Category: News
-

မြန်မာကို ICJ တရားရုံး၌ တရားစွဲထားသည့်အမှု ပြန်လည်ကြားနာမည်
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့အမှုကို လာမဲ့နှစ် ဇန်နဝါရီမှာ ပြန်လည်ကြားနာမယ်လို့ တရားရုံးက ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားပြီး ၁၁ နိုင်ငံက ကြားဝင်ဆောင်ရွက်ခွင့်ရထားတဲ့ ဒီအမှုကို လာမဲ့ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ နှုတ်နဲ့ လျှောက်လဲချက်တွေပေးရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ ၁၅ ရက်အထိကို ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်ပေးရမှာဖြစ်ပြီး ၁၆၊ ၁၉ နဲ့ ၂၀ ရက်မှာတော့ မြန်မာဘက်က လျှောက်လဲချက်ပေးရမှာပါ။ ဇန်နဝါရီ ၂၁၊ ၂၂ နဲ့ ၂၃ ရက်မှာတော့ သက်သေတွေကို စစ်ဆေးတဲ့ တံခါးပိတ်ကြားနာပွဲကို တနေကုန်လုပ်မှာဖြစ်ပြီး…
-

စစ်တွေတွင် စစ်ဆေးရုံ မဆံ့သဖြင့် ဒဏ်ရာရစစ်သားများ ပြည်သူ့ဆေးရုံတွင် ကုသနေရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီရဲ့ ဒဏ်ရာရ စစ်သည်တွေကို စစ်ဆေးရုံမှာ ကုသဖို့ မနိုင်တော့တာကြောင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ကုသနေကြရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။ စစ်တွေမြို့ ဒကစ ဌာနချုပ်က ဒဏ်ရာရ စစ်သားတွေကို ခုတင် ၁၀၀ စစ်ဆေးရုံမှာ ကုနေပေမဲ့ လူပြည့်သွားလို့ စစ်တွေမြို့ ခုတင် ၅၀၀ ပြည်သူဆေးရုံကြီး၊ လေးထပ်ဆောင်ကို အထူးကြပ်မတ်ဆောင်အဖြစ်ပြုလုပ်ပြီး ကုသနေကြရတယ်လို့ စစ်တွေမြို့က စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “စစ်တွေ ဒကစ ဌာနချုပ်မှာ AA ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဒီရက်ပိုင်းမှာ ဒဏ်ရာရစစ်သည်တွေ အတော်လေးကို များလာတယ်။ တပ်ဆေးရုံ ခုတင် ၁၀၀ မှာလည်း မဆံ့တော့တာကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ကုသနေကြတာတွေလည်းရှိတယ်။ လူကြီးတွေဆိုရင်တော့ ရန်ကုန်ကို…
-

မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်
အမ်း-ပဒါန်းလမ်းမပေါ် ရခိုင်ရိုးမက နတ်ရေကန်ဗျူဟာအနီးမှာရှိတဲ့ ဂုတ်ကြီးရွာမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဂုတ်ကြီးရွာဟာ နတ်ရေကန်ဗျူဟာစခန်းရဲ့ ကာကင်းတစ်ခုလည်းဖြစ်ပြီး အမ်း-ပဒါန်းလမ်းကို ထိန်းထားတဲ့နေရာတွေထဲက တစ်ခုလို့ သူက ရှင်းပြပါတယ်။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဂုတ်ကြီးရွာကို စစ်တပ်က ပြန်ထိန်းချုပ်ပြီလို့ ရေးသားနေကြပါတယ်။ ဂုတ်ကြီးရဲကင်းစခန်း၊ စာသင်ကျောင်းနဲ့ ဘုရားကုန်းစတဲ့ နေရာတွေအပါအဝင် ရွာတစ်ခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြနေကြတာပါ။ သတင်းရင်းမြစ်ကတော့ “တချို့နေရာတွေ စစ်တပ်ပြန်ရတာမှန်ပေမယ့် အကုန်မထိန်းချုပ်နိုင်သေးဘူး။ နှစ်ဖက်တပ်တွေက တိုးလိုက်၊ ဆုတ်လိုက်ပဲ” လို့ ဒီနေ့ မနက်မှာ ပြောပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိတဲ့ ဂုတ်ကြီးရွာဟာ ရခိုင်-မကွေးအစပ်မှာရှိပြီး ကမ္ဘာလုံးစခန်းလို့ခေါ်တဲ့ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ကျော်ပဲ ဝေးပါတယ်။ ရိုးမပေါက်လမ်းအတိုင်းသွားမယ်ဆိုရင်တော့ ၁၅ မိုင်ဝန်းကျင်…
-

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်
မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’ ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၈ ရက်မှာ မြို့နယ်ရဲစခန်းက ပုဒ်မ ၅၈(ဂ) နဲ့ အမှုဖွင့်လိုက်တယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီက နေအိမ်မှာ လာရောက်ဖမ်းဆီးပြီး ညပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ ပြန်လည်ထုတ်ခဲ့ရတယ်လို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။ “ရဲစခန်းမှာ စစ်တာအတော်ကြာတယ်၊ ည ၁ နာရီမှ ပြန်လွတ်တာ။ ဒါတောင် ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ပြန်ထုတ်လို့။ ဖုန်းကိုတော့ CID က…
-

Two Worlds One Wish
Two Worlds One Wish (2025 ) အချိန်အားဖြင့် ၂၀၀၀ခုနှစ် နှစ်သစ်ကူးညတစ်ည ကလေးဘဝအရွယ်တုန်းက ဆေးရုံတစ်မှာတွေ့ဆုံခဲ့ကြတဲ့ ဂျန် နဲ့ ဘစ်ဂဲလ်တို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ခုအစပြုရာကနေ အဆုံးသတ်ရောက်တော့လည်း ဆေးရုံမှာပဲ ပူဆွေးဝမ်းနည်းစွာအပြီးသတ်ခဲ့ရပါတယ်။ နတ်သမီးပုံပြင်တွေ/အံ့ဖွယ်ဖြစ်ရပ်တွေကိုအယုံအကြည်မရှိတဲ့ ဂျန်ကို ယုံကြည်လာအောင် ဘစ်ဂဲလ်ကပဲ မီးမွှေးပေးခဲ့ပါတယ်။ ဘစ်ဂဲလ်ရဲ့ကောင်းမှုကြောင့် ရှေးဟောင်းသုတေသနပညာရှင်ဖြစ်လာခဲ့တဲ့ ဂျန်ဟာ ” Amphora ” ဆိုတဲရှေဟောင်းအိုးခွက်တစ်မျိုးကိုရှာတွေ့ခဲ့ရာနေစတင်လို့ ယုံကြည်ရတဲ့သူငယ်ချင်းဖြစ်သူရဲ့ ချောက်ချမှုကြောင့်သေခြင်းနဲ့ရှင်ခြင်းအကြားမှာဒွန်တွဲနေရင်းနဲ့ပဲ မရဏပေါင်းကူးတံတားမှတစ်ဆင့် ဘစ်ဂဲလ်နဲ့တစ်ဖန်ထူးဆန်းစွာထပ်မံချည်နှောင်မိခဲ့ပါတယ်။ တင်းကြပ်စွာ ချည်နှောင်ရစ်ပတ်နေတဲ့ကြိုးကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဖြေလျှော့ဖို့ ကြိုးစားကြမလဲဆိုတာကိုတော့ Romance / supernatural / melo / comedy စသဖြင့်ရသစုံလင်စွာ ကြည့်ရှုခံစားနိုင်မယ့် တူရကီရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်။