Category: News
-

ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ
ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ (ထင်တောင် မထင်ထားဘူး) ဗရော်နီကာရေ လူတိုင်းဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားကို မင်းမေ့သွားပြီလား မင်းဟာ ကြိုးဝိုင်းထဲမှာ တိုက်ခိုက်တာ လိမ္မာ ပါးနပ်သလောက် အပြင်လောကမှာ မပါးနပ်ဘူးဆိုတာ အခု မင်းပြောတဲ့စကားက သက်သေပါပဲ။ ထူးချွန်တဲ့သူကို မြန်မာ ပရိသတ်က ရင်ထဲ အသည်းထဲက ပုံအော အားပေးလေ့ ရှိပါတယ်။ ကိုယ်ချင်းစာစိတ်လေးတော့ ရှိပါ ဗရော်နီကာရေ။ ပရိသတ်ရဲ့ သစ္စာ မဆူးပါစေနဲ့လို့ ဆုတောင်း ပေးလိုက်ပါတယ်။ နိူင်ငံရေးကို စိတ်ဝင်စားလား မဝင်စားလားဆိုတာ အဖြေပေးလိုက်တာက ဗရော်နီကာ မိထော်ကို မသိဘူးတဲ့ နိူင်ငံနဲ့ ပြည်သူ ကို စိတ်ဝင်စားလား မဝင်စားဘူးလာဆိုတာ ဒီမှာ အဖြေပဲ။ ဒါဆို ဗရော်နီကာက…
-

ရန်ကုန်တွင် ရွေးကောက်ပွဲနားနီးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များဖမ်းဆီးမှုကို အရှိန်မြှင့်နေ
ရန်ကုန်မြို့တွင် တရားမဝင် ရွေးကောက်ပွဲနားနီးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များ ဖမ်းဆီးမှုကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။ ယခင်က ရပ်ကွက်များအတွင်း ညဘက် ကင်းလှည့်ခြင်းကို ရဲတပ်ဖွဲ့က ပုံမှန် လုပ်ဆောင်လေ့မရှိ သော်လည်း ယခုအခါ ညစဉ် ကင်းလှည့်ကာ လမ်းမပေါ်နှင့် လမ်းမနံဘေးရှိ လူငယ်များအား ဖမ်းဆီးနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။ “ဘယ်လောက်ထိ ဖမ်းမိသလဲဆိုတဲ့ စာရင်းကတော့ မရှိဘူး။ဘာလို့လဲဆိုတော့ အားလုံးက စာ ရင်းပျောက်ချည်းပဲ။ ဖမ်းမိရင် ငွေညှစ်တယ်။ငွေမပေးနိုင်ရင် စစ်မှုထမ်းထဲ ရောင်းစားတယ်ဆိုတော့ ဘာစာရင်းမှ မရှိဘူး”ဟု ၎င်းက ပြောသည်။ ဖမ်းဆီးမိသော လူငယ်များကို စစ်မှုထမ်းထဲသို့ ရောင်းစားပါက ၁၀သိန်းမှ ၁၅သိန်းအထိ ရရှိနေသော ကြောင့် ရန်ကုန်တွင် စစ်တပ်၊ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်နှင့်ချိတ်ဆက်လုပ်စားနေသော ပျူစောထီးနှင့် လူရောင်းစားဂိုဏ်းတို့က ကိုယ့်နည်းကိုယ့်ဟန်ဖြင့်…
-

