Category: News

  • လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေ

    လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေ

    မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေပြီး အသာတကြည် မထွက်သွားလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် အမိန့်ဖြင့် အကြမ်း ဖက် စစ်တပ်က အတင်းအဓမ္မ ဖယ်ရှားခိုင်းနေပြီး အသာတကြည် ထွက်ခွာခြင်း မရှိလျှင် ပစ်ခတ်မည်ဟု ပြည်သူများကို ခြိမ်းခြောက်ပြောဆိုလာကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို စစ်တပ်က ဇန်နဝါရီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရန်၊ ကျူးကျော်နေအိမ်များဖြစ်၍ အမြန်ဆုံး ဖယ်ရှားကြရန် ခြိမ်းခြောက် အကြောင်းကြားစာများ လိုက်လံပေးပို့လျက်ရှိကြောင်း၊ ထိုသို့ အကြောင်းကြားစာများ လိုက်လံပေးပို့စဉ် စစ်တပ်က ပြည်သူများအနေဖြင့် နေအိမ်များမှ အသာတကြည် ထွက်ခွာခြင်းမရှိလျှင် ပစ်ခတ်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသော နေအိမ်များမှာ လွန်ခဲ့သော ၈ နှစ်ကပင် မြေပိုင်ရှင် အဆင့်ဆင့်ထံမှ လွှဲပြောင်း ရောင်းဝယ်ယူထားသော နေအိမ်များဖြစ်ပြီး နေထိုင်သူများမှာ ဆင်းရဲနွမ်းပါးသော လက်လုပ်လက်စားများဖြစ်ကြောင်း၊ အတင်းအကျပ် စစ်တပ်က ခြိမ်းခြောက် ပြောင်းခိုင်းနေသည့်အတွက် ရပ်ကွက်နေ ပြည်သူများမှာ မည်သည့်နေရာကို ပြောင်းရွှေ့ရမည်ကို မသိရှိကြဘဲ ငိုယို ထိတ်လန့်စိုးရိမ်နေကြကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း အသာ တကြည် မပြောင်းလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထား၍ ပြည်သူများ ကြောက်လန့်နေကြောင်း သိရှိရသည်။

    “မော်လမြိုင်မြို့ မြို့ရှောင်လမ်းက ပြည်သူပိုင် နေအိမ်တွေကိုအတင်း ဖယ်ရှားခိုင်းနေတယ်။ နယ်လုံဝန်ကြီး အမိန့်နဲ့ဆိုပြီး စစ်ခွေးအုပ်စုနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြည်သူတွေကို အကြပ်ကိုင် ခြိမ်းခြောက်ပြီး အတင်းဖယ်ခိုင်းနေတယ်။ အိမ်ခြေက ၅၀၀ နီးပါး ဝန်းကျင်ရှိတယ်။ ကျနော်တို့ အခေါ်ကျ အုတ်ဖိုရပ်ကွက်လို့ ခေါ်ပါတယ်။ သူတို့အမည်တပ်ထားတာက ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတာပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက အကွက်ရိုက်လို့ ပြည်သူတွေဝယ်ထားတာ မြေပိုင်ရှင်ကနေ မြေအရောင်းအဝယ်လုပ်တဲ့ သူတွေရောင်းတယ်။ အဲကနေ တဆင့်တဆင့် ဝယ်ကြတာ အဲမှာနေတဲ့ ပြည်သူတွေက အကုန်မရှိတဲ့သူတွေ စားဖို့တောင်မနည်းရုန်းကန်နေရတာ သူတို့မှာ ရှိစုမှတ်စုနဲ့ ဝယ်ထားကြတာ အကုန်စိတ်သောက ရောက်နေရှာတယ်။ အတင်းခြိမ်းခြောက်ပြီးတော့ စစ်ခွေးတွေက တခုခုဆို ပစ်မိန့်ပါ ပါတယ်ဆိုပြီး ပြောနေလို့ ပြည်သူတွေ ကြောက်လန့်နေကျပါတယ်။ တစ်ခုခု ရုန်းရင်းဆန်ခက်ဖြစ်ရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ပြည်သူ့နေအိမ်များ ဖျက်သိမ်းအမိန့် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက နေအိမ်များ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ပြည်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • စလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်၏ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ကယ်တင်ထားရ

    စလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်၏ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ကယ်တင်ထားရ

    မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို ကယ်တင်ထားကြောင်း ဒေါင်းညီနောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ သစ်ခေါက်တောင် စစ်တပ် ကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများက တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ခေါ်ယူကယ်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။

