Category: News
-

စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော
စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော စစ်တပ်က အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်ကာကွယ်မည် စစ်တပ်နှင့်နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD ပါတီက မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ဆောင်ခဲ့ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ မကွေးမြို့၊ မကွေးတပ်နယ်တွင် ပြုလုပ်သော စစ်တပ်အသိုင်းအ၀ိုင်းနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ စစ်တပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်ကို ဝင်ရောက် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့်နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုသည့် အတိုက်အခံပါတီများအနေဖြင့်…
-

ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်
ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၅ ရက်ဆက် ၆၀ မမ ဗုံး ၄၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Federal Revolution Force-FRF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၇ရက်နေ့အထိ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာတစ်ရွာတွင် အင်အား ၈၀ ခန့်ဖြင့် အထိုင်ကျ တပ်စွဲထားစဉ် KNDO ပူပေါင်းအဖွဲ့များ…
-

ပြည်သူကိုမျက်နှာမူလို့ရွေးကောက်ပွဲဝင်ပြိုင်တာလို့ပြည်သူ့ပါတီဆို
“ရုံးခန်းဖွင့်သွားတာတောင် မသိလိုက်ပါဘူး။ ဘိုကလေးက အဲ့လောက်လည်း ကျယ်တာမဟုတ်ပေမယ့် သူတို့ကို စိတ်မဝင်စားကြလို့ဖြစ်မယ် သတင်းမသိလိုက်ဘူး။ ကျွန်တော်ကတော့ဗျာ မျက်မှန်စိမ်းနဲ့ကြည့်တယ်ပြောပြော ဒီရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက ဒါက ပြည်သူကို မျက်နှာမူတာ မဟုတ် တော့ဘူးလို့ပဲ မြင်ပါတယ်”လို့ လူမှုကူညီရေး တက် ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။ ပြည်သူ့ပါတီက ပြည်သူကိုမျက်နှာမူတဲ့ပါတီဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးကိုကိုကြီးက ဩဂုတ်လ ၁၇ ရက်နေ့က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပါတီရုံးခန်းဖွင့်လှစ်ပွဲမှာ ပြောခဲ့တယ် လို့ ဒေသခံတွေကတဆင့် သိရပါတယ်။ “သူနဲ့ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ နိုင်ငံရေး ဖြတ် သန်းမှုတွေကိုပြောတယ်။ သူတို့က ပြည်သူကို မျက်နှာမူလို့သာ ဒီလမ်းကို(ရွေးကောက်ပွဲဝင်ပြိုင်ဖို့)ရွေးချယ်တာဖြစ်ကြောင်းပြောတယ်။ သူတို့က ပြည်သူကို ပျက်ဆီးအောင်မလုပ်ဘူးပေါ့ အဲ့ဒါမျိုးတွေလည်း ပြောတယ်”လို့ ဒေသခံတဦးက ဆိုပါတယ်။ ဒီဒေသခံဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD…
-

ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်
ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ၊ စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံး (ရုပ်/သံ) ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် ၊ ဘော်ဒါကျေးရွာရှိ စစ်စခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ စခန်း ၂ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောဆိုသည်။ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၂၀…