Category: News
-

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး သေဆုံးစစ်သားတချို့ကိုလည်း တပ်ရင်းအနီးတွင်ပင် မြေမြှုပ်သဂြိုလ် ထားကြောင်း ပဲခူးခရိုင် ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ အောက်တိုဘာလ ၂ ရက်နေ့ ရွှေကျင်မြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆင်ရွာ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ အလားတူ ယင်းတပ်ရင်းစခန်းကို နေ့စဉ်နီး ပါး လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သေဆုံးထိခိုက်မှုရှိပြီး သေဆုံးစစ်သားတချို့ကို တပ်ရင်းအနီးတွင် မြေမြှုပ်ပစ်ကြောင်း သိရသည်။ “အောက်တိုဘာလ ၂…
-
လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့ မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု
လွန်ခဲ့တဲ့ ၁၀ နှစ်ကပြေတီဦးရုပ်သံအဟောင်းနဲ့ မဲစာရင်းလာစစ်ဖို့ ပုံမှားရိုက်လွှင့်နေတဲ့စစ်အုပ်စု အောက်တိုဘာလ ၃ ရက် ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး လွန်ခဲ့တဲ့ ဆယ်နှစ်က ရိုက်ကူးပေးထားတဲ့ မဲစာရင်းစစ်ဖို့ ရုပ်မြင်သံကြားဇာတ်လမ်းတိုကို အာဏာသိမ်းစစ်အုပ်စုက အခုမှ ရိုက်ထားသယောင် ပုံမှားရိုက်ပြီး MRTV ကနေ ထုတ်လွှင့်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ထောင်မင်းသား နှင့်တွေ့ဆုံခြင်းလို့ အမည်ပေးထားတဲ့ အဲဒီရုပ်သံဇာတ်လမ်းတိုမှာ မဲစာရင်းသွားကြည့်ကြဖို့ ပြေတီဦးက တိုက်တွန်းပေးထားတာကို တွေ့ရပါတယ်။ အာဏာသိမ်းကာလအစောပိုင်းမှာ ဆန္ဒပြခဲ့လို့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဇနီးမောင်နှံနှစ်ဦးလုံး ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန်ချန်နယ်တွေက သူတို့ဇနီးမောင်နှံကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကပ်နေပေမယ့် ပြည်သူအများစုက မကြည့်ကြတဲ့အချိန်မှာ ဒီရုပ်သံကို MRTV ကထုတ်လွှင့်လာတာဖြစ်ပါတယ် ။ စစ်တပ်ရွေးကောက်ပွဲကိုအယုံအကြည်မရှိသလို စိတ်မဝင်းစားလို့…
-
သီတင်းကျွတ်ပွဲတော်အတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီမိုလီ မိုးညို တို့ရောက်ရှိလာ
သီတင်းကျွတ်ပွဲတော်အတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီမိုလီ မိုးညို တို့ရောက်ရှိလာ 3.10.2025 ၊ဂန့်ဂေါ မကြာခင်ကျရောက်တော့မယ့် သီတင်းကျွတ်ပွဲတော်အတွက်ဟုဆိုကာ ဖျော်ဖြေပွဲအတွက် ဂန့်ဂေါမြို့ကို ဆယ်လီ ဖြူဖြူထွေးနဲ့ တိုလီ မိုလီ မိုးညိုတို့ ၂ ဦးဟာ ယနေ့ညနေ ၃ နာရီခန့်က စစ်ရဟတ်ယာဥ်တစ်စီးဖြင့်ရောက်ရှိလာကြတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ရွေးကောက်ပွဲအတွက်ပါ အကြိုစည်းရုံးရေး ပြုလုပ်ရန်ကိုလည်း ရည်ရွယ်ပြီးယခုလို နာမည်ကြီး တစ်တော့စ် ဆယ်လီတွေကို ခလရ ၅၀ တပ်ကနေခေါ်ယူငှားရမ်းတာဖြစ်ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ အဆိုပါ သီးတင်းကျွတ်ပွဲတော်ဖျော်ဖြေပွဲ နဲ့ ရွေးကောက်ပွဲ တွေအတွက် ဒေသခံပြည်သူ့ တော်လှ-န်ရေး အင်အားစုများက ပွဲတော်မှာ ပါဝင်သူများရဲ့ အသ-က် အ-န္တရာယ်ဘေးးကင်းးရေးကို အာမ မ-ခံ-နိုင်ဘူးလို့ ပြောဆိုထားကြောင်းသိရပါတယ်။ @မင်းဒဿ ယောအလင်းတန်း
-
မြန်မာမူဆလင် ပီ ဒီ အက်ပ် ပူပေါင်းအဖွဲ့လက်တွဲညီနေပြီ …
တော်လှန်ရေးမှာ ပြည်သူနဲ့အတူ မြန်မာမူဆလင်လူငယ် PDF တွေ တက်ကြွစွာပါဝင်နေတယ်ဆိုတာ သိရှိသူနည်းပါးလို့ ဒီပို့စ်နဲ့ မက်ဆေ့ပေးပါတယ်။ #VideoCreditToOwner
-
မန္တလေးမှာ ဆန္ဒပြပွဲဖမ်းဖို့လာတဲ့ စစ်အုပ်စု မြို့နယ်မှားပြီး ရောက်သွား
မန္တလေးမှာ ဆန္ဒပြပွဲဖမ်းဖို့လာတဲ့ စစ်အုပ်စု မြို့နယ်မှားပြီး ရောက်သွား အောက်တိုဘာ-၃၊၂၀၂၅၊ရှိန်း/People’s Spring မန္တလေးမြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ စစ်အုပ်စုကကြိုးပမ်းပေမယ့် မြို့နယ်မှားပြီး ရောက်သွားခဲ့တယ်လို့ မြို့ခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်မှာ မန္တလေးမြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြတဲ့ လှုံ့ ဆော်စာ တွေကြဲတာနဲ့ ဆန္ဒထုတ် ဖော်တာကို မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာ မန္တလေးသပိတ် ကော်မတီကပြုလုပ်ခဲ့တာပါ။ ဆန္ဒပြပွဲကို အဲဒီနေ့မှာပဲ စစ်အုပ်စုက သတင်းရပြီး ဖမ်းဆီးဖို့ပြုလုပ်ခဲ့ပေမယ့် ချမ်းအေးသာစံမြို့နယ်လို့ သတင်းရပြီး လမ်း၆၀၊လမ်း၃၀ ထောင့်ကို စစ်ကားတွေ အစုလိုက်၊အပြုံလိုက် ရောက်လာတယ်လို့ မြို့ခံ တွေကပြောပါတယ်။ “ကောင်လေးတယောက်နဲ့ ကောင်မလေးတ ယောက်ဆိုင်ကယ်နဲ့ ဆိုပြီး လာရှာတာ။တယောက်မှ မမိဘူး”လို့ မြို့ခံတဦး ကပြောပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆန့်ကျင်ဖို့အတွက်…