Category: News

  • ပျဥ်းမနားရှိ ရောင်နီဦးရွှေဆိုင် ဓားပြတိုက်ခံရ၊ ရပ်ကွက်က ဝိုင်းဖမ်းသဖြင့် ၂ ဦးမိ

    ပျဥ်းမနားရှိ ရောင်နီဦးရွှေဆိုင် ဓားပြတိုက်ခံရ၊ ရပ်ကွက်က ဝိုင်းဖမ်းသဖြင့် ၂ ဦးမိ

    နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ ချင်းစုရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းမပေါ်က ရောင်နီဦးရွှေဆိုင် နိုဝင်ဘာ ၁၀ ရက် မနက်က ဓားပြတိုက်ခံရပြီး ဓားပြတိုက်သူထဲက ၂ ယောက်ကို ရပ်ကွက်နေသူတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့မနက် ၉ နာရီခွဲက ရောင်နီဦးရွှေဆိုင်မှာ ဆိုင်ရှင်အမျိုးသမီးတယောက်တည်း ရှိနေချိန် Mask တပ်ထားသူ ၃ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကို သေနတ်နဲ့ချိန်ကာ ရွှေထည်ပစ္စည်းတချို့ လုယူသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ဆိုင်ဖွင့်ချိန် လူ ၃ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ပြီး ဝင်လုတာပါ။ ရွှေ ဘယ်လောက်ပါသွားလဲတော့ မသိဘူး။ လုတဲ့သူ ၃ ယောက်ထဲက ၂ ယောက်ကို ကျော်ညီနောင်ဘက်မှာ ရပ်ကွက်နေ ပြည်သူတွေက ဖမ်းမိသွားတယ်။” ဓားပြတိုက်…

  • နှစ်-(၉၀)မှတစ်ခါကြုံတဲ့ ဝိဇ္ဇာမကိန်းကြုံပြီး သိန်းထောင်ချီဝင်မည့်နေ့နံ-၄ခု

    နှစ်-(၉၀)မှတစ်ခါကြုံတဲ့ ဝိဇ္ဇာမကိန်းကြုံပြီး သိန်းထောင်ချီဝင်မည့်နေ့နံ-၄ခု

    နှစ်-(၉၀)မှတစ်ခါကြုံတဲ့ ဝိဇ္ဇာမကိန်းကြုံပြီး သိန်းထောင်ချီဝင်မည့် နေ့နံ-၄ ခု

  • မဟန ဆရာတော်တွေ မထိရဲတဲ့ “ဝစီပိတ်” ဆရာတော် ပွဲကြမ်း

    မဟန ဆရာတော်တွေ မထိရဲတဲ့ “ဝစီပိတ်” ဆရာတော် ပွဲကြမ်း

    မဟန ဆရာတော်တွေ မထိရဲတဲ့ “ဝစီပိတ်” ဆရာတော် ဝိနည်းနဲ့မညီဘူးလို့ ဝေဖန်နေ စစ်ခေါင်းဆောင်တွေ ကိုးကွယ်နေကြတဲ့ ဝဇီပိတ်ဆရာတော်လို့ အများသိကြတဲ့ ဆရာတော် ဘဒ္ဒန္တ ကောဝိဒ ဟာ ဗုဒ္ဓဘာသာသံဃာတော်တွေ လိုက်နာစောင့်ထိန်းရမယ့် ဝိနည်းနဲ့မညီညွတ်တဲ့အတွက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ထိမ်းသိမ်းကြပ်မတ်တာတွေ လုပ်ဆောင်သင့်ပြီလို့ သံဃာထု နဲ့ ဗုဒ္ဓဘာသာဝင်တချို့က ဝေဖန်ထောက်ပြနေကြပါတယ်။ သင်္ကန်းအနက်ရောင်ဝတ်ဆင်ထားသူနဲ့ အနီရောင်‌ဘောင်းဘီ (လူအဝတ်အစား) ဝတ်ဆင်ထားသူတို့ ပူးတွဲရပ်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ လတ်တလော လူမှုကွန်ရက်မှာ ပြည်သူတွေအကြား စိတ်ဝင်စား နေကြသလို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ “သင်္ကန်းအရေခြုံဝတ်ဆင်သူ” လို့ ခေါ်ဆိုသတ်မှတ်နေကြပြီး၊ အခုလိုအပြုအမူနဲ့ ဝတ်စုံပုံစံဟာ ဗုဒ္ဓ ဘာသာသံဃာတော်တွေရဲ့ ဝိနည်းနဲ့မညီညွတ်ဘူးလို့ ဝေဖန်သုံးသပ်နေကြပါတယ်။ ဒါ့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ အဲဒီကိစ္စအပေါ် တိကျသေချာစွာ တုံ့ပြန်မှုမရှိ သေးတာကိုလည်း “ဘာကြောင့် မဟနဆရာတော်တွေ…

