

  • ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲလုပ်မယ်

    ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲလုပ်မယ်

    ပိုပြီးဆိုးရွားလာနေတဲ့ မြန်မာ့အရေးအတွက် သီးသန့်ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ထုတ်ပြန်ပါတယ်။ အဲဒီသီးသန့်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင် တို့က မြန်မာရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင်ပြသွားကြမယ်လို့ ဆိုပါတယ်။ ဒီသီးသန့်ဆွေးနွေးပွဲကို ကျင်းပဖို့ ဗြိတိန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ လာမယ့်အစည်းအဝေးမှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အလေးပေးပြောကြားဖို့ရှိတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကတော့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့အပြင်…