Category: News

  • နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်

    နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်

    တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုက ကျေးရွာတစ်ခုမှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြုကျင့်ခံရသူရဲ့ မိသားစုဝင်တွေစီက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီဝန်းကျင်မှာ လွေးအီ(အမည်လွှဲ)တို့ရဲ့ နေအိမ်မှာ ရပ်ရွာအစည်းအဝေးပြုလုပ်နေစဥ် နေအိမ်အ​ပေါ်ထပ်ရှိ အိပ်ခန်းမှာ အိပ်ပျော်နေတဲ့ လွေးအီကို အောင်ကျိုးဆိုသူက အဓမ္မပြုကျင့်ခဲ့တယ်လို့ လွေးအီရဲ့ မိခင်ဖြစ်သူက ပြောပြပါတယ်။ “ကျမတို့က သိန္နီဘက်မှာနေတာလေ။ သိန္နီမှာ ကျောင်းမဖွင့်တော့ ကျမသမီးတွေ ကျောင်းတက်လို့ရအောင်ဆိုပြီး သူ့အဖိုးတို့စီလာထားတာပေါ့။ အဲနေ့က သူ့အဖိုးရဲ့ အိမ်အောက်ထပ်မှာ အစည်းအဝေးလုပ်ကြတာတဲ့။ သူ့အဖွားက ဟင်းခဏစောအုံးမယ်ဆိုပြီး သူတို့ညီအစ်မနှစ်ယောက်ကို အရင်တက်အိပ်ခိုင်းတာ။ ကလေးတွေက အိပ်ပျော်နေပြီလေ။…

  • သင်္ကြန်စာက ပြောတဲ့ကြောက်စရာ ၂၀၂၆ ခုနှစ်

    သင်္ကြန်စာက ပြောတဲ့ကြောက်စရာ ၂၀၂၆ ခုနှစ်

    မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် အတွက် မဟာသင်္ကြန်စာဟောစာတမ်းကြီးကို ပရိသတ်တွေအတွက် တင်ဆက်လိုက်ပါတယ်။ Photo by Nandar Win

  • တပ်သားသစ်အင်အားတစ်သိန်းနီးပါးစစ်ကောင်စီတပ်စုဆောင်းရရှိ

    တပ်သားသစ်အင်အားတစ်သိန်းနီးပါးစစ်ကောင်စီတပ်စုဆောင်းရရှိ

    စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်း သင်တန်းကာလတွေကို တိုးမြှင့်လေ့ကျင့်ပေးလာနေပြီး စစ်သင်တန်းကျောင်းနေရာတွေကိုလည်းတိုးချဲ့ဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)ကဒီနေ့ ( ဒီဇင်ဘာ ၁၆ ရက် )မှာ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ ခြေလျင်တိုက်ခိုက်ရေးအင်အားတွေ ဖြည့်တင်းလာနိုင်ပြီးနောက် တပ်သားအင်အား အပူတပြင်းလိုအပ်ချက် လျော့ကျလာနိုင်တာနဲ့အမျှ စစ်မှုထမ်း သင်တန်းကာလတွေကို အရင်လျာထားချက်ထက် တိုးမြှင့်လေ့ကျင့်ပေးလာတယ်လို့ MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ယခင်ကစစ်သင်တန်းကာလကိုရက်သတ္တပတ်၁၂ ပတ်(သုံးလ ) သတ်မှတ်ပြီး ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁) ကနေ (၁၃ )အထိ သင်တန်းပေးခဲ့ပါတယ်။ ဒါပေမယ့် အပတ်စဉ် (၁၄) ကစပြီး စစ်သင်တန်းကာလကို ၁၄ ပတ်အထိ တိုးမြှင့် လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။ “ဒီလိုမျိုး ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို တိုးမြှင့်လေ့ကျင့်ပေးလာခြင်းဟာသူတို့(စစ်ကောင်စီတပ်)စစ်မှုထမ်းအင်အား အပူတပြင်းလိုအပ် ချက်တွေ လျော့ကျလာနေတယ်…

