Category: News
-

ဂန့်ဂေါမြို့တွင်း စစ်သားများ သွားလာသောနေရာများသို့ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲ
မကွေးတိုင်း ၊ ဂန့်ဂေါမြို့တွင်းသို့ ရှေ့ာတိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သွားလာလေ့ရှိသည့် နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင်ဂန့်ဂေါမြို့ အရှေ့မြောက်ခြမ်းရှိ ခလရ ၅၀တပ်ရင်းသို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ မကျဘဲ ရေပုတ်ရပ်ကွက် အနီးသို့ တစ်လုံး ၊ စစ်သားများ သွားလာလေ့ရှိသည့် သစ်ထုတ်လုပ်ရေးရုံးအနီး လမ်းမပေါ်သို့ တစ်လုံးနှင့် လဝကရုံး အနီးသို့တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရသည်။ “သစ်ထုတ်ရေးနားက လမ်းမပေါ်မှာ တစ်လုံး ၊ လဝကနားမှာ တစ်လုံး ၊ ရေပုတ်နား တစ်လုံး။ အဲ့ဒီ့နေရာတွေမှာ ကွဲတယ်လို့…
-

ပြည်သူများကို ဗုံးကြဲနေသည့် လေတပ်ကို စစ်ခေါင်းဆောင် ချီးကျူးနေ
(ဂျက်ဖိုက်တာများ အပါဝင် လေယာဉ် အစင်း ၃၀ ကိုထုတ်ပြ) လက်ရှိ အချိန်အထိ ရရှိနေသည့် အောင်မြင်မှုရလဒ်ကောင်းများသည် လေတပ်အရာရှိစစ်သည်များ၏ ရဲစွမ်းသတ္တိ ပြည့်ဝမှု၊ တာဝန်ကျေပွန်မှုများကြောင့် ဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူး ဂုဏ်ယူစွာ ပြောဆိုလိုက်သည်။ ရခိုင်ပြည် မြောက်ဦးဆေးရုံကို စုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ပြီးနောက် ၆ ရက်အကြာ နေပြည်တော် လေတပ်စခန်း၌ ပြုလုပ်သော ၇၈ နှစ်မြောက် လေတပ်အခမ်းအနားတွင် ယင်းသို့ ပြောလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် စစ်မှုထမ်းများအနေဖြင့်လည်း လေတပ်ကိုအတုယူပြီး တာဝန်ထမ်းဆောင်ကြရမည့်အပြင် နောင်လာမည့်မျိုးဆက်များကလည်း လေတပ်မတော်၏ စွမ်းဆောင်ရည် မြင့်မားလာအောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဟုလည်း ဆိုထားသည်။ ၎င်းအပြင် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် သင်ခန်းစာယူပြီး ခေတ်မီ အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ်…
-

သူ့အမေပါ အလိုတူ အလိုပါ ဖြစ်နိုင်တယ်
မိန်ခလေးတွေကို အိပ်ဆေးကြွေးပီး မုဒိန်းကျင့်ရာမှာ သူ့အမေပါ အလိုတူ အလိုပါ ဖြစ်နိုင်တယ် ဘာကြောင့်လဲဆို ဖြစ်စဥ်အသေးစိတ်ကို ဖတ်ရှုပါ👇👇 ဖြစ်စဉ် – ပြီးခဲ့တဲ့ (၁၅)ရက်ခန့်က ပုံတွင် ပါရှိသည့် ဓါတိပုံထဲမှ အမည်ရင်း – သျှငိးသန့်သော်ဇင် နေရပ်လိပ်စာ – သုဝဏ္ဏ / ဓနသိဒ္ဓိလမ်း ပေါ်ဆန်းမွှေး ရပ်ကွက်တွင် နေထိုင်သော အဆိုပါ အမျိုးသားသည် နစ်နာသူ အသက် (၂၀) ခန့် မိန်းကလေးငယ်ကို တရားစာအုပ် လက်ဆောင်ပေးချင်လို့ အိမ်နားထွက်ယူပေးပါ ဆိုပြီး လမ်းထိပ်နား စာအုပ်ထွက်ယူစဉ် နစ်နာသူ မိန်းကလေးကို ဝက်ဝံရုပ်ပုံ ပါ ဂျယ်လီခဲ ကျွေး၍ မိန်းကလေး သတိလစ်မျောနေစဉ် ကားပေါ်တွင် သားမယားပြုကျင့်ယုတ်မာခဲ့ပါသည်။ နောက်မှ စုံစမ်းသိရှိရတာက ပုံပါ တရားခံသည်…
-

မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှားနိုင်ငံသားတွေကို ကျားဖြန့်ဂိုဏ်းတွေ ဖမ်းထားတယ်လို့ သံရုံး ယူဆ
မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲ ခံရတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ငွေကြေးလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးမှု၊ အဓမ္မ ခိုင်းစေမှုတွေကို ခံနေရတယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဆိုပါတယ်။ ရုရှားသတင်းဌာန TASSနဲ့ တွေ့ဆုံရာမှာ သံရုံးတာဝန်ရှိသူ တစ်ဦးက လက်ရှိ ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်သွားတယ်လို့ အခိုင်အမာ ယူ ဆရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသားတွေရဲ့ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေဆီက အကူအညီ တောင်းခံမှုတွေကို ရရှိထားကြောင်း၊ အဲဒီကိစ္စတွေကို အာဏာသိမ်း စစ်တပ်ရဲ့ ပြည်ထဲရေး ဝန်ကြီး ဌာနဆီ အကြောင်းကြားထားကြောင်း၊ ရုရှားနိုင်ငံသားတွေကို အမြန်ဆုံး ရှာတွေ့ပြီး ကယ်ထုတ်နိုင်ဖို့အတွက် သံရုံးဟာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနဲ့…
-

နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုက ကျေးရွာတစ်ခုမှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြုကျင့်ခံရသူရဲ့ မိသားစုဝင်တွေစီက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီဝန်းကျင်မှာ လွေးအီ(အမည်လွှဲ)တို့ရဲ့ နေအိမ်မှာ ရပ်ရွာအစည်းအဝေးပြုလုပ်နေစဥ် နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းမှာ အိပ်ပျော်နေတဲ့ လွေးအီကို အောင်ကျိုးဆိုသူက အဓမ္မပြုကျင့်ခဲ့တယ်လို့ လွေးအီရဲ့ မိခင်ဖြစ်သူက ပြောပြပါတယ်။ “ကျမတို့က သိန္နီဘက်မှာနေတာလေ။ သိန္နီမှာ ကျောင်းမဖွင့်တော့ ကျမသမီးတွေ ကျောင်းတက်လို့ရအောင်ဆိုပြီး သူ့အဖိုးတို့စီလာထားတာပေါ့။ အဲနေ့က သူ့အဖိုးရဲ့ အိမ်အောက်ထပ်မှာ အစည်းအဝေးလုပ်ကြတာတဲ့။ သူ့အဖွားက ဟင်းခဏစောအုံးမယ်ဆိုပြီး သူတို့ညီအစ်မနှစ်ယောက်ကို အရင်တက်အိပ်ခိုင်းတာ။ ကလေးတွေက အိပ်ပျော်နေပြီလေ။…