    “သစ်ခေါက်တောင် စစ်ခွေး ကင်းစခန်းအနီးက စစ်ခွေး တွေရဲ့ ရမ်းကားမှုကို ကြောက်လို့ တောတွင်းမှာ တိမ်းရှောင်နေရတဲ့ ပိတ်ဆည်ကျေးရွာက ပြည်သူတွေကို ကျနော်တို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မင်းဘူးခရိုင်အမှတ်၅တပ်ရင်းတို့ က ခေါ်ယူ ကယ်တင်နိုင်ခဲ့ပြီး ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။ နောက်ပြီး ကျနော်တို့ ဒေါင်းညီနောင် မြို့ပြ ပြောက်ကျား တပ်ဖွဲ့ အနေနဲ့လည်း စစ်ရေးအရှိန်မြှင့် လုပ်ဆောင်တော့မှာမို့ ပြည်သူများအနေဖြင့် သစ်ခေါက်တောင်ကင်းစခန်းနဲ့ ကံပြားရဲစခန်းအကြားမှာရှိတဲ့ ပုသိမ်-မုံရွာ ကား‌လမ်းပိုင်းကိုလည်း အသွားအလာ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ပိတ်ဆည်ကျေးရွာက စစ်ဘေးရှောင် ပြည်သူများအတွက် ကူညီမှုလေးတွေလည်း လိုပ်အပ်နေပါတယ်” ဟု ဒေါင်းညီနောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများကို ဒေါင်းညီနောင်မြို့ပြ ပြောက်ကျားတပ်ဖွဲ့နှင့် မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်း ကယ်တင်ထားခြင်းဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများ အတွက် စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

    လက်ရှိအချိန်တွင် ဒေါင်းညီနောင်မြို့ပြပြောက်ကျား တပ်ဖွဲ့က စစ်ရေး အရှိန်မြှင့် လုပ်ဆောင်တော့မည် ဖြစ်၍ ပြည်သူများအနေဖြင့် သစ်ခေါက်တောင် ကင်းစခန်းနှင့် ကံပြားရဲစခန်းအကြားရှိ ပုသိမ်-မုံရွာ ကား‌လမ်းပိုင်းကို အသွားအလာ မပြုလုပ်ကြရန် အသိပေးထားသည်။

  • မြဝတီကျားဖြန့်စစ်ဆင်ရေးအတွက် စစ်ကောင်စီနှင့်ဆွေးနွေးရန် ထိုင်းကြည်းတပ်အဆင့်မြင့်အရာရှိ နေပြည်တော်ရောက်နေ

    မြဝတီကျားဖြန့်စစ်ဆင်ရေးအတွက် စစ်ကောင်စီနှင့်ဆွေးနွေးရန် ထိုင်းကြည်းတပ်အဆင့်မြင့်အရာရှိ နေပြည်တော်ရောက်နေ

    နှစ်နိုင်ငံနယ်စပ်မှ လူကုန်ကူးနှင့်ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် ထိုင်းကြည်းတပ် အဆင့်မြင့်အရာရှိ နေပြည်တော်သို့ရောက်ရှိနေပြီး စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ယနေ့(ဇန်နဝါရီ ၂၁) တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ကြေညာသည်။

    ထိုင်းကြည်းတပ်စစ်ဆင်ရေးဌာန၊ အိမ်နီးချင်းနိုင်ငံများနှင့်ညှိနှိုင်းရေးတာဝန်ခံ ဗိုလ်ချုပ်ကြီး Direk Bongkarn သည် ဒုစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့စဉ် နယ်စပ်လူကုန်ကူးဂိုဏ်းများနှင့် ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် စစ်တပ်နှစ်ခုအကြားပူးပေါင်းနိုင်မည့် နည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီသတင်းကဆိုသည်။

    သို့သော်စစ်ဆင်ရေးအသေးစိတ်အချက်အလက်များအပါအဝင် မည်သည်သဘောတူညီချက်များ ရရှိခဲ့သည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

    ပြီးခဲ့သည့်သတင်းပတ်များအတွင်းက တရုတ်သရုပ်ဆောင်တစ်ဦး ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှ လူကုန်ကူးဂိုဏ်းများကို နှိမ်နှင်းရန် တရုတ်အစိုးရက စစ်ကောင်စီနှင့်ထိုင်းအစိုးရတို့ကို ဖိအားပေးခဲ့သည်။

    လွန်ခဲ့သည့်သတင်းပတ်အတွင်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို အမြစ်ဖြတ်မည်ဟု တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

    စစ်ကောင်စီကလည်း ကရင်ပြည်နယ် မြဝတီရှိ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း ကျားဖြန့်ဂိုဏ်းများရှိကြောင်း ယမန်နေ့ကသတင်းထုတ်ပြန်ချက်တွင် ဝန်ခံခဲ့ပြီး ထိုဂိုဏ်များလည်ပတ်ရန် လျှပ်စစ်နှင့် အင်တာနက်တို့ကို ထိုင်းနိုင်ငံဘက်က ထောက်ပံ့နေသည်ဟု တန်ပြန်စွပ်စွဲထားသည်။

  • စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်သံ)

    စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်သံ)