  • မြောက်ဦးဆေးရုံဗုံးကြဲပြီးနောက် စစ်အုပ်စုရဲ့လူမျိုးရေးမုန်းတီးလှုံ့ဆော်လမ်းလွှဲနေမှုအပေါ် ​တော်လှန်​ရေးအင်အားစုတွေ သတိပေး

    မြောက်ဦးဆေးရုံဗုံးကြဲပြီးနောက် စစ်အုပ်စုရဲ့လူမျိုးရေးမုန်းတီးလှုံ့ဆော်လမ်းလွှဲနေမှုအပေါ် ​တော်လှန်​ရေးအင်အားစုတွေ သတိပေး

    “ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်” -ဦးမင်းကိုနိုင် အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအားသတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်သောစစ်ရာဇဝတ်မှုဖြစ်ကြောင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၄၅ ဖွဲ့က စုပေါင်းထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော်လမ်းလွှဲနေခြင်းအား သတိပြုကြရမယ်လို့ သတိပေးထားပါတယ်။ စစ်ကောင်စီက မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်နဲ့ပတ်သက်ပြီး ​တော်လှန်​ရေးအင်အားစု​တွေဖြစ်တဲ့ ဦးမင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲအစည်း စုစုပေါင်း ၄၅ဖွဲ့ပါဝင်တဲ့ တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိင်းရေးအင်အားစု(GSCB)က ဒီကနေ့ည ဒီဇင်ဘာ ၁၆ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ စစ်ရာဇဝတ်မှုကျူးလွန်တရားခံ စစ်ခေါင်းဆောင်တွေအား တညီတညွတ်တည်း တော်လှန်နေကြသူသွေးချင်းတွေဖြစ်လို့ ဘယ်သူထိခိုက်နစ်သည်ဖြစ်စေ အတူခံစားနာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို သန္နိဌာန်ပြုကြောင်းလည်း တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်မှာ ဖော်ပြထားပါတယ်။…

  • စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးဆိုတဲ့ သက်သက်ခိုင်

    စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးဆိုတဲ့ သက်သက်ခိုင်

    စစ်တပ်က ဒိုင်လူကြီးအလုပ်မလုပ်ဘဲ လူလွှတ်ဝင်ပြိုင်နေလို့ ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိ မပြောနိုင်ဘူးလို့ အတုအယောင်ရွေးကောက်ပွဲ ဝင်မပြိုင်ရတဲ့ သက်သက်ခိုင် ထုတ်ပြောလာ စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးလို့ဆို ” ဒိုင်လူကြီး လုပ်နေတဲ့နေရာမှာ ဒိုင်လိုပဲ မနေဘဲနဲ့ ဒိုင်လိုလည်း နေတယ်၊ ပြီးလို့ရှိရင် ကိုယ့်လူတွေကိုလည်း နိုင်ငံရေးပါတီတစ်ခု အင်အားကြီးပါတီတစ်ခုကို ပို့လွှတ်ပြီးတော့မှ အပြိုင် ဝင်လည်း ပြိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခုလို မေးခွန်းထုတ်စရာတွေ ဖြစ်သွားတယ်” စစ်အုပ်စုကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ဟာ ဒိုင်လူကြီးနေရာမှာ နေတာတင်မကဘဲ ရွေးကောက်ပွဲကိုပါ လူလွှတ်ယှဉ်ပြိုင်ခိုင်းနေတာကြောင့် ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ မပြောနိုင်သေးဘဲ ပွဲပြီးတဲ့အထိ စောင့်ကြည့်ရမယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်က ပြောကြားလိုက်ပါတယ်။ စစ်အုပ်စုလက်အောက်မှာ မှတ်ပုံတင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပြည်တွင်းမီဒီယာတစ်ခုနဲ့…