  • တက်တူးပြိုင်ပွဲ၌ မဖွယ်မရာ လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီး ပြန်တောင်းပန်နေရ

    တက်တူးပြိုင်ပွဲ၌ မဖွယ်မရာ လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီး ပြန်တောင်းပန်နေရ

    ထိုင်းနိုင်ငံ၊ ဆာရာဘူရီ ခရိုင်၌ နိုဝင်ဘာ ၈ ရက် တက်တူး ပြိုင်ပွဲတခုအတွင်း မမြင်အပ်သည့် အစိတ်အပိုင်း (private parts) ကို လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီးတဦး အများပြည်သူကို တောင်းပန်ချက် ထုတ်ပြန်ခဲ့ရသည်။ ထိုအမျိုးသမီးပြိုင်ပွဲဝင်၏ ဗီဒီယို နိုဝင်ဘာ ၁၀ ရက်၌ ထိုင်းဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ထိုပြိုင်ပွဲဝင်အမျိုးသမီးဖြစ်သူရော၊ ပွဲစီစဉ်သူများပါ အပြင်းအထန် ဝေဖန်ခံနေရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တွင် ပြုလုပ်သည့် နှစ်ရက်တာ ပြိုင်ပွဲသည် တတိယမြောက်နှစ် ပြိုင်ပွဲလည်း ဖြစ်သည်။ ဗီဒီယိုထဲမှ အမျိုးသမီးသည် အမျိုးသမီး တက်တူးပြိုင်ပွဲ၌ ပါဝင်ခဲ့သူ ဖြစ်သည်။ ပျံ့နှံ့ခဲ့သော ဗီဒီယိုထဲတွင် သူသည် ပါဝင်သူများနှင့် အကဲဖြတ်ဒိုင်များ အရှေ့ဘက် စင်ပေါ်၌ ကနေစဉ်…

  • ထိုင်းက ဖမ်းဆီးထားသည့် ရွှေကုက္ကိုမှ လောင်းကစားရုံပိုင်ရှင်ကို တရုတ်ထံ လွှဲအပ်မည်

    ထိုင်းက ဖမ်းဆီးထားသည့် ရွှေကုက္ကိုမှ လောင်းကစားရုံပိုင်ရှင်ကို တရုတ်ထံ လွှဲအပ်မည် တရုတ်နိုင်ငံသား လောင်းကစားရုံပိုင်ရှင်အား တရုတ်နိုင်ငံထံ လွှဲအပ်ရေးကိစ္စနှင့်ပတ်သက်၍ သုံးနှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ပြီးနောက် တရားခံလွှဲပြောင်းရေးအမိန့်ကို ထိုင်းတရားရုံးတခုက အတည်ပြုခဲ့ကြောင်း ထိုင်းအစိုးရရှေ့နေက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အသက် ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား ရှဲကျိကျန်းကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ဖမ်းဆီးခဲ့သည်။ ရှဲကျိကျန်းသည် တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများ လုပ်ကိုင်နေကြောင်း တရုတ်နိုင်ငံက စွပ်စွဲခဲ့ပြီး အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ပေးရန် နိုင်ငံတကာရဲတပ်ဖွဲ့ထံ တောင်းဆိုခဲ့ရာ နိုင်ငံတကာဖမ်းဝရမ်းဖြင့် ၎င်းကို ဖမ်ဆီးခဲ့ခြင်း ဖြစ်သည်။ ရှဲကျိကျန်းအား တရုတ်နိုင်ငံသို့ လွှဲအပ်ရန် ထိုင်းရာဇဝတ်တရားရုံးက ၂၀၂၄…