    ရေဖြူမြို့နယ်၊ နဘုလယ်ဆိပ်ကမ်းတွင် စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ၏ ဒရုန်း ၂ စီး အပါအဝင် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲပျက်စီး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဆိပ်ကမ်း၌ လက်နက်ခဲယမ်းများ စုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒရုန်း ၂ စီးအပါအဝင် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲပျက်စီးခဲ့ကြောင်း ဗထူးတပ်မတော် -BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီက ရေဖြူမြို့နယ် ၊ နဘုလယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှ နဘုယ်လယ်ရေနက်ဆိပ်ခန်းရှိ အကြမ်းဖက်အခြေစိုက် တပ်စခန်းသို့ လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ရေလမ်းကြောင်း မှတဆင့် Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ် နှင့် ခဲယမ်းအမြောက်အများ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

    ထိုသို့သယ်ဆောင်လာပြီးနောက် နဘုလယ်ဆိပ်ကမ်း၌ စုပုံထားကာ အခြေစိုက်စခန်းသို့ သယ်ဆောင် ရန် ကားစောင့်နေစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စုပုံ ထားသည့် လက်နက်ခဲယမ်းပုံအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ် နှင့် ခဲယမ်းအမြောက်အများ အားလုံး နီးပါး မီးလောင်ပေါက်ကွဲ၍ ပျက်စီးသွားကြောင်း သိရသည်။

    “သေဆုံးထိခိုက်မှုကတော့ မသိရသေးဘူး။ ဒရုန်းဗုံးသီး ကျတဲ့အချိန် အကုန်ထွက်ပြေးသွားတာ၊ ဆိပ်ကမ်းကိုရောက်ပြီး ကမ်းပေါ်မှာ လက်နက်ခဲယမ်းတွေ စုပုံထားတဲ့အချိန် ဗုံးသီးချခဲ့တာပါ၊ ဗုံးသီး ၃ လုံးချခဲ့တယ်၊ လက်ရှိတော့ အဲဒီစခတွေ နဘုလယ်ဆိပ်ကမ်းကနေ သူတို့ အခြေစိုက်တဲ့ စခန်းကို ရောက်သွားကြပြီ” ဟု ဗထူးတပ်မတော် -BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြော ကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် (BHA) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအား နိုင်ငံ၏ နေရာဒေသအသီးသီးတွင် အဓိက ထား အသုံးပြုတိုက်ခိုက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် မှ ကာကွယ်နိုင်ရန် အတွက် ကြိုတင်ပြင်မှုများ လုပ် ဆောင် ထားကြရန် အလေးအနက် တိုက်တွန်း ထားသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက် အောက် ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများ စွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဝင်ရောက်ကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

  • AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

    အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။

    ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့အနီးက ဘောမိရွာနဲ့ ကမ်းခြေကို AA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။

    ဒါ့အပြင် ရခိုင်-ဧရာဝတီအစပ်ဖြစ်တဲ့ နေရာတချို့နဲ့ ပွိုင့် ၃၆၉ ကုန်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ရွှေသောင်ယံကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ယာယီထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်းကနေ အင်အားဖြည့်တင်းပြီး ပြန်လည်တိုက်ခိုက်နိုင်တဲ့ အခြေအနေတွေရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

    “ဧရာဝတီက တိုင်းဒေသကြီး ၇ ခုထဲမှာပါပေမယ့် ရခိုင်မင်းဆက်တွေ ပိုင်ခဲ့တဲ့ နယ်မြေတွေရှိပါတယ်၊ ပြီးတော့ ကရင်လူမျိုးစုတွေကလည်း ဒီမှာနေကြတယ်… အဲ့တော့ နယ်မြေပိုင်းခြားမှုအရဆိုရင် မော်တင်စွန်းနေရာလောက်ထိကို လုပ်သွားဖို့ရှိတယ်၊ ကျန်တဲ့ ပူးပေါင်းအဖွဲ့တွေ ပါဝင်လာပြီ အသင့်ဖြစ်သွားပြီဆိုရင်တော့ ဧရာဝတီက ခဏပါပဲ” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

    စစ်ကောင်စီကင်းစင်တဲ့ အာရက္ခပြည် တည်ထောင်ဖို့ ဦးတည်တိုက်ခိုက်ရာမှာ အရင်ကထက် ပိုများတဲ့ ဖိအားတွေကိုလည်း AA အနေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

    AA တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့ကို အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့၊ မာန်အောင်မြို့တို့သာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

    “ကျန်ရှိနေတဲ့ ၃မြို့နယ်ကလည်း AA အနေနဲ့က ဝိုင်းဖက် ပိတ်ဆို့ထားပြီးသားလို့ ယူဆပါတယ်… သူတို့က ပိုင်မှ ပြောတာ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး၊ သူတို့ အသာစီးရောက်ခါမှ ပြောတာပေါ့နော်.. တချို့နယ်မြေတွေဆိုရင် သိမ်းပြီးသလောက်နီးပါးရှိနေပါပြီ သူတို့ မကြေညာသေးဘူး… သေချာတဲ့ အချိန်ကျရင်တော့ ထုတ်ပြန်လာမှာပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

    ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိတဲ့အနက် ၁၀ ခုကို AA တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်ထားပါတယ်။

    ပုံစာ – ရခိုင်ပြည်နယ် ဂွမြို့ကို အပြီးသတ် သိမ်းပိုက်အပြီး မြင်တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