Category: News
-

သေဆုံးသွားသူတို့၏အမည်များ မဲစာရင်းတွင် ပါနေကြောင်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပြော
နေပြည်တော်တွင် မဲဆွယ်နေသော ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှဆွေက လပိုင်းအတွင်းကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်း မှားယွင်းနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု အောက်တိုဘာ ၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။ “ဥပမာ… မင်္ဂလာဒီပလို ရပ်ကွက်မျိုးမှာဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မပါဘူးဗျာ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရဲ့မိသားစုက မဲစာရင်းမပါဘူး။ ကျန်တဲ့လူတွေပြောမနေနဲ့။ အဲဒီလိုတွေဖြစ်တယ်။ သေသွားတဲ့သူတွေ ပြန်ပါနေတာရှိတယ်။ နောက်တခါ အပြီးပြောင်းသွားတဲ့သူတွေ။ အဲ့ဒီလူတွေလည်း ပြန်ပါနေ တယ်” ဟု သူက အွန်လိုင်းတွင် ရုပ်သံရိုက်ကူးထုတ်လွှင့်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ကွာတာက တော်တော် ကွာတာ။ ၅၀၀ မှာ ၃၀၀ လောက် ကွာနေတာ၊ ဒါက သိပ်မကောင်းဘူး” မဲစာရင်းမှားယွင်းမှုနှင့် ကျင့်သားရနေသော မြန်မာနိုင်ငံတွင် စစ်တပ်က ထိုစာရင်း အကြောင်းပြ အာဏာသိမ်းထားစဉ် ပေါ်ထွက်လာသော ဦးလှဆွေ၏…
-

နတ်ရေကန်ဗျူဟာစခန်း ပိတ်ဆို့ခံထားရ၍ စစ်ကော်မရှင်တပ်က အနီးအနားကျေးရွာများကို မီးရှို့၊
လေကြောင်းမှအပြင်းအထန်တိုက်ခိုက််နေပြီး တိုက်ပွဲပြင်းထန်နေ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာစခန်း ပိတ်ဆို့တိုက်ခိုက်ခံနေရသည့်အတွက် စစ်ကော်မရှင် က စခန်းအနီး ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂုတ်ကြီးထောက်ပို့စခန်းကို အာရက္ခတပ်တော် (AA) ကသိမ်းယူပြီး နတ်ရေကန်စခန်းကိုပါ ပိတ်ဆို့ ထားသည့်အတွက် စစ်ကော်မရှင်တပ်က ဂုတ်ကြီးအနီးရှိ မြေလပ်ရွာကို ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ”ဂုတ်ကြီး စခန်းအသိမ်းခံရပြီး နတ်ရေကန်စခန်းပါ ပိတ်ဆို့ခံထားရတော့ လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲတယ်။ ဒရုန်းဗုံးတွေလည်း အကြိုက်သုံးပြီး စစ်တပ်ကခုခံနေတယ်” ဟု ပဒါန်းစစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ထို့အပြင် ယနေ့ အောက်တိုဘာ ၅ရက်နေ့အထိ ဂုတ်ကြီးကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲအပြင်း…
-

အိန္ဒိယပြည်နယ်တွေမှာ ကလေးတွေသေဆုံးမှုနဲ့ ဆက်စပ်နေတဲ့ ချောင်းဆိုးပျောက်ဆေးတစ်မျိုးကို ပိတ်ပင်
အိန္ဒိယနိုင်ငံမှာ ကလေးငယ်တော်တော်များများ ချောင်းဆိုးပျောက်ဆေးတစ်မျိုး သောက်ပြီးနောက် သေဆုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတာကြောင့် ပြည်နယ်သုံးခုထက်မနည်းမှာ ချောင်းဆိုးပျောက်ဆေးတစ်မျိုး ရောင်းချခွင့် ပိတ်ပင်လိုက်ပြီလို့ ဒေသအာဏာပိုင်တွေနဲ့ သတင်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းကစလို့ မက်ဒယားပရာဒေ့ရှ်နဲ့ ရာဂျစ်စသန်ပြည်နယ်တွေမှာ အသက်ငါးနှစ်အောက် ကလေးငယ် ကိုးဦးထက်မနည်း သေဆုံးခဲ့မှုတွေဟာ ဆရာဝန်ညွှန်ကြားချက်နဲ့ တိုက်ခဲ့တဲ့ ချောင်းဆိုးပျောက်ဆေးနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။ ကလေးတွေ သောက်မိခဲ့တဲ့ ဆေးရည်နမူနာတွေယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်တဲ့အခါမှာ Diethylene Glycol (DEG) လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာလ ၄ ရက်၊ မနေ့က အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒီဓာတုပစ္စည်းဟာ စက်မှုလုပ်ငန်းသုံးပျော်ရည် (Solvents) တွေမှာ သုံးတာဖြစ်ပြီး နည်းနည်းပါးပါး သောက်မိရင်တောင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ…
-

နေ့ပြန်တိုးမပေးနိုင်သဖြင့် နေပြည်တော်တွင် အဘွားအို ၁ ဦး ရေထဲခုန်ချ သတ်သေ
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှာ အောက်တိုဘာ ၂ ရက်က အသက် ၆၀ အရွယ် အမျိုးသမီးကြီးဟာ နေ့ပြန်တိုးမပေးနိုင်လို့ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ မြို့ခံတွေဆီက သိရပါ တယ်။ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက် ဓမ္မရိပ်သာနားမှာနေတဲ့ အသက် ၆၀ အရွယ် ဒေါ်ခင်ဌေး ဟာ ယူထားတဲ့ နေ့ပြန်တိုးတွေတက်ပြီး ၁၅ သိန်းလောက်ဖြစ်သွားတာကြောင့် ပြန်မဆပ်နိုင်တဲ့အဆုံး စာတစောင်ရေးပြီး သတ်သေသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ယူထားတာက ၆ သိန်း၊ ၇ သိန်း တလုံးတည်း ယူတာမဟုတ်ဘူး။ နည်းနည်းချင်းယူတာ။ အဲဒါကို နေ့ပြန်တိုးနဲ့တွက်လိုက်တာ ၁၅ သိန်းလောက် ဖြစ်သွားတယ်။ မိသားစုလည်း မရှိတော့ သူ့အတွက် ဖိအားအရမ်းများပြီး အကြွေးသမားကလည်း ဖိနင်းကန်တောင်းနေတော့ မလုပ်သင့်တာကို လုပ်သွားတာ။…
-

ရွေးကော်ကို ဒဲ့ဖြုတ်လိုက်တဲ့ ဘူးလက် (ရုပ်သံ)
အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း မိသားစုတို့ မဲစာရင်းမပါတဲ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှားယွင်းနေတယ်လို့ ဘူးလက်လှဆွေပြော ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘူးလက်လှဆွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှားယွင်းနေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုလာပါတယ်။ ရုပ်သံ- ဘူးလက်လှဆွေ