အောင်မြင်မှုအတွက် ကု-တ-င်ပေါ်ထိုးအ-ပ်ခဲ့ကြသော မြန်မာ့နာမည်ကြီးအ-လှ-မယ်/မင်းသမီးများ
အောင်မြင်မှုအတွက် ကု-တ-င်ပေါ်ထိုးအ-ပ်ခဲ့ကြသော မြန်မာ့နာမည်ကြီးအ-လှ-မယ်/မင်းသမီးများ အရင်ခေတ်အခါတုန်းက မင်းသမီးတစ်ယောက်ဖြစ်ဖို့ အောင်မြင်ကျော်ကြားလာဖို့ဆိုတာ ဒီနေ့ခေတ်လို မလွယ်ကူခဲ့ပါဘူး။ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်တွေ မကြွယ်ဝသေးတဲ့ ခေတ်ထဲမှာ ဝုန်းခနဲ နေရာရဖို့အတွက်ဆို စ-ပွန်-ဆာရှာပြီး ပြေးကပ်မှအလုပ်ဖြစ်တာပါ။ ဒါကြောင့် အောင်မြင်မှုကိုမွတ်သိပ်နေတဲ့ တစ်ချို့သောမင်းသမီးတွေဟာ လှေကားထစ်အဖြစ် ခရိုနီကြီးတွေလက်ထဲမှာ သူတို့ဘဝကို ပုံအပ်ခဲ့ကြပါတယ်။ ပြောရတာမကောင်းပေမယ့် ဘယ်မင်းသမီးတွေက ခရိုနီကြီးတွေနဲ့ ဘယ်လောက်ထိ ပူးကပ်ခဲ့ကြသလဲဆိုတာကို ဒီကနေ့ရဲ့ ဗီဒီယိုလေးမှာ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ (၁) ရွှေအိမ်စည် ရွှေအိမ်စည်လို့ပြောလိုက်တာနဲ့ အေးနေဝင်းကို အားလုံးပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ အေးနေဝင်းဆိုတာကတော့ မြန်မာ့အကြီးစား ခရိုနီကြီးအဖြစ် နာမည်ကျော်ကြားလွန်းတဲ့ နေဝင်းရဲ့မြေးဖြစ်ပြီး လက်ရှိမှာလည်း မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်ချမ်းသာနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့နားရွက်ပျောက်အောင် အဝလွန်တဲ့ရုပ်ရည်ကြောင့် ပရိသတ်ကြားမှာ လူသိများပြီး ပြည်သူလူထုက မမြင်ချင်မကြားချင်အောင် မြင်ပြင်းကတ်ကြတဲ့…
-

ရွှေဘိုမြို့ထဲဝင်ပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြဖို့ နှိုးဆော်
တော်လှန်ရေးရဲဘော်တွေ ရွှေဘိုမြို့ထဲဝင်ပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြဖို့ နှိုးဆော် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အတွင်း တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်သွားကြောင်း သတင်းရရှိပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁၂နာရီခန့်က ရွှေဘိုမြို့ပေါ်က အဝေးပြေးကားကြီးဝင်းထိပ်တံတားပေါ်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရုပ်ထုရှေ့၊ အလက(၁)ကျောင်းမျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့နဲ့ ရွှေဘို-ရေဦး လမ်းထိပ်နေရာတွေမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဗီနိုင်းတွေ ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်တွေ မျှဝေခြင်း၊ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကဗျာတွေ ရွတ်ဖတ်ပြီး နှိုးဆော်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO)၊ တိုက်နယ် ပကဖအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရွှေဘိုမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ တော်လှန်ရေးရဲဘော်တွေဟာ မြို့ပေါ်လူစည်ကားတဲ့နေရာတွေအထိ တက်ရောက်လှုံ့ဆော်ခဲ့တာဖြစ်ကြောင်း ရွှေဘိုပကဖအဖွဲ့က အသိပေးပါတယ်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးရဲဘော်တွေ ထွက်ခွာသွားပြီးမှ ရောက်ရှိလာပြီး အော်ဟစ်…
-

ဘဝ ဘဝ
ဒရယ်ဖို ရဲတပ်ဖွဲ့စခန်း ။ အိုဟောင်းတဲ့ အဆောက်အဦးလေးသည် ခြောက်သွေ့တဲ့ မြေနီနီလမ်းကလေး နံဘေးမှာ ရှိနေသည်။ နွေရာသီရဲ့ တစ်ခုသော နေ့လည်ခင်း …။ အညာနွေက ပူလွန်းသည် ..။ ဖုံထူထူလမ်းမပေါ်မှာ လှည်းတစ်စီး ဖြတ်မောင်းသွားလို့ ဖုံလုံးကြီး လှိမ့်ဝင်လာသည် ။ တကျွီကျွီ အသံနဲ့ တဟဲ့ဟဲ့ နွားမောင်းသံကို ကြားနေရသည် ။ စခန်းမှူး ဆန်းဦး အလုပ်စားပွဲမှာ အိပ်ငိုက်နေသည်။ ပူလွန်းလို့ စွပ်ကြယ်လက်ပြတ်နဲ့ အောက်က ယူနီဖောင်း ကာကီဘောင်းဘီနဲ့ ..။ ညှပ်ဖိနပ်နဲ့ ..။ သူ့နံဘေးက ဟောင်းနွမ်းနေတဲ့ ပန်ကာကြီးက ကလစ်ကလစ် မြည်ပြီး လည်နေသည် ..။ ညက အသုဘအိမ်မှာ သူ ဖဲရိုက်လို့ အိပ်ရေးက မ၀။ သေတဲ့ ဦးသိန်းထူးက…